[mrsorcerer:37630] Fwd: [လူဗိုလ်ဟူသည် ...] လက်ပံတောင်းတောင်အစီရင်ခံစာ၏ အားနည်းချက်များ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/20
Subject: [လူဗိုလ်ဟူသည် ...] လက်ပံတောင်းတောင်အစီရင်ခံစာ၏ အားနည်းချက်များ
To: lubo601@gmail.com


by Ko Oo (Notes) on Tuesday, March 19, 2013 at 8:54am

လက်ပံတောင်းတောင်အစီရင်ခံစာအပေါ်မှာကျနော်၏သုံးသပ်ချက်
အမြင်များနှင့်ဖြစ်လိုသောဆန္ဒများ၊


လက်ပံတောင်းတောင်အစီရင်ခံစာမှာ အသေအချာပြန်ဖတ်ကြည့်ရင် ရှင်းရှင်းလင်းလင်းမဖြစ်တာတွေအများကြီးတွေ့ရပါတယ်၊ ကော်မရှင်မူအရ ပွင့်လင်းမြင်သာမှုရှိရမည်ဆိုသော်လည်း လက်တွေ့မှာပြောစရာ
တွေအများကြီးရှိနေပါသေးတယ်၊


စီင်္းပွါးရေးပညာရှင်ဆိုတာဘယ်လိုလူမျိုးလဲ

အစီရင်ခံစာအပိုဒ့်(၇၂)မှာ နိုင်ငံတော်သမတရုံး၏အစီအစဉ်ဖြင့်
မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင် ဒေါက်တာအောင်ထွန်းသက်ကို
စီင်္းပွါးရေးပညာရှင်တစ်ဦးအဖြစ်ခန့်အပ်တာဝန်ပေးခဲ့တာကိုတွေ့ရပါတယ်၊

အစီရင်ခံစာမှာစီင်္းပွါးရေးပညာရှင်တစ်ဦးရဲ့ တွေ့ရှိအကြံပြုချက်
(ရွေးစရာနည်းလမ်းသုံးသွယ်)အပေါ်မှာ မှီတည်နေတာကိုတွေ့ရလို့
ဒေါက်တာအောင်ထွန်းသက်ဆိုတာဘယ်သူလဲ၊သမာသမတ်ရော
ရှိရဲ့လား၊ ဦးပိုင်လူလား၊ ၀မ်ပေါင်လူလား၊ သာမန်ပြည်သူထဲကပညာရှင်
ပဲလား ဆိုတာ ပြန်ကြည့်ပြန်တော့ သူဟာ အငြိမ်းစားညွန်ကြားရေးမှူး
ဟေားင်တစ်ဦးဖြစ်ပြီး လက်ရှိမြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင်
တစ်ဦးဖြစ်နေတဲ့အတွက် လက်ရှိစစ်အစိုးရကိုလွန်ဆန်နိုင်သူဟုတ်ပါ့မလား
ဆိုတဲ့ သံသယကခေါင်းထဲဝင်လာတယ်၊ပြည်တွင်းမှသူ့အကြောင်းသိတဲ့
လူများပြောပြနိုင်ကြပါစေ၊

အပိုဒ်(၆) စုံစမ်းစစ်ဆေးရေးအဖွဲ့၏အခြေခံမူ

စုံစမ်းစစ်ဆေးရေးအဖွဲ့၏အခြေခံမူကလည်း အပြစ်မရှာရေး အပြစ်မပုံချရေး
ဆိုကတည်းက နိုင်ငံတော်၏နစ်နာချက်ကို ရှာဖွေဖေါ်ထုတ်သည့်ကော်မရှင်
ဖြစ်ပါ့မလားဆိုတာ စဉ်းစားကြည့်လို့ရနေပါတယ်၊

