[mrsorcerer:37581] Fwd: [လူဗိုလ်ဟူသည် ...] လက်ပန်းတောင်းတောင် အစီရင်ခံစာအပေါ် ကိုမင်းကိုနိုင်ရဲ့ သုံးသပ်ချက်များ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/15
Subject: [လူဗိုလ်ဟူသည် ...] လက်ပန်းတောင်းတောင် အစီရင်ခံစာအပေါ် ကိုမင်းကိုနိုင်ရဲ့ သုံးသပ်ချက်များ
To: lubo601@gmail.com


Nyo Htet and Bo Han shared အဂ္ဂမဟာ သီရိသုဓမ္မ ပုံပျက် ခင်စိန်'s photo.
လက်ပန်းတောင်းတောင် အစီရင်ခံစာအပေါ် ကိုမင်းကိုနိုင်ရဲ့ သုံးသပ်ချက်များ  ===============================    ဒါကအစီရင်ခံစာပါ၊ အစိုးရ အမိန့်လဲ မဟုတ်ဘူး၊ ဆုံးဖြတ်ချက်လဲ မဟုတ်ဘူး။ ဒီအစီရင်ခံစာပေါ်မှာ မူတည်ပြီး ရှေ့ဆက်ရမှာပါ။ နောက်တစ်ခုက ဒေသခံပြည်သူတွေရော၊ ဒီစီမံကိန်းနဲ့ပက်သက်ပြီး စိုးရိမ်ကြောင့်ကြရှိသူတွေ စိတ်ဝင်စားတဲ့သူ တွေရဲ့အသံတွေကိုလဲ ဆက်ပြီးနားထောင်သင့်ပါတယ်။ အဲ့ဒါတွေကို သိုင်းပြီး ခြုံပြီးတော့မှ ရှေ့ဆက်ရပါမယ်။ ဒီအစီရင်ခံစာဟာ နောက်ဆုံး ဆုံးဖြတ်ချက်လဲ မဟုတ်ဘူး။ အမိန့်လဲ မဟုတ်ဘူး၊ ပြုလွယ် ပြင်လွယ်ရှိပါသေးတယ်လို့ နားလည်ပါတယ်။    စာချုပ်တွေ ပြန်လည်ပြင်ဆင်စရာရှိတယ်ဆိုတာ ထောက်ပြထားတာဟာ ဒီအစီရင်ခံစာရဲ့ အားသာတဲ့အချက်တွေပေါ့။ အားနဲချက်အနေနဲ့ အကျိုးအမြတ်ခွဲဝေတဲ့နေရာမှာ အမြတ်ရတယ်ဆိုတာ ဘယ်လောက်လဲ မပါဘူး။ လုပ်ခွင့်တွေကို တိတိကျကျမရပဲ လုပ်နေတာ တွေ့ရတယ်။ အဲ့ဒါကတော့ ဒီအစီရင်ခံစာရဲ့ အားနဲချက်တွေပေါ့။    ကျနော့သဘောက ဒေသခံပြည်သူတွေရော၊ ဒီကိစ္စဟာ ငါတို့နဲ့သက်ဆိုင်တယ်လို့ တွေးထားတဲ့ ပုဂ္ဂိုလ်တွေ၊ တခြားစိတ်ဝင်စားတဲ့သူတွေ အကုန်လုံးဟာ မိမိတို့ရဲ့ သဘောထားတွေကို အေးချမ်းစွာ ဖော်ထုတ်ခွင့် ရှိကိုရှိရပါလိမ့်မယ်။ သက်ဆိုင်ရာကလဲ ခွင့်ကိုပြုရပါလိမ့်မယ်။ အဲ့ဒါမှ ပြည်သူတွေရဲ့လိုအပ်ချက် ဘယ်လောက်ရှိတယ်၊ တကယ့်အကျိုးစီးပွါး ဘယ်လောက်ရှိတယ်ဆိုတာ ခွဲခြားရမှာပေါ့။ အခုက ကိန်းဂဏန်းအရေအတွက် ပမာဏ ဘယ်လောက်ရှိမှန်းမသိ။ ဒေသခံတွေတင်ပြတဲ့ သူတို့နစ်နာချက်တွေကလဲ ကျနော်တို့ စဉ်းစားရမယ့် အချက်တွေပေါ့။ ဒီအစီရင်ခံစာဟာ ဒီထက်ပိုပြီး ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်နေပါသေးတယ်။ အကျိုးအမြတ်ခွဲဝေမှုမှာ တိတိကျကျသိဖို့လိုပါတယ်။    ဒီဟာက အစီရင်ခံစာပဲဖြစ်လို့ ကျနော်တို့က တစ်ခုလုံးကို ထောက်ခံတယ် ကန့်ကွက်တယ်လို့ ပြောစရာလဲ မရှိဘူး၊ အားနဲချက် အားသာချက်တွေကို ထောက်ပြမယ်၊ ပြီးတော့ ဒေသခံပြည်သူတွေနဲ့ ညှိကိုညှိရမယ်ဗျ။    ဒီမိုကရေစီရေး ကျိုးစားခဲ့ကြတဲ့ ရဲဘော် ရဲဘက်တွေအချင်းချင်း စိတ်ဝမ်းကွဲပြားမှုမဖြစ်စေချင်ပါဘူး။    အစိုးရကချည်း တစ်ဖက်သက်ဆောင်ရွက်တာမျိုးတော့ ကျနော်တို့က သဘောမကျဘူးဗျ။ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အမြဲတမ်းပါသင့်တယ်။ ပြည်သူတွေမပူးပေါင်းဘူး ပြည်သူတွေသဘောမတူဘူးဆိုရင် ကြက်ဆူပင်တောင် တစ်ပင်မှ စိုက်လို့မရဘူး။ အဲ့ဒါကို နမူနာယူကြဖို့ လိုတယ်။    ကျတော်တို့တွေ့ခဲ့ရတာတော့ အရေပြားတွေပါမီးဆွဲလောင်သွားတယ်ဆိုတော့ အခေါ်အဝေါ်အားဖြင့်တော့ မီးလောင်ဗုံးပဲပေါ့ဗျာ။ သက်ရောက်မှုက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတဲ့ ရဟန်းရှင်လူတွေအပေါ်မှာ မီးစွဲလောင်တဲ့အထိဖြစ်သွားတော့ အဲ့ဒီအပေါ်မှာ တာဝန်ယူမှုတော့ ရှိရလိမ့်မယ်။ လက်စားခြေလိုတဲ့စိတ်နဲ့ ပြောတာ မဟုတ်ဘူးဗျ။ ဘယ်အလုပ်မဆို တာဝန်ယူမှုရှိရလိမ့်မယ်။ အဲ့ဒီအပေါ်မှာ ထိုက်လျောက်တဲ့ အရေယူဆောင်ရွက်မှုရှိဖို့ လိုပါတယ်။ မဟုတ်ရင် နောင်တစ်ချိန်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူတွေကို မီးခိုးဗုံးပဲခေါ်ခေါ်၊ မီးလောင်ဗုံးပဲ ခေါ်ခေါ်၊ ပစ်လိုက်ရင် လူကိုပါမီးလောင်တတ်တဲ့အရာတွေနဲ့ ဖြိုခွင်းမယ်ဆို ဘယ်လို လုပ်မလဲ။    ********************************************  လွတ်လပ်သော အာရှအသံနှင့် ယနေ့ (သောကြာနေ့) [၁၅ရက် ၃လ ၂၀၁၃] မေးမြန်းခန်းမှ အဖြေစကားများအပေါ် ကိုးကားပါသည်။  Source>> https://soundcloud.com/burmeserfa/lapadaung-report-interview-min
 
 ဒါကအစီရင်ခံစာပါ၊ အစိုးရ အမိန့်လဲ မဟုတ်ဘူး၊ ဆုံးဖြတ်ချက်လဲ မဟုတ်ဘူး။ ဒီအစီရင်ခံစာပေါ်မှာ မူတည်ပြီး ရှေ့ဆက်ရမှာပါ။ နောက်တစ်ခုက ဒေသခံပြည်သူတွေရော၊ ဒီစီမံကိန်းနဲ့ပက်သက်ပြီး စိုးရိမ်ကြောင့်ကြရှိသူတွေ စိတ်ဝင်စားတဲ့သူ တွေရဲ့အသံတွေကိုလဲ ဆက်ပြီးနားထောင်သင့်ပါတယ်။ အဲ့ဒါတွေကို သိုင်းပြီး ခြုံပြီးတော့မှ ရှေ့ဆက်ရပါမယ်။ ဒီအစီရင်ခံစာဟာ နောက်ဆုံး ဆုံးဖြတ်ချက်လဲ မဟုတ်ဘူး။ အမိန့်လဲ မဟုတ်ဘူး၊ ပြုလွယ် ပြင်လွယ်ရှိပါသေးတယ်လို့ နားလည်ပါတယ်။

စာချုပ်တွေ ပြန်လည်ပြင်ဆင်စရာရှိတယ်ဆိုတာ ထောက်ပြထားတာဟာ ဒီအစီရင်ခံစာရဲ့ အားသာတဲ့အချက်တွေပေါ့။ အားနဲချက်အနေနဲ့ အကျိုးအမြတ်ခွဲဝေတဲ့နေရာမှာ အမြတ်ရတယ်ဆိုတာ ဘယ်လောက်လဲ မပါဘူး။ လုပ်ခွင့်တွေကို တိတိကျကျမရပဲ လုပ်နေတာ တွေ့ရတယ်။ အဲ့ဒါကတော့ ဒီအစီရင်ခံစာရဲ့ အားနဲချက်တွေပေါ့။

ကျနော့သဘောက ဒေသခံပြည်သူတွေရော၊ ဒီကိစ္စဟာ ငါတို့နဲ့သက်ဆိုင်တယ်လို့ တွေးထားတဲ့ ပုဂ္ဂိုလ်တွေ၊ တခြားစိတ်ဝင်စားတဲ့သူတွေ အကုန်လုံးဟာ မိမိတို့ရဲ့ သဘောထားတွေကို အေးချမ်းစွာ ဖော်ထုတ်ခွင့် ရှိကိုရှိရပါလိမ့်မယ်။ သက်ဆိုင်ရာကလဲ ခွင့်ကိုပြုရပါလိမ့်မယ်။ အဲ့ဒါမှ ပြည်သူတွေရဲ့လိုအပ်ချက် ဘယ်လောက်ရှိတယ်၊ တကယ့်အကျိုးစီးပွါး ဘယ်လောက်ရှိတယ်ဆိုတာ ခွဲခြားရမှာပေါ့။ အခုက ကိန်းဂဏန်းအရေအတွက် ပမာဏ ဘယ်လောက်ရှိမှန်းမသိ။ ဒေသခံတွေတင်ပြတဲ့ သူတို့နစ်နာချက်တွေကလဲ ကျနော်တို့ စဉ်းစားရမယ့် အချက်တွေပေါ့။ ဒီအစီရင်ခံစာဟာ ဒီထက်ပိုပြီး ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်နေပါသေးတယ်။ အကျိုးအမြတ်ခွဲဝေမှုမှာ တိတိကျကျသိဖို့လိုပါတယ်။

ဒီဟာက အစီရင်ခံစာပဲဖြစ်လို့ ကျနော်တို့က တစ်ခုလုံးကို ထောက်ခံတယ် ကန့်ကွက်တယ်လို့ ပြောစရာလဲ မရှိဘူး၊ အားနဲချက် အားသာချက်တွေကို ထောက်ပြမယ်၊ ပြီးတော့ ဒေသခံပြည်သူတွေနဲ့ ညှိကိုညှိရမယ်ဗျ။

ဒီမိုကရေစီရေး ကျိုးစားခဲ့ကြတဲ့ ရဲဘော် ရဲဘက်တွေအချင်းချင်း စိတ်ဝမ်းကွဲပြားမှုမဖြစ်စေချင်ပါဘူး။

အစိုးရကချည်း တစ်ဖက်သက်ဆောင်ရွက်တာမျိုးတော့ ကျနော်တို့က သဘောမကျဘူးဗျ။ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အမြဲတမ်းပါသင့်တယ်။ ပြည်သူတွေမပူးပေါင်းဘူး ပြည်သူတွေသဘောမတူဘူးဆိုရင် ကြက်ဆူပင်တောင် တစ်ပင်မှ စိုက်လို့မရဘူး။ အဲ့ဒါကို နမူနာယူကြဖို့ လိုတယ်။

ကျတော်တို့တွေ့ခဲ့ရတာတော့ အရေပြားတွေပါမီးဆွဲလောင်သွားတယ်ဆိုတော့ အခေါ်အဝေါ်အားဖြင့်တော့ မီးလောင်ဗုံးပဲပေါ့ဗျာ။ သက်ရောက်မှုက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတဲ့ ရဟန်းရှင်လူတွေအပေါ်မှာ မီးစွဲလောင်တဲ့အထိဖြစ်သွားတော့ အဲ့ဒီအပေါ်မှာ တာဝန်ယူမှုတော့ ရှိရလိမ့်မယ်။ လက်စားခြေလိုတဲ့စိတ်နဲ့ ပြောတာ မဟုတ်ဘူးဗျ။ ဘယ်အလုပ်မဆို တာဝန်ယူမှုရှိရလိမ့်မယ်။ အဲ့ဒီအပေါ်မှာ ထိုက်လျောက်တဲ့ အရေယူဆောင်ရွက်မှုရှိဖို့ လိုပါတယ်။ မဟုတ်ရင် နောင်တစ်ချိန်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူတွေကို မီးခိုးဗုံးပဲခေါ်ခေါ်၊ မီးလောင်ဗုံးပဲ ခေါ်ခေါ်၊ ပစ်လိုက်ရင် လူကိုပါမီးလောင်တတ်တဲ့အရာတွေနဲ့ ဖြိုခွင်းမယ်ဆို ဘယ်လို လုပ်မလဲ။

********************************************
လွတ်လပ်သော အာရှအသံနှင့် ယနေ့ (သောကြာနေ့) [၁၅ရက် ၃လ ၂၀၁၃] မေးမြန်းခန်းမှ အဖြေစကားများအပေါ် ကိုးကားပါသည်။
Source>> https://soundcloud.com/burmeserfa/lapadaung-report-interview-min


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/16/2013 06:13:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.