[mrsorcerer:37642] Fwd: [လူဗိုလ်ဟူသည် ...] မြို့လေးက ပေးတဲ့ လက်ဆောင်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/21
Subject: [လူဗိုလ်ဟူသည် ...] မြို့လေးက ပေးတဲ့ လက်ဆောင်
To: lubo601@gmail.com





ဖေ့ဘုတ်ပေါ်က ဓာတ်ပုံလေးတစ်ပုံရှေ့ မှာ ရပ်တန့်သွားရတဲ့ ကျွန်မမျက်လုံးတွေက အရောင်တလက် လက် တောက်ပနေကြပါတယ် ။ ပုံလေးက မြို့အ၀င် ဆိုင်းဘုတ်တစ်ခုပါ ။ အဲဒီပုံလေးပေါ်မှာ ကျွန်မ မျက်လုံးတွေ အချိန်အတော်ကြာအောင် ရပ်တန့်နေပါတယ် ။
  ဒီနေရာ ဒီဒေသလေးကို ကျွန်မအခါ အားလျော်စွာ သတိရနေတတ်တယ်။ အဲဒီနေရာလေးကို အရောက်သွားဖို့ကိုတော့ လားလားမှ စိတ်မကူးမိတော့ပါဘူး ။ လူတိုင်းမှာ သတိရလွမ်းဆွတ်တဲ့ နေရာဒေသလေးတွေ ရှိတတ်ကြပါတယ် ။ ထိုနေရာလေးတွေဟာ တခါတရံမှာ ဘယ်တော့မှ ပြန်မသွားချင်တဲ့ နေရာလေးတွေလည်း ဖြစ်နေတတ်ပြန်တယ်။ ကျွန်မလည်း ထိုနည်းတူစွာဘဲ ဒီနေရာလေးကို လွမ်းဆွတ်သတိရနေပေမယ့် ဘယ်သောအခါမှ မသွားတော့ဘူးလို့ ဆုံးဖြတ်ချက်ချထားပါတယ် ။ သိပ်ချစ်ရသူနဲ့ မုန်းရတဲ့သူတစ်ယောက်ထဲ ဖြစ်နေရသလို  အတော်ကိုဆိုးတဲ့ ခံစားချက်တစ်ခုပါ ။မြန်မာပြည်ရဲ မြေလတ်ပိုင်း မထင်မရှား မြို့လေးတစ်မြို့ပေါ့ ။ လူသိပ်မသိကြပေမယ့် သမိုင်းဝင်စေတီပုထိုးတွေ ၊ ကျော်ကြားတဲ့ ဆရာတော် ၊ လူပုဂုလ်တွေ  ပေါ်ထွန်းခဲ့ဘူးပါတယ် ။ မြို့လေးကို ၀င်လိုက်တာနဲ့ လှပရှူမငြီးတဲ့ လယ်ကွင်းစိမ်းစိမ်းစိုစိုတွေကို မြင်ရပါတယ် ။ အဲဒီနေရာတွေကို အရင်က အပ်ကြောင်းထပ်အောင် သွားခဲ့ဘူးပါတယ်။ သိပ်ကို မွှန်းကျပ်လာတဲ့ အခါမျိုးတွေမှာ ခဏခဏ ရောက်ဖြစ်ခဲ့ဘူးပါတယ် ။ လောကတခွင်ကို လွတ်လပ်ပေါ့ပါးစွာ မြင်တွေ့လိုက်ရသလို ရင်ထဲကို အေးမြစေခဲ့ဘူးပါတယ် ။ အဲဒီနေရာမှာ ဂုံးတံတားလေးတစ်ခုလည်းရှိပါသေးတယ် ။ ဆိုက်ကယ်လေးကို အနားမှာ ရပ်ပြီး အုတ်ခုံးလေးပေါ်ထိုင်ကာ မွှန်းကျပ်တာတွေကိုလည်း ဖျေဖြောက်ခဲ့ဘူးတယ်။ တစ်ခါတစ်ရံ တစ်ယာက်ထဲ ။ တခါတလေ သူလည်းပါတတ်ပါတယ် ။ သူဆိုတာကတော့ ကျွန်မဘ၀ရဲ့ တစ်ဆိတ်တစ်ဒေသ ပါဝင်ပတ်သတ်ခဲ့ဘူးသူတစ်ယောက်ပေါ့ ။ ခုတော့ ဘာမှ မသတ်ဆိုင်တော့တဲ့ လူတစ်ယောက်ဖြစ်သွားခဲ့ပါပြီ။