နိုင်ငံပိုင်သံယံဇာတတွေကို နည်းလမ်းတကျမဟုတ်ပဲ အာဏာကိုအလွဲသုံးစား
ပြုပြီး မတရားစီးပွါးရှာနေတဲ့ ဦးပိုင်နဲ့စစ်ဗိုလ်ချုပ်တွေအကျိုးစီးပွါးအတွက် မသိမသာအကာအကွယ်ပေးလိုပြီး လူထုကိုနှစ်သိမ့်လိုသည့်သဘောမျှပဲဆိုတာပေါ်လွင်ထင်ရှားနေပါတယ်၊

အပိုဒ်(၇၄)စီးပွါးရေးပညာရှင်ဆိုသူရဲ့ တွေ့ရှိအကြံပြုချက်ဆိုတဲ့အခန်းကဏ္ဍာမှာ တတိယအချက်ကိုရွေးလိုက်တာဟာ သာမန်ရိုးရိုးသားသားကုမ္မဏီတစ်ခုဆိုလျှင်လက်တွေ့မှာ လက်ခံအကောင်အထည်ဖေါ်ရသည်မှာလွယ်ကူနိုင်ပေမဲ့
ဦးပိုင်လိုစစ်တပ်ကျောရိုးပြုပြီး လူသားအရင်းအမြစ်ကိုဂုတ်သွေးစုတ်နေတာ
ကြာပြီဖြစ်တဲ့ ဦးပိုင်လိုကုမ္မဏီနဲ့ အကောင်အထည်လို့ဖြစ်နိုင်ပါ့မလားဆိုတဲ့
မေးခွန်းတွေကလည်းရှိနေပါသေးတယ်၊

ကြေးနီစံမံကိန်းသာလူထုအတွက်အကျိုးရှိမရှိ

အပိုဒ်(၇၆)မှာ ဦးပိုင်နဲ့ဝမ်ပေါင်ဟာ အိုင်ဗင်ဟိုလို့ စာရွက်စာတန်းတွေကို
စနစ်တကျမပြုစုထားဘူးလို့ဖေါ်ပြထားပြီး သုံးသပ်ချက်မှာ ဆက်လက်
လုပ်ကိုင်ပါက လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသည် စီးပွါးရေးရှုထောင့်မှ အကျိုးရှိစွာလုပ်ဆောင်သင့်သည်ဟု သုံးသပ်ချက်ပေးခဲ့သည်မှာလည်း ဘက်လိုက်ပြောဆိုသည်ဟုသုံးသပ်နိုင်သလို ကော်မရှင်ရဲ့အခြေခံမူနဲ့လည်း
ကွာဟနေတာကိုတွေ့ခဲ့ရတယ်၊

အပိုဒ်(၇၈)မှာ Production Sharing contract အရ ရလာသည့်ကြေးနီတွေကို
မည်သည့်မည်ပုံခွဲနေနေမှန်းမသိရဘူးလို့ရေးထားပါတယ်၊ ဒီနေရာမှာ မသမာမှုတွေ
အများကြီးရှိနေနိုင်ပါတယ်၊ တကယ်ထွက်တဲ့ကြေးနီပမာဏာကိုမသိရတဲ့အတွက်
ဝမ်ပေါင်နဲ့ဦးပိုင်တို့ပေါင်းကြိတ်ပြီး တရားမ၀င်ရောင်းချမှုတွေ အထွက်ကိုအလျှော့ပြပြီး
နိုင်ငံတော်ကို အခွန်လျှော့ပေးတာတွေလည်း ရှိနေနိုင်ပါသေးတယ်၊

