---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/16
Subject: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (16-3)
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/17/2013 12:10:00 AM
From: Blogger <no-reply@blogger.com>
Date: 2013/3/16
Subject: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (16-3)
To: lubo601@gmail.com
သစ်ထူးလွင် |
- ပုဏ္ဍားကျွန်းမြို့ အထက်တန်းကျောင်း ဆယ်တန်းစာမေးပွဲ အတွင်း မီးလောင်
- တိုက်ပွဲဆက်မလုပ်တော့ဟု SSPP အား ရမခ တိုင်းမှူးခေါ်ပြော
- မြစ်ကြီးနားတွင် ၁၅.၃၅၁ဧက ကျယ်သော ကျောက်ဝိုင်း ဖွင့်လှစ်မည်
- ဒေါ်စု ကို ၀ိုင်း ရန်တွေ့ကြတဲ့ ကိစ္စ စိတ်ဆင်းရဲ စရာကောင်းတယ်လို့ သီတဂူဆရာတော် မိန့် ကြား
- နှစ်ပေါင်း ၂၀၀ ကျော်က ညောင်ပင်ကြီး ခုတ်လှဲခံရမည့်အန္တရာယ် ရင်ဆိုင်နေရ
- ပြည်တွင်းပြည်ပ ပုဂ္ဂလိက ကုမ္ပဏီနှစ်ခုအား မိုဘိုင်း အော်ပရေတာ အဖြစ် လုပ်ကိုင်ခွင့်ပြုမည်
- လက်ပံတောင်း အစီရင်ခံစာက ပြောသောစကား
- မတ်လ(၁၈)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.11
- မတ်လ ၁၄ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ် အတွဲ ၉ အမှတ် ၁၁
- အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Rick Barton မြန်မာနိုင်ငံသွား
- လက်ပံတောင်းအစီရင်ခံစာအား ထောက်ခံကြောင်း မြောက်ဥက္ကလာပ NLD မှ သဘောထား ထုတ်ပြန်
- ဝန်ထမ်းတွေ လစာ ကျပ်နှစ်သောင်းစီ တိုးမယ်လို့ဆို
- တရားမဝင် ဝင်ရောက်လာသည့် အီရန်နိုင်ငံသား ၁ ဦးအား ဖမ်းဆီးရမိ
- ပုပ်ရဟန်းမင်းကြီး စွပ်စွဲမှု နဲ့ ကြုံနေ
- ဒုံးခွင်းတိုက်လေယာဉ် ၁၄စင်း အမေရိကန် တိုးမြှင့်ချထားမယ်
- မဟာမြတ်မုနိ ဘုရားကြီးမှာ အုပ်စုဖွဲ့ ရိုက်နှက်မှုဖြစ်ပွား
- အဆိုတော်လင်းလင်းမှ ရင်ဖွင့်သံ
- ကြေးနီတောင် ဒေသခံတွေကို လျော်ကြေးငွေပေးဖို့ ပြင်ဆင်
- သာဂရမြို့ဟောင်းနဲ့  ထားဝယ် ရေနက်ဆိပ်ကမ်း (ရုပ်/သံ)
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မုံရွာ သတင်းစာရှင်လင်းပွဲ (ရုပ်/သံ)
- လက်ပံတောင် အစီရင်ခံစာ လွှတ်တော်အမတ်တွေ ထောက်ခံ (ရုပ်/သံ)
- မြန်မာနဲ့ နယူးဇီလန် စီးပွားရေး၊ ပညာရေး ပူးပေါင်း ဆောင်ရွက်မယ်
- ၀န်ထမ်းလစာများ ကျပ်နှစ်သောင်းတိုးရန် ပြည်ထောင်စုလွှတ်တော်တွင် တင်ပြ
- မစိုးရိမ်တိုက်သစ် ဆရာတော်ရဲ့ အန္တိမ အဂ္ဂိဈာပန ပူဇော်ပွဲကို မတ်လ ၂၈ ရက်နေ့မှာ ကျင်းပမည်
- ဖားကန့်ဒေသမှကျောက်စိမ်းများ တရုတ်နိုင်ငံဖက်သို့ မှောင်ခိုခိုးထုတ်နေ