အဲဒီမြို့လေးက အထင်ကရ ဆရာတော်တွေ လူပုဂိုလ်တွေ စာရေးဆရာတွေလည်း အသက်ဝင်မွေးဖွားခဲ့ဘူးပါတယ် ။ လက်ရှိမှာလည်း သူနယ်ပယ်နဲ့ သူနေရာရနေသူတွေ ရှိနေကြပါတယ်။ လှပတင့်တယ်မှုများစွာ တည်ရှိနေတဲ့ ဂန္တ၀င်မြိုကလေးဆိုလည်း မမှားပါဘူး ။ ရန်ကုန်ဘက်က လာပြီဆို့ ပေါင်းတည် အင်းမမြို့ တွေကိုကျော်လိုက်တာနဲ့ ဒီမြို့လေးရဲ့ နယ်နိမိတ် စတင်ပါတယ်။ ပြည်တောင်တန်းရေနံမြေ ကိုတွေ့ပြီဆိုတာနဲ့ မြို့လေးနဲ့ နီးကပ်လို့လာပါပြီ။ ရန်ကုန်ကနေဆို ၁၉၇ မိုင်ကွာဝေးပါတယ် ။ ရန်ကုန်ကနေ express စီးပြန်လာတိုင်း ရေနံမြေကို ရောက်ပြီဆိုတာနဲ့ အထုပ်တွေပြင် ကားပေါ်က ဆင်းဖို့ ဟန်ပြင်တော့တ်ာတာပါပဲ ။ ဘယ်ခရီးကိုသွားသွား ၅ရက်ကျော်ပြီဆိုတာနဲ့ မြို့လေးကို လွမ်းတတ်ပါတယ် ။ရန်ကုန်က ပြန်လာလို့ မြို့ဝင်ဆိုင်းဘုတ်လေးကို မြင်တာနဲ့ ကလေးငယ်တစ်ယောက်လို ပျော်သွားတတ်တာလည်း နောက်ဆုံး မြို့လေးကနေ ထွက်ခွာလာတဲ့ အချိန်အထိပါပဲ ။ ကြားမှာ ရွာလေးတွေ ရှိပါသေးတယ် ။ ဒီထဲမှာ မြို့လေးကို ဂုဏ်တက်စေခဲ့တဲ့  စပေ အမွေတွေနဲ့ မြို့ကျက်သရေဆောင် စာဆိုရှင် အကျော်မော်များ ပေါ်ထွန်းခဲ့ပါတယ် ။

 တရားသူကြီး ခုံတော်ဦးအောင်မင်း၊ မယ်တော်ဒေါ်ဂျမ်းဘုံတို့မှ မြန်မာသက္ကရာဇ် ၁၁၇၉ ခုနှစ်၊ သတင်းကျွတ် လပြည့်ကျော် (၈)ရက်၊ (၂.၁၀.၁၈၁၇)ကြာသပတေးနေ့ နံနက်ဦး ရောက်ခြည်လာချိန်တွင် ရွှေတောင်မြို့၊ ကျီးသဲ၊ ရှမ်းတန်းလေးရပ်၌ မီးရှုးသန့်စင်ဖွားမြင်တော်မူခဲ့သည့် ကျီးသဲလေးထပ် ဆရာတော် ။