အပိုဒ်(၇၃)မှာဝင်ငွေခွန်ကို(၃၀)ရာခိုင်နှုန်းကနေ(၁၅)ရာခိုင်နှုန်းလျှော့ချတာတွေ
ကလည်း အလွန်သံသယရှိစရာပါ၊ ၀င်ငွေများလျှင်အခွန်ပိုပေးရတယ်ဆိုတာ
အခွန်ပေးဘူးတဲ့လူတိုင်းသိပါတယ်၊ လက်လုပ်လက်စားလည်းဒီနှုန်း ခရိုနီတွေက
ဒီရာခိုင်နှုန်းပဲပေးရတယ်ဆိုတာမဖြစ်သင့်ပါ၊ ဒီနှုန်းထားကိုလည်း ကော်မရှင်ရဲ့
အကြံပြုချက်မှာမတွေ့ရလို့အလွန်အံ့သြခဲ့ရပါတယ်၊ ဘာကြောင့်ဒီလိုဖြစ်ခဲ့ရ
သလည်းဆိုတာကိုလည်းသတင်းစာတွေကတဆင့် ပွင့်လင်းမြင်သာစွာ လူထုကိုအသိပေးသင့်ပါတယ်၊
ဝင်ငွေခွန်ကိစ္စမှာ မသမာမှုကိုတွေ့ခဲ့ရသော်လည်း
ဥပဒေအရအရေးယူသင့်သည်ဟု မဖေါ်ပြပဲ အစိုးရအဖွဲ့၏သဘောတူညီချက်နဲ့
ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌါနမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပေးလိမ့်မယ်လို့
အကြံပြုထားသည်မှာလည်း ကော်မရှင်အနေနဲ့ စစ်တပ်ကျောရိုးပြုဦးပိုင်ကုမ္မဏီကို
ပြတ်ပြတ်သားသား ပြောလိုခြင်းမရှိဘူးလို့ သုံးသပ်မိပါတယ်၊

ဖြစ်သင့်တာက စာရွက်စာတန်းတွေကို စနစ်တကျမပြုစုထားဘူး၊ စနစ်တကျမရှိ
တဲ့အတွက် တိုင်းပြည်အတွက်အကျိုးရှိမရှိဆိုတာပြောရခက်ပါတယ်ဆိုရင့်
လက်ခံစရာပါ၊ ပညာရှင်ဆိုသူဟာ ဦးပိုင်ကိုမ္မဏီမှာ စစ်မှန်တဲ့ပြည်သူလူထု၏
ရှယ်ရာတစ်ပြားတစ်ချပ်မှ မပါတာကိုမသိလေရော့သလား၊

ကော်မရှင်ရဲ့အခြေခံမူအရ တိုင်းပြည်၏ရေရှည်အကျိုးစီးပွါး၊ လူထု၏ရေရှည်
အကျိုးစီးပွါး အခြေခံရမယ်ဟုဆိုထားပါလျှက်နဲ့ စီးပွါးရေးရှုထောင့်မှသာ အကျိုးရှိစွာလုပ်ဆောင်သင့်သည်ဟု ပြောဆိုခဲ့သည်မှာလည်း အလွန်ကိုပညာရှင်မဆန်သော သုံးသပ်ချက်တစ်ခုအဖြစ်တွေ့ခဲ့ရတယ်၊

ကော်မရှင်ရဲ့တာဝန်များအခန်းကဏ္ဍာမှာ ကြေးနီစံမံကိန်းကနေလူထုအတွက်
အကျိုးရှိမရှိဆိုတာကို တိကျစွာစီစစ်ပေးရမှာဖြစ်ပေမဲ့ တိကျစွာမဖေါ်တဲ့
အချက်တွေကလည်း မေးခွန်းထုတ်စရာဖြစ်နေပါတယ်၊

ဦးပိုင်မှာ ကာကွယ်ရေးဝန်ကြီးဌါနက အစုရှယ်ယာ(၄၀)ကို ပိုင်ဆိုင်ထားတယ်လို့
ဖေါ်ပြထားပြီ့း ကျန်တဲ့(၆၀)ရာခိုင်နှုန်းကို ဘယ်သူဘယ်ဝါပိုင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး၊(၆၀)ရာခိုင်းနှုန်းကို ပြည်သူတွေကပဲပိုင်သလား
ခရိုနီတွေကပဲပိုင်သမား၊ စစ်အာရှင်အသိုင်းအ၀န်းမိသားစုတို့ကပဲပိုင်သလား
ဆိုတာလည်း ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး၊ ဒါကိုလည်းကော်မရှင်က
ဖေါ်ပြပေးသင့်ပါတဲ့အပြင်သာမန်ပြည်သူတွေကရှယ်ယာဘယ်လောက်ပိုင်ဆိုင်
ထားလဲဆိုတာကိုလည်းလုံးဝဖေါ်ပြပေးသင့်ပါတယ်၊ ဒီလိုပွင့်လင်းမြင်သာမှုဘာကြောင့်မရှိခဲ့တာလဲ၊