| Posted: 16 Mar 2013 06:43 AM PDT ပုဏ္ဍားကျွန်းမြို့ အထက်ကျောင်းတွင် ယနေ့ နံနက်က မီးလောင်မှု ဖြစ်ပွား ခဲ့သည်ဟု သတင်း ရရှိသည်။ မီးမှာ ယနေ့ နံနက် အစောပိုင်း ညဥ့် ၂ နာရီခွဲခန့်တွင် စတင် လောင်ကျွမ်းခြင်း ဖြစ်ပြီး မီးလောင်မူကြောင့် စာသင်ခန်း ၃ ခန်း ပျက်စီး သွားခဲ့သည်ဟု ဆိုသည်။ မီးလောင်မှု ဖြစ်ပွားပုံနှင့် ပတ်သတ် ပြီး ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| Posted: 16 Mar 2013 06:30 AM PDT ၂ ရက်တာ တိုက်ပွဲခေတ္တ ငြိမ်သက်သွားချိန်တွင် ရမခ တိုင်းမှူးက သျှမ်းပြည်တပ်မတော်၏ လားရှိုးရုံးထိုင်အား လွတ်လပ် စွာ လှုပ်ရှား သွားလာနိုင်ပြီ ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်မှ လိုက်လံ နှောင့်ယှက် ပစ်ခတ်ခြင်း ပြုလုပ်မည် မဟုတ်တော့ ကြောင်း ပြောကြားသည်ဟု SSPP/SSA ကပြောပါသည်။ "မနေ့က မနက် ၉ နာရီမှာ ရမခ တိုင်းမှူး ဗိုလ်ချုပ်အောင်စိုးက ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| Posted: 16 Mar 2013 05:39 AM PDT မြစ်ကြီးနားမြို့ တွင် ၁၅.၃၅၁ ဧက ကျယ်ဝန်းသော ကျောက်ဝိုင်း ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပြီး အောက်တို ဘာလခန့် တွင် ဖွင့်လှစ်နိုင်ရန် စီစဉ် လျက်ရှိကြောင်း မြစ်ကြီးနားမြို့ ကျောက်မျက်လုပ်ငန်းရှင်များ အသင်း အထွေထွေ အတွင်းရေးမှူး (၂) ဦးသောင်းကြည်က ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| Posted: 16 Mar 2013 05:18 AM PDT တိုင်းပြည်အတွက် ဒီလောက် စွန့်လွှတ်တဲ့ လူတယောက်ကို ၀ိုင်း ရန်တွေ့ကြတဲ့ ကိစ္စဟာ အင်မတန် စိတ် ဆင်းရဲစရာ ကောင်းတယ်။ လက်ပံတောင်း ဒေသခံတွေ အပါအ၀င် တတိုင်းပြည်လုံးက တိုင်းရင်း သား ပြည်သူတွေ အားလုံးဟာ တယောက်နဲ့ တယောက် ခွင့်လွှတ်ရမယ်၊ သီးခံရမယ်၊ ပြီးတော့ အနဲငယ်မျှသော အကျိုးအမြတ်ကို စွန့်လွှတ်မှ ကြီးကျယ်တဲ့ အကျိုးအမြတ်ကို ရရှိနိုင်မှာ ဖြစ်တယ်လို့ သီတဂူဆရာတော် အရှင်ဥာဏိသရက မိန့်ကြားပါတယ်။ မတ်လ ၁၆ရက်က ဒီဗွီဘီက တယ်လီဖုန်းနဲ့ မေးမြန်းလျှောက်ထားရာမှာ ဆရာတော်က အခုလို မိန့်ကြား လိုက်တာ ဖြစ်ပါတယ်။ အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ | ||||
| Posted: 16 Mar 2013 05:10 AM PDT ဧရာဝတီတိုင်း ဒေသကြီး ကျုံပျော်မြို့နယ် ပင်လုံလေးခဲဘောင် ရပ်ကွက်မှ သက်တမ်း နှစ် ၂၀၀ ကျော် ရှိသည့် ဧရာမ ညောင်ပင်ကြီးအား စီးပွားရေး လုပ်ငန်းရှင်များက ခုတ်လှဲရန် ကြိုးပမ်းနေသည့် အတွက် ဒေသခံများက ၀ိုင်းဝန်း ကန့်ကွက်နေကြောင်း သတင်းရရှိသည်။ ပင်စည်လုံးပတ် ၄၂ ပေ ၆ လက္မရှိသည့် ဧရာမ ညောင်ပင်ကြီးအား --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| Posted: 16 Mar 2013 04:24 AM PDT ယခုဘဏ္ဍာနှစ် အတွက် မိုဘိုင်း အော်ပရေတာ အဖြစ် ပြည်တွင်းပြည်ပ ပုဂ္ဂလိကက ကုမ္ပဏီနှစ်ခုအား လုပ် ကို င်ခွင့်ပြုသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာနမှ သိရသည်။ ယင်းသို့ ဆက်သွယ်ရေး အော်ပရေတာ အဖြစ် လုပ်ကိုင်ခွင့် ပြုနိုင်ရန်အတွက် ပြည်တွင်း ပြည်ပ ကုမ္ပဏီများအား --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| Posted: 16 Mar 2013 04:52 AM PDT