သက္ကရာဇ် ၁၁၈၆ ခုနှစ်တွင် ရွှေတောင်မြို့၊ ကွမ်းညှပ်စင်ရွာ၌  ဖွားမြင်ပါ သည်။ ငယ်မည်မှာ မောင်ဖြူဝင်း ဖြစ်ပါသည်။ ရဟန်းဘွဲ့မှာ ဦးပဏ္ဏိတ ဖြစ်ပါသည်။ မင်းတုန်းမင်းတရား ကြီးက ပဏ္ဏိတ၀ံသာ ဘိဓဇ မဟာဓမ္မရာဇာ ဓိရာဇာဂုရုဘွဲ့တံဆိပ်တော်ကို ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။ ဘိုးတော်ဘုရားလက်ထက် ဘိုးတော်မင်းတရားကြီး၏ မိဘုရားဝေသာလီမင်းသမီး (ဗန်းမော်မြို့စား) ဥပေါတရာ ဆောက်လုပ်လှူဒါန်းသော ဗန်မော်ကျောင်းတိုက် တွင်သီတင်းသုံးသောကြောင့် ဗန်းမော်ဆရာ တော်ဟုခေါ်တွင်ခဲ့သော ဗန်းမော်ဆရာတော် ။
ရွှေတောင်မြို့နယ် ဝါးလယ်ကျေးရွာတွင် လှည်းသမားတစ်ဦး ဖြစ်သူ အဖ ဦးစံထွန်း၊ အမိဒေါ်အုန်းတို့ ၁၂၃၇ခု တပေါင်းလပြည့်ကျော် (၁၄)ရက်၊ (၁၈၇၆ မတ်လ၂၃ရက်) ကြာသပတေးနေ့၌ ဖွားမြင်ခဲ့သော ဆရာကြီး သခင် ကိုယ်တော်မှိုင်း ။ ဒီလိုအထင်ကရတွေ အများပြားတည်ရှိပါတယ် ။ စနစ် အဆက်ဆက် ခေတ်အဆက်ဆက်မှာ ရာဇ၀င်စာတွင်ခဲ့တဲ့မြို့၊ မြန်မာ့တွင်းထွက် ရွှေအနက်တွေ ထွက်တဲ့မြို့၊  နိုင်ငံတ၀ှန်း အလင်းဆောင်ဖို့ လျှပ်စစ်ဓါတ်အားပေး စက်ရုံရှိတဲ့မြို့၊ နိုင်ငံခြားထိ များပြားပို့ဆောင် ရွှေတောင် အထည် သတင်းကြွယ်တဲ့ ချည်မျှင်နဲပ အချောကိုင် စက်ရုံရှိတဲ့မြို့။
သမိုင်းဂုဏ်ရောင်­ ရွှေနတ်တောင်နှင့် ရွှေပြောင်ပြောင်၊ ရွှေဂူကြီး၊ ရွှေမျက်မှန်၊ ချမ်းသာကြီး စတဲ့ သမိုင်းဝင် တခိုးကြီးဘုရားများရှိတာကြောင့် ဘုရားဖူးတွေနဲ့စည်ကားတဲ့မြို့ဓမ္မဒေသနာ ဘိဓမ္မာကို ၀ါတွင်းကာလ နာယူကြသည့် ဓမ္မတေးသံမြို့လုံးလျှံသည့်မြိစာပေအမွေ ကျက်သရေဆောင်မြို့ရွှေတောင်မှာ နေလိုလလို ထွန်းလင်းတောက်ပခဲ့တဲ့ စာဆိုရှင် အကျော်အမော်များ ပေါ်ထွန်းခဲ့တဲ့မြို့လေးတစ်မြို့ဖြစ်ပါတယ် ။
http://shwedaung.yolasite.comိုဒ်မှာ လေ့လာပါသည် ။

မြို့လေးအကြေင်း ဆက်ရမယ်ဆိုရင် မြို့ဝင်ဆိုင်းဘုတ်လေးကနေ  ဆက်လာတော့ ကျီးသည်းလေးထပ်ဆရာတော်ဘုရားကြီး ရုပ်ထုတော်ကို ဖူးတွေ့ရပါ့မယ် ။ ဒီရုပ်ထုတော်ကို လှူဒါန်းထားတဲ့မိသားစုက ကျွန်မအချစ်ဆုံးသူငယ်ချင်းမိသားစုလေးပေါ့ ။ အဲဒီအချစ်ဆုံးသူငယ်ချင်းလေးက ကျွန်မနဲ့ တစ်နေ့ထဲ တစ်ရက်ထဲ မွေးခဲ့သူပါ ။ ၅မိနစ်ဘဲကွာတယ် ။ တိုက်ဆိုင်မှုလားတော့ မသိဘူး ။ ကျွန်မသူငယ်ချင်းလေးနဲ့ ကျွန်မ တစ်နေ့ထဲတွေးတာချင်းတူနေလို့ထင်တယ် အဖြစ်ပျက်အကြောင်းအရာတော်တော်များများတူနေတ