ကုန်သွယ်လုပ်ငန်းခွန်(၈)ရာခိုင်နှုန်းကို ဘယ်လိုလုပ်သင့်သလဲ

ကုန်သွယ်လုပ်ငန်းခွန်(၈)ရာခိုင်နှုန်းကို  မဆောင်ရတော့တဲ့အတွက် ဦးပိုင်နဲ့
ဝမ်ပေါင်တို့အတွက်အကျိုးအမြတ်ပိုရှိမှာဖြစ်ပြီး တိုင်းပြည်အတွက်နစ်နာချက်တွေ
ကိုပြန်လည်ရယူဖို့ကိုရော စာချုပ်ကိုပြန်ချုပ်ဆိုရန်အကြံပြုထားတဲ့ ကော်မရှင်က
လုပ်နိုင်ပါ့မလားဆိုတာ အလွန်သံသယရှိစရာပါ၊

တကယ်ဆိုရင် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ဆိုတာ စီးပွါးရေးတိုးတက်ကောင်းမွန်အောင် သာမန်လက်လီလက်ကား
တင်ပို့ရောင်းချမှုကိုသာ ကင်းလွတ်ခွင့်ပေးသင့်ပြီး၊ တိုင်းပြည်သံယံဇာတ
တွေကို ထုတ်ယူရောင်းချတဲ့နေရာမှာတော့ ကင်းလွတ်ခွင့်မပေးသင့်ပါဘူး၊

ဥပမာ ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပေးလိုက်လို့ လယ်သမားတွေဆီက
ဆန်ဝယ်ယူရောင်းချသူတစ်ဦးက ၀ယ်ဈေးကိုယခင်ကထက်ပိုပေးနိုင်လို့
လယ်သမားတွေအတွက်အကျိုးရှိပေမဲ့ တိုင်းပြည်သံယံဇာတထုတ်လုပ်
ရောင်းချတဲ့နေရာမှာ ကင်းလွတ်ခွင့်ပေးတယ်ဆိုတာ ကုမ္မဏီတွေကို
အကျိုးအမြတ်ပိုပေးသလိုသာဖြစ်နေပါလိမ့်မယ်၊