မြန်မာ့ခေတ်သစ် သမိုင်းတွင် မှတ်တိုင်ဖြစ်သော လက်ပံတောင်းတောင် အစီရင်ခံစာတွင် မြင်မိသော အချက်အလက်အချို့ကို ဆွဲထုတ် ကြည့်မိသည်။ စာချုပ်ပြန်ပြင်ချုပ် စီမံကိန်းကိုရပ်၊ ယခုပုံစံအတိုင်း ဆက်လုပ်နှင့် ပုံစံပြောင်း လုပ်ဟု ရွေးချယ်စရာ နည်းလမ်းသုံးလမ်း ရှိသည့်အနက် တတိယ နည်းလမ်းကို ရွေးချယ်လိုက်သည်။ စီမံကိန်းသည် စီးပွားရေးအရ တွက်ခြေကိုက်သည်။ သို့သော် သဘာဝပတ်ဝန်းကျင်၊ လူမှုရေး စသည်တို့ကို တွက်ချက်မှု အားနည်းသည်။ တိုတိုပြောရလျှင် စာချုပ်ကို စိတ်ကြိုက်ပြန်ပြင်ချုပ်။ စည်းမျဉ်းစည်းကမ်း ဘောင်သွင်းခြင်း မြန်မာနိုင်ငံသည် သဘာဝသယံဇာတ ကြွယ်ဝသော နိုင်ငံဖြစ်သလို အခြားသောစီးပွားရေး ကဏ္ဍများ မဖွံ့ဖြိုးသေးသည့် အဆင်းရဲဆုံး တစ်နိုင်ငံဖြစ်သည်။ ထို့ကြောင့် သဘာဝအရင်းအမြစ်ကို အခြေခံ စီးပွား ရှာကြလိမ့်ဦးမည်။ ထိုသို့လုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ မဆောင်ရွက်နိုင်လျှင် အငြင်းအခုံများ ပေါ်ပေါက်လာ နိုင်သည်။ ထိုအငြင်းအခုံများကို ဖြစ်သောအခါမှ တစ်ခုချင်းစီ ကော်မရှင်ဖွဲ့နေလျှင် အချိန်ကုန် လူပန်းလှသည်။ ထို့ကြောင့် စည်းမျဉ်း စည်းကမ်း ဘောင်သွင်းခြင်း Institutionalization လုပ်ထားနိုင်မှ အရင်းအမြစ်ပဋိပက္ခကို မရှောင်ရှားနိုင် သည့်တိုင် စနစ်တကျ ဖြေလျှော့နိုင်သည်။ ယခုအစီရင်ခံစာ၏ စဉ်းစားပုံမျိုးကို Institutionalization ပြုလုပ်လိုက်လျှင် သဘာဝရင်းမြစ်နှင့် ပတ်သက်သည်များ၊ စီမံကိန်း များကို စဉ်းစားရာတွင် ယခင်ထက် ပိုမိုလွယ်ကူ မြန်ဆန်သွားမည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု မြန်မာနိုင်ငံ ဖွံ့ဖြိုးအောင်လုပ်ရန် ပြည်တွင်းအားနှင့် မဖြစ်နိုင်ကြောင်း အားလုံးသိပြီး ဖြစ်သဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များကို ဖိတ်ခေါ်နေရသည်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများသည် ညွန်ထဲသို့ မဆင်းမီ ခြေတစ်လှမ်း အရင်ဆင်းရသည် ဆိုသည့်အတိုင်း မြန်မာနိုင်ငံတွင်း ခြေစုံပစ်မဝင်မီ လေ့လာ အကဲခတ်နေကြဆဲ။ အထူးသဖြင့် ပြည်သူပိုင်သိမ်းသည့် ဓလေ့ရှိခဲ့သည့်၊ ဆုံးဖြတ်ချက်များကို ဘွာခတ် လေ့ရှိသည့် နိုင်ငံတွင် ယင်းတို့၏ လုပ်ငန်းများကို လာရောက်တိုးချဲ့ သင့် မသင့် စဉ်းစားရာတွင် စီးပွားရေးအကျိုးအမြတ် ရှိ မရှိ (Profit) ရော၊ နိုင်ငံရေးအရ ရပ်သွားနိုင်ခြင်းရှိ မရှိ (Political Risk) ကိုပါ အလေးပေး စဉ်းစားနေကြသည်။ လက်ပံတောင်းတောင် ကိစ္စကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ မျက်စိဒေါက်ထောက် ကြည့်နေကြချိန်တွင် အစီရင်ခံစာက "ဆိုခဲစေ၊ မြဲစေ" ဟု သက်သေပြလိုက်သည်။ ကြိုတင်စည်းမျဉ်း နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ စိတ်ချလက်ချလာပါဟု အစီရင်ခံစာက အချက်ပြလိုက်သော်လည်း မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သောကြောင့် မသိနားမလည်ဘဲ လာသမျှခွင့်ပြု၊ သဘာဝ ပတ်ဝန်းကျင် အထိခိုက်ခံမည်၊ လူမှုပတ်ဝန်းကျင် အထိခိုက်ခံမည် မဟုတ် (အရပ်စကားဖြင့် အချဉ်မဟုတ်) ဟု ကြေညာလိုက်ရာ ရောက်သည်။ ဝင်လာသမျှသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တို့သည် Environmental Impact Assessment (သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်ခြေ လေ့လာဆန်းစစ်ချက်)၊ Social Impact Assessment (လူမှုရေး ထိခိုက်နိုင်ခြေ လေ့လာဆန်းစစ်ချက်)၊ Corporate Social Responsibility (စီးပွားရေးလုပ်ငန်းများ၏ လူမှုရေး တာဝန်ရှိမှု) စသည်တို့အတိုင်း ဆောင်ရွက်နိုင်ရမည်။ အသွင်ကူးပြောင်း ဒေါ်အောင်ဆန်းစုကြည်အား ဆန့်ကျင်ဆန္ဒပြသည်မှာ ပထမဆုံး အကြိမ်ဟုဆိုကြသည့် ဆန္ဒပြပွဲကြောင့် လူအများ အံ့အားသင့်ခဲ့ကြပြီး ယူကျုံးမရ ဖြစ်သူများလည်း အများအပြားရှိသည်။ အမှန်မှာ မည်မျှ ထင်ရှားကျော်ကြား လူချစ်လူခင် များသောသူဖြစ်စေ မူဝါဒချမှတ်သူ နေရာသို့ ရောက်လာပါက အားလုံး၏ အချစ်ခံရသောသူ မည်သို့မျှ မဖြစ်နိုင်။ အဘယ်ကြောင့်ဆိုသော် သူချမှတ်သော မူဝါဒသည် အကောင်းဆုံးမူဝါဒ ဖြစ်ပါစေဦး မကျေနပ်သူများ ရှိစမြဲ။ ဒေါ်အောင်ဆန်းစုကြည် သည်လည်း သာမန်လူသားသာဖြစ်ရာ လွှတ်တော်တွင်း ဝင်ပြီး မူဝါဒချမှတ်သူ အဖြစ်သို့ ကူးပြောင်းသည်နှင့် တစ်ကွေ့မဟုတ် တစ်ကွေ့တွင် သူ့အား ပေါ်ပေါ်ထင်ထင် ဆန့်ကျင် မှုများ တွေ့ရမည်မှာ မလွဲဧကန်။ ထိုတစ်ကွေ့သည် လက်ပံတောင်း တောင် အစီရင်ခံစာ ဖြစ်လာခဲ့ခြင်းသာ။ မည်မျှ ထင်ရှားကျော်ကြား လူချစ်လူခင် များသောသူဖြစ်စေ မူဝါဒချမှတ်သူ နေရာသို့ ရောက်လာပါက အားလုံး၏ အချစ်ခံရသောသူ မည်သို့မျှ မဖြစ်နိုင် ... 'If you cannot stand the heat, don't go into the kitchen' "မီးပူမခံချင်ရင် မီးဖိုဆောင်ထဲ မသွားနဲ့" ဟူသော စကားတစ်ရပ် ရှိသည်။ နိုင်ငံ့အရေး လုပ်မှတော့ လူမုန်းခံရ အတိုက်ခိုက် ခံရမှာပဲဟု ဆိုလိုရင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ လက်ပံတောင်းတောင် ခရီးစဉ်တွင်း ဓာတ်ပုံများကို မြင်ရသည်မှာ အထက်ပါ သဘောတရားကို ကောင်းစွာ နှလုံးသွင်းထားပုံရပြီး မိမိကို ခါးခါးသီးသီး ဆန္ဒပြသူများကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ခဲ့သည်။ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်နှင့် နိုင်ငံရေးသမား 'A politician thinks of the next election. A statesman thinks of the next generation' "နိုင်ငံရေးသမားသည် လာမည့်ရွေးကောက်ပွဲကို စဉ်းစားသည်။ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်သည် လာမည့်မျိုးဆက်ကို စဉ်းစားသည်။" ဟူသော နာမည်ကျော် စကားတစ်ခွန်းရှိသည်။ နိုင်ငံရေးသမားသည် လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရေးအတွက် မဲပေးမည့်သူ မကြိုက် မည့်ကိစ္စများကို ရှောင်သည်။ မဲပေးမည့်သူ ကြိုက်မည့်အရာများ ကိုသာ ထောက်ခံသည်။ မဲပေးမည့်သူ အကြိုက်သည် သူ့အကြိုက်နှင့် မတူ၊ တိုင်းပြည်အကျိုးနှင့် မတူလျှင်လည်း ထုတ်မပြော၊ မဆောင်ရွက်။ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်မှာမူ လာမည့်ရွေးကောက်ပွဲထက် တိုင်းပြည်၏ ရေရှည်အကျိုး သို့မဟုတ် လာမည့်မျိုးဆက်ကို အလေးထားသည်ဟု ဆိုလိုရင်းဖြစ်သည်။ လက်ပံတောင်းတောင် ကိစ္စတွင်လည်း ၂၀၁၅ ရွေးကောက်ပွဲ အတွက် ထိခိုက်နိုင်သည်ဟု မြင်ကြသည်များ ရှိသည်။ အမှန်မှာ လက်ပံတောင်းကိစ္စသာ မရှင်းနိုင်လျှင် ၂၀၁၅ ပင် ရောက်ချင်မှ ရောက်မည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် တာဝန် ဝင်ယူလိုက်ခြင်း ဖြစ်ပုံရသည်။ ၂၀၁၅သည် သူ့အတွက် အရေးကြီးသော်လည်း လက်ပံတောင်းကိစ္စသည် တိုင်းပြည်အတွက် အရေးကြီးသောကြောင့် ဝင်ထမ်းလိုက်ခြင်း ဖြစ်ပုံရသည်။ လက်ပံတောင်းတောင် ကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် ထီးလို မင်းလို ဖြစ်နိုင်သူ ဒေါ်အောင်ဆန်းစုကြည်မှ တစ်ပါး အခြားသူ မမြင်မိပါ။ လက်ပံတောင်းတောင် ကော်မရှင်သည် ဗြဟ္မာ့ဦးခေါင်းနှင့် တူသောကြောင့် တိုင်းပြည်၏ အခြားအရေးများတွင် ပါဝင်သည့် အခြားသော နိုင်ငံရေးသမားများက ခပ်ဝေးဝေးမှ နေကြသည့်တိုင် ဒေါ်အောင်ဆန်းစုကြည်သည် ရဲရဲဝံ့ဝံ့ ဝင်ပါခဲ့သည်မှာ သူ၏မိမိကိုယ်ကို ယုံကြည်မှုနှင့် တိုင်းပြည်အရေး ဦးထိပ်ထားမှုတို့ကို ပြသနေသည်။ မုန်းတီးသူကို ဆန့်ကျင်ရသည်မှာ လွယ်သော်လည်း ချစ်သူကို ဆန့်ကျင်ရသည်မှာ ခက်ခဲသည်။ လူထုအားဖြင့် တက်လာသူ အဖို့ လူထုထဲမှ အချို့မကြိုက်သည်ကို ပြောရန်၊ လုပ်ရန်မှာ သာမန်သတ္တိ ဖြင့် မဖြစ်နိုင်။ ကော်မရှင်တွင် ပါဝင်သောကြောင့် ဒေါ်အောင်ဆန်းစုကြည် အသုံးချ ခံရသည်ဟု ထင်မြင်သူများလည်း ရှိသည်။ သို့သော် ကော်မရှင် ၏ အစီရင်ခံစာ အတိုင်း နာခံပါမည်ဟု မည်သည့်ရလဒ်မျှ မထွက်သေးမီ ကတည်းက အစိုးရက အာမခံခဲ့သောကြောင့် ဒေါ်အောင်ဆန်းစုကြည် သည် အမှန်တကယ်တွင် Blank Check ခေါ် လက်မှတ်ထိုးထားပြီး မည်သည့်ကိန်းဂဏန်းမျှ ရေးမထားသော ဘဏ်မှ ငွေထုတ်ချက်လက်မှတ် ရလိုက်သလို ဖြစ်သွားသည်။ ကြိုက်ရာငွေပမာဏ ရေးပြီး သွားထုတ်လျှင် ရသည့်သဘော။ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ရာ နာခံရတော့မည့် သဘောဖြစ်ရာ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ပုံအပ်လိုက်ခြင်း (Trust) ကို မြင်နိုင်သည်။ စကားသုံးလုံး လက်ပံတောင်းတောင် ကိစ္စသည် သိမ်မွေ့သလို နက်နဲသည်။ ယနေ့ မြန်မာနိုင်ငံ၏ အခြေအနေကို စကားလုံး သုံးလုံးတည်းနှင့် အနှစ်ချုပ် ပြောပါဆိုလျှင် "လက်ပံတောင်း" ဟု ပြောနိုင်သည်။ လက်ပံတောင်း အစီရင်ခံစာ သည်လည်း လက်ရှိ မြန်မာနိုင်ငံ့အရေး အစီရင်ခံစာပင်ဖြစ်သည်။ Written by ဇေယျသူ - The Voice Weekly
| ||||
| Posted: 16 Mar 2013 04:06 AM PDT | ||||
| Posted: 16 Mar 2013 04:04 AM PDT | ||||