ခဲ့တယ် ။ ဘ၀နဲ့ချီတဲ့ ကိစတော်တော်များလည်း  တူနေခဲ့တယ် ။ ကဲဆက်ရအောင်နော် ။ ဆရာတော်ဘုရားကြီး ရုပ်ထုကို ဖူးမြော်ပြီးတာနဲ့ တွေ့ရမှာက ကျွန်မတို့ကို ပညာနို့ရည်တိုက်ကျွေးပေးခဲ့တဲ့ ကျောင်းတော်ကြီးပါ ။ အ.ထ.က ကျောင်းလေးပါ ။ ကျွန်မတို့ မြို့လေးမှာ အ.ထ.က ကျောင်းက တစ်ကျောင်းတည်းဘဲ ရှိတယ် ။ ဒီကနေဆက်လာရင် ဈေးကိုသွားတဲ့ လမ်းကွေ့လေးရှိပါတယ် ။ အဝေးပြေးလမ်းပေါ်ကနေ ကွေ့လိုက်မယ်ဆို ဈေးကိုရောက်မယ် ။ လမ်းထိပ်မှာ ဆေးရုံရှိတယ် ။ ဆက်လာရင် ရဲစခန်း ။ ဆက်သွားလိုက်ရင် တကမ္ဘာလုံးမှာ တစ်ဆူတည်းသာတည်ရှိသော ရွှေမျက်မှန် ဘုရားကိုဖူးမျှော်နိုင်ပါတယ်။ ရှေ့ဆက်မယ်ဆို ဈေး ကိုရောက်ပြီပေါ့ ။ ဈေးကနေ နည်းနည်းဆက်သွားရင် ချမ်းသာကြီး ဘုရားကို ဖူးမြော်နိုင်ပြီး ဧရာဝတီမြစ်ကိုပါတွေ့နိုင်ပါတယ် ။ ကျွန်မတို့ အိမ်လေးကတော့ ဈေးဘက်ကို မကွေ့ရဘူး။ ရန်ကုန်အဝေးပြေးလမ်းကနေ ပြည်ဘက်ကို ထွက်တဲ့အနားမှာ တည်ရှိတယ် ။ ကျွန်မ အိမ်နားမှာ အဘအောင်မင်းခေါင် ထွက်ရာပေါက်ခဲ့တဲ့ အောင်မင်းခေါင် စေတီတော်မြတ်ကိုလည်း ဖူးမျှော်နိုင်ပါတယ် ။ ကျွန်မတို့အိမ်ရှေ့ရှေ့တည့်တည့်မှာတော့ ရွှေတောင်ခေါက်ဆွဲ အိုဆာကာ ခေါက်ဆွဲဆိုင်လေးလည်းရှိတယ် ။ သိပ်ကို ချစ်စရာ ဂုဏ်ယူစရာ ကောင်းတဲ့ ဒီမြို့လေးမှာ ဒီမြို့ဇာတိမဟုတ်တဲ့ သဲကုန်းမြို့သားဖေဖေ နဲ့ ကျိုက်ထိုမြို့သူမေမေတို့က ကျွန်မကို မွေးဖွားသန့်စင်ခဲ့တယ်။  နွေးထွေး လုံခြုံမှုတွေ ပြည့်ဝ တဲ့ ဖေဖေနဲ့ မေမေ ရင်ခွင်မှာ လူလားမြောက် ကြီးပြင်းစေခဲ့တယ် ။ ဘ၀တစ်ခုကို ရပ်တည်နိုင်ဖို့ ပညာရပ်တွေကို ဒီမြို့လေးထဲက ကျောင်းတော်ကြီးက သင်ကြားပေးခဲ့တယ် ။