ဥပဒေနဲ့မညီပဲချုပ်ခဲ့တဲ့စာချုပ်နှင့်ဥပဒေနဲ့မညီပဲထူထောင်ထားတဲ့စက်ရုံ

အပိုဒ်(၇၃)စာချုပ်ချုပ်ဆိုတဲ့နေရာမှာ သတ္တုတွင်းဝန်ကြီးဌါနက ဥပဒေနဲ့မညီပဲ
ချုပ်ခဲ့တဲ့စာချုပ်ကို ကော်မရှင်ကတွေ့ခဲ့ရပေမဲ့ ဥပဒေနဲ့အရေးယူဆောင်ရွက်
သင့်တယ်လို့ မဖေါ်ပြပဲထားတာကိုလည်းတွေ့ရပြန်တယ်၊ ငြိမ်ပိအစိုးရရဲ့
သဘောတူခွင့်ပြုနဲ့ စာချုပ်ကိုဥပဒေနဲ့မညီပဲချုပ်ပေးခဲ့ရတယ်ဆိုတော့
ကာကွယ်ရေးဝန်ကြီးဌါနရဲ့ တပ်မတော်အရှိန်အ၀ါကိုသုံးပြီး အရပ်သားအရာရှိတွေ
အပေါ် အနိုင်ကျင့်ပြုကျင့်မှုများကလည်း ထင်ပေါ်နေပါတယ်၊ ဒါကြောင့်စာချုပ်ကို
ပြင်ဆင်ချုပ်ဆိုဘို့ အကြံပေးထားတဲ့ကော်မရှင်အနေ့နဲ့ လက်တွေ့မှာလက်ရှိ
ဦးသိန်းစိန်အစိုးရက လုပ်ပိုင်ခွင့်ပေးပါ့မလား၊
ISO စံချိန်စံညွန်း အတိုင်းလုပ်ဆောင်ခြင်းရှိမရှိကိုသေချာမပြောပဲနဲ့ ISO နှင့် OHSAS လက်မှတ်သုံးဆောင်ကို ရယူထားနိုင်တယ်လို့သာဖေါ်ပြထားတာကလည်း တစ်ခုခု
လစ်ဟာနေတယ်လို့ ယူဆစရာရှိနေပါတယ်၊
အပိုဒ်(၄၇)မှာ စက်မှုဝန်ကြီးဌါန၏ခွင့်ပြုချက်မရှိပဲ ဦးပိုင်ကကိုယ့်သဘောကိုယ်
ဆောင်ပြီး ထူထောင်ထားတဲ့ မိုးကြိုးဆာလဖျူရစ်အက်ဆစ်စက်ရုံဟာ တည်ဆဲ
ဥပဒေကိုချိုးဖေါက်နေသည့်အပြင် ISO နှင့် OHSAS မရှိတဲ့စက်ရုံဖြစ်တဲ့အတွက် ရေရှည်မှာဒေသခံတွေအတွက် အန္တရယ်ရှိလာနိုင်တယ်လို့ ယူရလို့ရပါတယ်၊
ဒီလိုဥပဒေအတိုင်းမလိုက်နာပဲ ဖွင့်လှစ်ထားတဲ့စက်ရုံကို စက်မှုဝန်ကြီးက
အရေးမယူနိုင်ခဲ့တာကလည်း ကာကွယ်ရေးဝန်ကြီးဌါန၏ပါဝါကို သူတို့အကျိုးစီးပွါး
အတွက်အသုံးချခဲ့မှန်းအလွန်ကိုသိသာလှပါတယ်၊

ဝန်ကြီးဌါနတွေအားလုံးကို ဦးပိုင်လိုစီးပွါးရေးလုပ်ခွင့်ပေးလိုက်ရင်ဘာဖြစ်လာမှာလည်း

ကာကွယ်ရေးဝန်ကြီးဌါနမှာ နိုင်ငံတော်စီမံကိန်းတွေမှာ ပါဝင်လုပ်ဆောင်ခွင့်
ရှိတယ်ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီပါဘူး၊ ကဲ..တကယ်လို့ ၀န်ကြီးဌါန
တိုင်းက နိုင်ငံစီးပွါးရေးလုပ်ငန်းတွေမှာ ၀င်ရောက်စွက်ဖက်နေမယ်ဆိုရင် ဘယ်လိုလုပ်ပြီး တရားမျှတတဲ့ အုပ်ချုပ်မှုစနစ်တစ်ခုကိုတည်ဆောက်လို့ရနိုင်မှာလဲ၊ ဥပဒေကို
စည်းကြပ်ဖို့ဖွဲ့စည်းထားတဲ့ ရဲတွေကလည်းစီးပွါးရေးလုပ်မယ်၊ နိုင်ငံပိုင်သ့ယံဇာတတွေကို စနစ်တကျထုတ်ယူပြီး နိုင်ငံအတွက်အကျိုးရှိမဲ့ သစ်တောဌါနတို့၊ သတ္တုတွင်းဝန်ကြီးဌါနတို့
ကလည်း ကာကွယ်ရေးဝန်ကြီးဌါနလိုပဲလုပ်ချင်ပါတယ်ဆိုရင် ခွင့်ပေးနိုင်ပါ့မလား၊ သဘာဝရောကျပါ့
မလား၊ ဖွဲ့စည်းပုံညီပါ့မလား၊ တရားမျှတမှုရှိပါ့မလားဆိုတဲ့ မေးခွန်းပေါင်းများစွာ
ဖြစ်လာပါလိမ့်မယ်၊