| Posted: 15 Mar 2013 09:01 PM PDT အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ပဋိပက္ခနဲ့ တည်ငြိမ်ရေး လုပ်ငန်းများဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Rick Barton ဟာ မြန်မာနိုင်ငံကို မတ်လ ၁၅ ရက်နေ့က ၂၄ ရက်နေ့အထိ သွားမယ်လို့ နိုင်ငံခြားရေးဌာနက သောကြာနေ့က သတင်းထုတ်ပြန် လိုက်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| Posted: 15 Mar 2013 08:50 PM PDT အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ၊ မြောက်ဥက္ကလာပ မြို့ နယ် ၊ အလုပ်အမှုဆောင် အဖွဲ့ အနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင်၊ ဆားလင်းကြီး မြို့ နယ် ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ သတင်းထုတ်ပြန်ချက် --- ထုတ်ပြန်ချက် အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||||
| Posted: 15 Mar 2013 08:33 PM PDT နိုင်ငံဝန်ထမ်းတွေကို လက်ရှိခံစားနေတဲ့ လစာငွေအပြင် တစ်ယောက်ကို ကျပ်ငွေ ၂သောင်းနှုန်းတိုးပေးဖို့ စီစဉ်ထားတယ်လို့ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီး ဦးဝင်းရှိန်က ပြည်ထောင်စုလွှတ်တော်မှာ မနေ့ သောကြာနေ့တုန်းက ပြောကြားသွားပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| Posted: 15 Mar 2013 08:20 PM PDT ၁၄-၃-၂ဝ၁၃ရက်နေ့ ၁၁ဝဝ အချိန် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ အမှတ်(၁)ချစ်ကြည်ရေး တံတားတာဝန်ကျ တာလေမြို့နယ်ခွဲ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးမှူး ဦးခင်မောင်မောင်မှ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်မပါရှိဘဲ မြန်မာနိုင်ငံ အတွင်းသို့ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| Posted: 15 Mar 2013 08:02 PM PDT ကမ္ဘာတဝန်း က ကက်သလစ် ဘာသာဝင် ပေါင်း သန်း ၁၂၀၀ ကို ဦးဆောင်ဖို့ ရွေးချယ် လိုက်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကို သူရဲ့ မူရင်းနိုင်ငံ အာဂျင်တီးနား မှာ စစ်အာဏာရှင် အုပ်စိုးနေတဲ့ ကာလ အတွင်း က လူ့အခွင့်အရေး ချိုးဖောက်မှု တွေ ကို ကိုယ်တိုင် တွေ့ နေရဲ့သားနဲ့ မျက်ကွယ်ပြု ပြီး ဝေဘန်သမှု မပြု၊ ဟန့်တားတာတွေ မလုပ်ပဲ နှုတ်ဆိတ် နေခဲ့တယ် ဆိုတဲ့ စွပ်စွဲ မှုတွေ ထွက်ပေါ် နေပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| Posted: 15 Mar 2013 07:53 PM PDT အမေရိကန် ပြည်ထောင်စုဟာ သူတို့ အဆိုအရ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု တိုးလာနေတဲ့ အပေါ် လက်တုန့်ပြန်ဖို့ သူ့တို့ရဲ့ ဒုံးလက်နက် ကာကွယ်ရေး အစီအစဉ်ကို တိုးမြှင့် လုပ်ဆောင် သွားမယ်လို့ ပြောပါတယ်။ ဂျပန် နိုင်ငံမှာ ရေဒါ ထောက်လှမ်းရေး စခန်းတခု အပါအဝင် Alaska ပြည်နယ်မှာ နောက်ထပ် ဒုံးခွင်း ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| Posted: 15 Mar 2013 06:37 PM PDT (၁၅-၃-၂၀၁၃) ရက်နေ့တွင် အများပြည်သူ အမြတ်တနိုး ကိုးကွယ်ရာ မန္တလေး မဟာမြတ်မုနိ ဘုရားကြီးတွင် မနက်ခင်း ဆိုင်ဖွင့်ချိန်တွင် ကလေးအမေ၊ မအေးမြဝေမှ ကလေးချီပြီး ဆိုင်တံခါးဖွင့်နေစဉ် ဆိုင်နီးနားချင်း အမျိုးသား(၂)ယောက်နှင့် အမျိုးသမီး(၃)ယောက်က တုတ်များဖြင့် ၀ိုင်းဝန်း ရိုက်နှက်မှု့ ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိပါသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| Posted: 15 Mar 2013 06:22 PM PDT မနေ့က အင်မတန် စိတ်မကောင်းလဲဖြစ် ဒေါသလဲဖြစ်ရတယ်။ သေသွားတော့မှ အာဇာနည်အဖြစ် သတ်မှတ်ပြီး လွမ်းစာတွေ ဖွဲ့တာ လက်မခံဘူး။ သူ ၆၇ နှစ်ရှိပါပြီ။ အချိန်မရှိပါဘူး။ သူလုပ်နိုင်တုန်းလေးမှာ လက်တွဲနိုင်တာ တွဲပါ။ မတွဲနိုင်ရင် ယဉ်ယဉ်ကျေးကျေး သဘောကွဲပါ။ ဝေဖန်ပါ။ ဆွေးနွေးပါ။ ဒေါ်အောင်ဆန်းစုကြည်ကို မကြိုက်ပိုင်ခွင့် ရှိတယ်။ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| Posted: 15 Mar 2013 10:23 AM PDT လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် နစ်နာခဲ့တဲ့ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းက လယ်ယာမြေဆုံးရှုံးခဲ့တဲ့ ပြည်သူတွေအတွက် ငွေကျပ်သိန်းပေါင်း ၄၆၄၀၀ ကျော်ကို တရုတ်ဝမ်ပေါင်ကုမ္ပဏီက ပေးလျော်သွားမယ်လို့ သိရပါတယ်။ အဲ့ဒီလျော်ကြေးတွေကို မတ်လ ၁၅ ရက် ဒီကနေ့စတင်ပြီး ပေးလျော်ဖို့ရှိတယ်လို့ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| Posted: 15 Mar 2013 10:18 AM PDT တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်အတွင်းမှာ ရှိတဲ့ သာဂရမြို့ဟောင်းဟာ ထားဝယ် ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်နဲ့ အလွန်နီးကပ်နေတဲ့အတွက် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ ပျက်စီး ပျောက်ကွယ်သွားနိုင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်ထဲမှာ ဆွေးနွေးနေ ကြသလို ဒေသခံတွေ ကလည်း စိုးရိမ်ပူပန်နေကြပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||||
| Posted: 15 Mar 2013 10:15 AM PDT လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာ ထုတ်ပြန် လိုက်ပြီး နောက်တရက်မှာပဲ ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ပံတောင်းတောင် ဒေသခံတွေကို သွားရောက်တွေ့ဆုံပြီး အစီရင်ခံစာနဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။ အဲဒီ ခရီးစဉ်ကအပြန်၊ မုံရွာမြို့ကို အရောက်မှာ သတင်းထောက်တွေက ဒီခရီးစဉ်အတွင်း ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းခဲ့ကြပါတယ်။ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||||