 ဒီထိ ပျော်စရာအတိဖြစ်နေတဲ့ မြို့လေးက ရုတ်တရက် ကျွန်မကို သက်ရှိလက်ဆောင်တစ်ခုကို ပေးလိုက် ပါတယ် ။အဲဒီလက်ဆောင်လေးကို ပိုင်ဆိုင်လိုက်ရချိန်ကစလို့ ကျွန်မဘ၀မှာ လင်လက်းနေတဲ့ ဘ၀မီးအလင်းရောင်တွေ ကာလရှည်ကြာစွာ  ပျောက်ဆုံးကုန်ပါတော့တယ် ။ ဒီလိုဖြစ်ရတာ အဲဒီလက်ဆောင်ကြောင့်လို့ ကျွန်မ မသတ်မှတ်ချင်ပါဘူး ။ ဖြစ်ဖို့ပါလာတဲ့ ကံကြမ္မာ နဲ့ ပြုခဲ့ဘူးတဲ့ အကုသိုလ်ကံရဲ့ အကျိုးသက်ရောကမှုကြောင့်လို့ သတ်မှတ်ယူဆခဲ့ပါတယ် ။ ဆိုးရွားလွန်းတဲ့ ရိုက်ခတ်မှုတွေကြားမှာ ကိုယ့်ကိုကိုယ် ဘာဖြစ်ချင်လည်းဆိုတာကိုတောင် မေ့နေခဲ့ဘူးတယ် ။ နေ့တွေကို တစ္ဆေ္စတစ်ကောင်လိုလည်း ရွံ့ရှာ ကြောက်ရွံ့ခဲ့ဘူးတယ် ။ လမ်းမကြီးကိုငေးကြည့်ရင်း အိပ်မပျော်တဲ့ ညတွေကို ရောင်ချာချာနဲ့ မိုးလင်းခဲ့ဘူးတယ် ။ ငိုစရာမျက်ရည်တွေ မကျန်တော့အောင် ခမ်းခြောက်သွားတဲ့အထိ သည်းထန်စွာ ငိုကျွေးခဲ့ရတာလည်း  အခါမလပ်ပါပဲ။ ၀ဋ်ကျွေးတွေကျေဖို့ အချိန်တန်လာတဲ့ အချိန်မှာတော့ ကျွန်မ ဒုက္ခနွံ့ထဲက လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့တယ် ။ အဲဒီလွတ်လပ်ခြင်းက အရာရာကို ပြောင်းလဲ ပြစ်စေခဲ့ပါတယ် ။ ဒီအချိန်ထိ အရာရာကို ကံတရားလို့ တွေးမြင်ခံစားခဲ့ဘူးတယ် ။ မြို့လေးက ပေးတဲ့ လက်ဆောင်လေးအတွက် ကျွန်မ ကိုယ်၊ စိတ် နှစ်ပါးလုံး အပြင် ရုပ်ဝထ္ထုပစ္စည်း ပိုင်ဆိုင်မှုတွေကိုပါ နစ်မြှပ်ပျော်ဝင်ခဲ့ဘူးတယ် ။ ဒီအတွက် ကျွန်မပြန်ရလိုက်ရတဲ့ ရလာဒ်က ဥပက္ခာပြုခံရခြင်းတွေ ဖြစ်တယ် ။ ဒီအထိလည်း ကျွန်မမြို့လေးထဲမှာ နေခွင့်ရနေတာကို ကျေနပ် နေခဲ့ပါသေးတယ် ။ကာလအတန်ကြာတဲ့ အခါမှာ  နွေးထွေးလုံခြုံခြင်းတွေ အတွက် ကံတရားကပေးတဲ့ လက်ဆောင်တစ်ခုကို ထပ်ရလိုက်ပြန်တယ် ။ ဒီတခါမှာတော့ အတော်လေး ကြောက်တတ်နေပါပြီ ။ ချက်ချင်းလက်မခံရဲတော့ဘူး ။ စမ်းသပ်ချက်အမျိုးမျိုး ပြုလုပ်ပြီး စိတ်ကျေနပ်မှုရမှ လက်ဆောင်လေးကို လက်ခံယူလိုက်မိပါတယ် ။ ဒီတခါ လက်ဆောင်လေးကတော့ ကျွန်မကို အေးချမ်းစေခဲ့ပါတယ် ။ လက်ဆောင်လေးရှိရာကို ကျွန်မလိုက်လာတဲ့အခါမှာ ချစ်စရာကောင်းတဲ့ မြို့လေးကို အဝေးတစ်နေရာကနေ လွမ်းနေမိတတ်တယ်။ ဘယ်တော့ အလည်ပြန်ရမလဲဆိုတာကို အချိန်တိုင်း တွေးနေခဲ့ဘူးတယ် ။ ဒါပေမယ့် ခုချိန်မှာတော့ ဒါတွေ မရှိတော့ပါဘူး ။ မရှိတော့အောင် လုပ်လိုက်သူကတော့ မြို့လေးက ပေးခဲ့ဘူးတဲ့ လက်ဆောင်ဟောင်းလေးပေါ့ ။ သူအပေါ် ကျွန်မသည်းခံခဲ့တာတွေကို သူမမြင်တတ်တော့ပါဘူး ။ ထားခဲ့လို့ ကျန်နေခဲ့ရသူအဖြစ် အပြစ်တွေသာမြင်နေခဲ့ပြီ ။ သူထားခဲ့တဲ့ အချိန်တိုင်း တစ်ယောက်ထဲ ခံစားနာကျင်ခဲ့ရတဲ့ အကြိမ်တွေကို သူပြန်မတွေးတတ်တော့ဘူး ။ ကျွန်မက ဒီတခါလေး ထားခဲ့တာပါလို့ ပြောခဲ့စဉ်က သူကပြန်ပြောတယ် ။ ကျွန်မထားခဲ့တာက တဘ၀စာထားခဲ့တာတဲ့လေ ။လက်ဆောင်လေးရယ် မင်းကို မြတ်နိုးအောင်လုပ်ခဲ့တာလည်း မင်းဘဲဖြစ်သလို ၊ တစ်ဘ၀စာ လှည့်မကြည့်ချင်အောင် လုပ်ခဲ့တာလည်း မင်းဘဲလို့ ကျွန်မက ပြောမယ်ဆို ဘာပြောမလဲဟင် ။ အေးချမ်းပါရစေတော့ ။ ပူလောင်ခဲ့ရတဲ့ နေ့ရက်တွေကို အိမ်မက်အဖြစ်တောင် မမက်ချင်တော့ဘူး ။ တစ်ကယ်ခံစားနာကျင်ရသူသာ အသိဆုံးဖြစ်စေမယ့် ခံစားချက်တွေကို လူတိုင်း နားလည်ချင်မှ နားလည်မယ် ။ လက်ဆောင်လေးကို ပေးခဲ့တဲ့ မြို့လေးလည်း သိချင်မှ သိနိုင်မှာပါ ။ မြို့လေးကို သတိရမိကာ ပြန်ဖို့ တာဆူနေတတ်တဲ့ ကျွန်မကို ဘယ်တော့မှ မပြန်ဖြစ်အောင် နားကျင်ခံစားစေခဲ့တဲ့နေ့လေးကတော့ ဘ၀မှာ ဘယ်သောအခါမှ မမေ့စေမယ့် နေ့လေးပါဘဲ ။ လက်ဆောင်ဟောင်းဆီကို မဖြစ်မနေ ဆက်သွယ်ရမယ့် အချိန်ကို ရောက်လာခဲ့တယ် ။ သူဆီကို ဖုန်းဆက်လိုက်မိတယ် ။  သိပ်ကိုမှားသွားတယ်ဆိုတာ အဖြစ်ပျက်တွေ အားလုံးပြီးမှ သိလိုက်ရချိန်မှာ ကျွန်မဘာမှ မတတ်နိုင်တော့ဘူး ။ ခံစားနာကျင်ရုံမှ တစ်ပါး တကယ်ကို ဘာမှ မတတ်နိုင်တော့ပါဘူး။ ဘယ်လောက်ထိ နာကျင်ခံစားလိုက်ရသလဲဆိုရင် ခုချိန်ထိ ပြန်တွေးမိရင် ချက်ချင်းကို မျက်ရည်တွေက အတားဆီးမဲ့ စီးကြလာတတ်ပါတယ် ။သူဆီ ဖုန်းဆက်လိုက်တော့ သူလာကိုင်တယ် ။ ကျွန်မအသံကို ကြားလိုက်တယ်ဆိုရင်ဘဲ အော်လိုက်တာ ကြောက်ဖို့အရမ်းကိုကောင်းပါတယ် ။ ရှက်ဖို့လည်း အလွန်ကောင်းပါတယ် ။ ဒီလောက်အော်စရာ လိုအပ်သလားဆိုတဲ့ မေးခွန်းကို အကြိမ်ကြိမ်ပြန်မေးမိရင်း ငါရူးသွားပြီးလားလို့ ထင်ရအောင်ကို အဲဒီနေ့က ကျွန်မကမ္ဘာပျက်သလို နာကျင်ကြေကွဲခဲ့ရတယ် ။ တင်စားဖို့ စကားလုံးမရှိအောင်ပါပဲ ။ ရိုးသားစွာ ဆက်သွယ်ခဲ့မိတယ် ။ ဆက်သွယ်ရတဲ့ အခြေခံအကြောင်းအရာက  အကြောင်းပြချက်ခိုင်မာတယ် ။ ဒါတွေကို တခုမှ နားမထောင်ဘဲ သူအော်ကြီးဟစ်ကျယ် အသံကုန်ဟစ်ပြောဆိုတာကို ဆုံးအောင်နားထောင်ဖို့ မလိုအပ်ဘူးလို့ မှတ်ယူလို့ သူအရင် ဖုန်းကိုချလိုက်ပါတယ် ။ ၁၀ နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုကြာအောင် ကျွန်မ သူအပေါ် အများကြီး သည်းခံနားလည်ပေးခဲ့ဘူးတယ် ။ ရလာဒ်က ဒါမျိုးကြီးလားရှင် ။ လူတစ်ယောက် နဲ့ တစ်ယောက် ခိုင်မာတဲ့ အကြောင်းအရာတွေ ကြောင့် ကိုယ်လမ်းကိုယ်လျှောက်ကြတာနဲ့ ရန်သူတွေ လို ဆက်ဆံ ဖို့လိုအပ်လို့လား ။ ဒါဟာ စိတ်ဓာတ်ရေးရာ ညံ့ဖျင်းသူတွေ တုံပြန်မှုတစ်ခုလို့ သတ်မှတ်ရင် ကျွန်မလွန်မလား ဆိုတဲ့ မေးခွန်းတွေနဲ့ လက်ဆောင်ဟောင်းလေးကို အပြီးတိုင်မေ့ပြစ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။ လက်ဆောင်သစ်လေး နဲ့ အတူရှိနေခဲ့ပေမယ့် အကြောင်းတိုက်ဆိုင်တဲ့အခါတိုင်း လက်ဆောင်ဟောင်းလေး နဲ့ ပတ်သတ်တာတွေကို ပြောပြတတ်တဲ့ ကျွန်မစကားတွေကို  အေးချမ်းစွာ နားထောင်ပေးတတ်တဲ့ လက်ဆောင်သစ်လေးကို မျက်လုံးထဲ မြင်ယောင်လို့လာမိပါတယ် ။ အဲဒီနေ့ လက်ဆောင်သစ်လေး အလုပ်က ပြန်လာချိန်ကြရင် သူမတောင်းတဲ့ ကတိလေးတစ်ခုကို ကျွန်မပေးလိုက်မိပါတယ် ။ လက်ဆောင်ဟောင်းလေးနဲ့ ပတ်သတ်တာတွေကို ဘယ်တော့မှာ မပြောတော့ဘူးဆိုတာရယ် ၊ ဘာအကြောင်းနဲ့မှ ရိုးသားစွာလည်း ပတ်သတ်ဆက်ဆံခြင်းမရှိတော့ပါဘူးဆိုတဲ့ ကတိလေးကိုပါ ထပ်လောင်းပေးလိုက်မိပါတယ် ။