အာဏာရှင်ကိုအားပေးအားမြောက်ပြုထားတာကိုလည်း
စိတ်မကောင်းစွာပဲဖတ်လိုက်ရတယ်၊

၁၉၅၃ခုနှစ်ကတည်းကတည်ဆဲဥပဒေဖြစ်တဲ့ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး
ဥပဒေ လ/န-၃၉ ကိုအသေးစိတ်သုံးသပ်ထားတာမရှိဘူး၊ လယ်သိမ်းယာသိမ်း
တဲ့နေရာမှာ ပျစ်စလက်ခတ်နိုင်မှု အာဏာကိုအလွန်အကျွံသုံးမှုတွေကိုလည်း သုံးသပ်ထားတာမရှိပဲ အစိုးရကလူထုဆီကလယ်မြေတွေကို သိမ်းလိုကသိမ်းနိုင်
သည့်သဘောမျိုး ယူဆသွားနိုင်ပါတယ်၊ နစ်နာဆုံးရှုံးမှုအတွက် အကြမ်းမဖက်
ဆန္ဒပြသူတွေကိုလည်း လူထုကဥပဒေ စိုးမိုးရေးကို လိုက်နာဆောင်ရွက်မှုမရှိလို့ မီးခိုး(လောင်)ဗုံးဖြင့်ချေမှုန်းခံရတယ်လို့ အာဏာရှင်ကိုအားပေးအားမြောက်ပြုထား
တာကိုလည်း စိတ်မကောင်းစွာပဲဖတ်လိုက်ရတယ်၊ ပုဒ်မ(၁၄၄)ကိုလည်း
ကြေးနီခိုးယူသူတွေ တွင်းပြုသေဆုံးမှုရှိလို့ နိုင်ငံခြားသားတွေကို
အကာအကွယ်ပေးဘို့ဆိုပြီး ဖေါ်ပြထားတာကလည်း အကြောင်းပြချက်က
သိပ်မခိုင်လုံပါဘူး၊ ပုဒ်မ(၁၄၄)ဟာ ဦးပိုင်အကျိုးစီးပွါးအတွက်သုံးခဲ့ရတာပါ၊

ဗိုလ်ချုပ်တွေနှစ်သီးစားနေကြသလား၊

ဒုတိယဗိုလ်ချူပ်ကြီးခင်ဇော်ဦးနဲ့ပတ်သက်ပြီးလည်း မရှင်းမရှင်းတွေဖြစ်လာလို့
မေးခွန်းတွေကခေါင်းထဲရောက်လာပါတယ်၊ သူဟာ ယူနီဖေါင်းဝတ်ထားဆဲလူမို့ လက်ရှိစစ်တပ်ထဲမှာ တာဝန်ရှိသူတစ်ဦး ရာထူးရှိနေသူတစ်ဦးလို့ပြောလို့ရပါတယ်၊
အခြားတစ်ဖက်မှာလည်း သူဟာဦးပိုင်လီမီတက်ရဲ့ ဥက္ကဌဖြစ်နေတာမို့ ဥက္ကဌတစ်ဦးရဲ့
ရပိုင်ခွင့်တွေ လစာတွေရယူနေဦးမယ်လို့ထင်ပါတယ်၊ တကယ်လို့သူဟာ စစ်တပ်လစာ
နှင့်ကုမ္မဏီလစာနှစ်ခုစလုံးကိုယူထားရင်တော့ တစ်ခုခုတော့မှားနေပါပြီ၊ ဒီအချက်ကိုလည်းကော်မရှင်အစီရင်ခံစာမှာရှင်းရှင်းမတွေ့ရပါဘူး၊ သူလို့ပဲ အလားတူ
စစ်အရာရှိတွေက သူလိုပဲနှစ်သီးစားနေရင်တော့ တိုင်းပြည်အတွက်အလွန်နစ်နာရ
ပါတယ်၊ စစ်တပ်လစာစားပြီး စစ်တပ်အလုပ်ကိုမလုပ်ဘူးပဲ နေလို့ရတယ်ဆိုတာ
ဥပဒေနဲ့ညီရဲ့လားကို ပွင့်လင်းမြင်သာစွာ လူထုကိုဖြေပေးဘို့လိုနေပါတယ်၊