| Posted: 15 Mar 2013 10:10 AM PDT လက်ပံတောင်းတောင် ကြေးနီစိမံကိန်း အစီရင်ခံစာနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တွေရဲ့ သဘောထားအမြင်တွေကို ထုတ်လွှင့်ပေးမှာပါ။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက စုစည်းတင်ပြထားပါတယ်။ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||||
| Posted: 15 Mar 2013 10:00 AM PDT ဓနသဟာယ နိုင်ငံများ အဖွဲ့ဝင် နယူးဇီလန် နိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်က နယူးဇီလန် အစိုးရ ခေါင်းဆောင် ပိုင်းနဲ့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ ပါတယ်။ နှစ်ဘက် ခေါင်းဆောင်တွေ အဓိကထား ဆွေနွေး ခဲ့တဲ့ အထဲမှာ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| Posted: 15 Mar 2013 09:09 AM PDT နေပြည်တော် မတ်လ ၁၅ ရက် ၂၀၁၃ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ သုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စားဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန် က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရာတွင် ယခုနှစ် ၂၀၁၃.၂၀၁၄ ခုနှစ်တွင် နိုင်ငံဝန်ထမ်းများအတွက် လစာနှုန်း ထားကို ကျပ် ၂၀၀၀၀ (နှစ်သောင်း)စီ တိုးမြင့်ပေးရန် နှင့် အချိုးကျ တိုးမြင့်လာမည့် ပင်စင်လစာ ဆုငွေများအတွက် သာမန်အသုံးစရိတ်တွင် ထည့်သွင်း လျာထားထားကြောင်း၊ထို့အပြင် လက်ရှိခံစားခွင့် ပြုထားသော အပိုထောက်ပံ့ကြေး၊ဒေသစရိတ်တို့ကို လည်းပြောင်းလည်းမှု မရှိ ဘဲ ဆက်လက်ထောက်ပံ့သွားရန်လျှာထားထားကြောင်း ပြောကြားသည်။ ထို့ကြောင့် နိုင်ငံတော်၏ အမြဲတမ်းဝန်ထမ်းပေါင်း ၁ သန်း နှင့် ၂ သိန်း ခန့်နှင့် နေ့စားဝန်ထမ်းဦးရေ ၇သောင်း ၄ ထောင်ခန့်နှင့် အငြိမ်းစားဝန်ထမ်းဦးရေ ၇ သိန်း ၆ သောင်း ခန့်တို့အတွက် ခန့်မှန်းလျာထားငွေ ကျပ် ၃၈၅ . ၆၈၂ ဘီလီယံ ကုန်ကျမည် ဖြစ်ကြောင်းသိရသည်။ Popular Myanmar News Journal | ||||
| Posted: 15 Mar 2013 08:10 AM PDT မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် ဘဒ္ဒန္တရာဇဓမ္မာ ဘိဝံသ ဆရာတော်ရဲ့ အန္တိမ အဂ္ဂိဈာပန ပူဇော်ပွဲကို မတ်လ ၂၈ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ရိုက်ကူး အောင်အောင် ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||||
| Posted: 15 Mar 2013 07:52 AM PDT ကချင် ပြည်နယ် ဖားကန့်ဒေသမှ ရေမဆေး ကျောက်(ကျောက်စိမ်း)များအား တစ်ဖက် တရုတ်နိုင်ငံ နယ်စပ်သို့ လမ်းကြောင်း မျိုးစုံဖြင့် သယ်ဆောင် ခိုးထုတ်လျှက်ရှိသည်။ ယခင်ကဖားကန့်-မိုးကောင်း မြစ်ကြီးနား- ၀ိုင်းမော်- ကန်ပိုက်တီး လမ်းကြောင်းဖြင့် သယ်ဆောင်ခဲ့ သော်လည်း ဂိတ်ကြေးများ သဖြင့် မသွားနိုင်တော့ပေ။၂၀၁၃နှစ်ဆန်းမှ စကာ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/17/2013 12:10:00 AM
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
