လက်ဆောင်သစ်လေးနဲ့ အေးချမ်းတဲ့ အခြေနေတစ်ခုမှာ ရှိနေခဲ့ပေမယ်  ပတ်သတ်ရမယ့် အကြောင်းအရာတွေ ရှိလာတဲ့အခါတွေမှာ သူကို့ရိုးစားစွာ သတိတရရှိခဲ့ဘူးပါတယ် ။ ချစ်ခြင်း ၊ မုန်းခြင်းကင်းသော  မိတ်ဆွေတစ်ယောက်လို စိတ်မျိုးနဲ့ပေါ့ ။ ဒါပေမယ့် ခုတော့ ဒါတွေ တကယ်ကို ပြီးဆုံးသွားခဲ့ပါပြီ ။ မြို့လေးကပေးခဲ့ လက်ဆောင်လေးနဲ့ အတူ မြို့လေးကိုပါ  ထာဝရ စွန့်လွတ်လိုက်ရပါတော့တယ် ။ ဘာလို့လည်းဆို သိပ်ချစ်စရာကောင်းတဲ့ မြို့လေးထဲမှာ သိပ်ကို အတ္တကြီးတဲ့ လက်ဆောင်ဟောင်းလေးရှိနေခဲ့တဲ့ အတွက်ပါ ။ တစ်ခုလောက်တော့ မေးချင်တယ် မြို့လေးရယ် ၊ ထားခဲ့တဲ့ သူတိုင်းက မှားတဲ့ဘက်မှာလား ၊ ကျန်ခဲ့ရတဲ့သူတိုင်းကကော မှန်နေတဲ့သူတွေ ဖြစ်ခွင့်ရတော့မှာလား ။ တဆိတ်လောက် ဖြေပေးပါနော် ။ ဒါဆို ကျွန်မ ကို သူထားခဲ့တဲ့ အကြိမ်တွေ မရေတွက်နိုင်အောင်ပါပဲ ။ ခဏခဏ ကျန်နေခဲ့ရဘူးပါတယ် ။ဒါတွေကိုကြ မေ့လိုက်ပြစ်လိုက်ပြီလားလို့မြို့လေးကနေ တဆင့် သူကိုပြောပြပေးပါနော် ။ ထားခဲ့တဲ့ သူတိုင်း မှားရကြေးဆို သူမှားခဲ့တဲ့ အမှားတွေက ရေလို့တောင် မနိုင်နိုင်ပါဘူး မြို့လေးရယ်။ အမှတ်တရတွေ အားလုံး ရေပေါ် အရုပ်ရေးသလို ဘာဆိုဘာမှ မရှိတော့ပါဘူး ။ မြို့လေးကိုတော့ ရိုးသားစွာ တမ်းတမိပါတယ် ။ မြို့လေးက ရိုးသားတယ် ။ နွေးထွေးတယ် ။ ဒီလိုချစ်စရာကောင်းတဲ့ မြို့လေးကို  မသွားချင်အောင် ဖြစ်စေခဲ့တာကတော့ လူတွေက ဖန်တီးလိုက်လို့ပါပဲ ။ ဖန်တီးသူက ဘယ်သူလည်း သူလား ၊ ကျွန်မလား ဆိုတဲ့ အဖြေကို ကျွန်မမသိချင်တော့ပါဘူး။ လောကကြီးမှာ တချို့ဘ၀ပုစ္ဆာတွေက အဖြေမထုတ်ဘဲ ထားတာပိုကောင်းပါတယ် ။ ခုချိန်မှာတော့ facebook ပေါ်က မြို့ဝင်ဆိုင်းဘုတ်လေးတစ်ခုကို ငေးကြည့်ရင်း ပါးပေါ်စီးကျလာတဲ့ မျက်ရည်တွေကို သုတ်ပစ်ဖို့ မေ့လျော့စွာ မြို့လေးကို လွမ်းမိနေပါတော့တယ် ………………………………..

ခိုင်လေး ( ရွှေတောင် )


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/21/2013 11:11:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.