လက်တွေ့အကောင်အထည်ဖေါ်နိုင်ပါ့မလား
သုံသပ်ချက်များ

အစီရင်ခံစာ၏အဓိကရည်ရွယ်ချက်ကိုက ဦးပိုင်(စစ်တပ်)နဲ့ ထိပ်တိုက်မတွေ့ရေး
ဒေသခံလူထုကိုနှစ်သိမ့်နိုင်ရေးဟာ အဓိကဖြစ်နေတာမို့ နိုင်ငံရေးရှုထောင့်ကကြည့်မည်
ဆိုလျှင် ဦးပိုင်ကိုအလျှော့ပေးဆက်ဆံနေရမှန်း ခန့်မှန်းကြည့်လို့ရနိုင်ပါတယ်၊

ကော်မရှင်က လူထုအကျိုးစီးပွါးကို အခြေခံပြီးစဉ်းစားခဲ့သော်လည်း လက်တွေ
မှာ ထင်သလောက်မလုပ်နိုင်ခဲ့မှန်းသိသာတယ်၊

(၁) ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးဝန်ကြီးဌါနအပါအ၀င် ၀န်ကြီးဌါနအားလုံး၊ နိုင်ငံစီးပွါးရေးကို တရားမ၀င် ၀င်ရောက်ချယ်လှယ်မှုမှကင်းရှင်းစေရေး၊
(၂)ဦးပိုင်ကိုစစ်တပ်ပိုင်ကုမ္မဏီကနေလူထုပိုင်ကုမ္မဏီအဖြစ် ပြောင်းလဲနိုင်ရေး၊
(၃)ဦးပိုင်မှာ အလုပ်လုပ်နေကြတဲ့ ဗိုလ်ချုပ်တွေရဲ့လစာတွေကိုပြန်လည်စီစစ်ရေး၊
(၄)မြေဟာဥပဒေကို လက်တစ်ခြားလုံးလုပ်ပြီး လယ်သိမ်းယာသိမ်းတာတွေရပ်တန့်နိုင်ရေး
(၅)ကုန်သွယ်လုပ်ငန်းခွန်(၈)ရာခိုင်နှုန်းကို  ပြည်သူအကျိုးအတွက် စာချုပ်အသစ်မှာ
ပြန်ထည့်ပေးနိုင်ဖို့အရေးတွေအားလုံးဟာ
(၆) နိုင်ငံပိုင်သံယံဇာတတွေကို မသမာမှုပြုလုပ်မှုများရန်ကနေကင်းဝေးနိုင်ရေး၊
(၇) လူထုနစ်နာချက်များကို အပြည့်အ၀ရရှိရေး
ဒါတွေအားလုံးဟာ ဒီနေ့လူထုကလိုအပ်နေတဲ့ လိုလားချက်တွေအထဲကပဲဖြစ်မယ်လို့ လုံးဝယုံကြည်မိပါတယ်၊

မိမိအနေနဲ့ကော်မရှင်ရဲ့လုပ်ရပ်ကို ရာနှုန်းပြည့်လက်ခံရန်ထက် ကော်မရှင်က သူတို့တွေ့ရှိချက်ကို ဦးသိန်းစိန်အစိုးရက အမှန်တကယ်လက်တွေ့အကောင်အထည်
ဖေါ်နိုင်ပါ့မလားဆိုတာကို ပိုပြီးသံသယရှိနေကြောင်းပါခင်ဗျား၊

ကိုကိုဦး(တပ်ရင်း-၁၀၂)

ကော်မရှင်အစီရင်ခံစာကိုဒီလင့်မှာဖတ်လို့ရပါတယ်၊
 https://www.dropbox.com/s/kp1ft8800gikawv/lpd_commission_report_12-03-13.pdf


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/21/2013 02:15:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.