[mrsorcerer:37646] Your Life Success | စိတ်အပန်းဖြေစရာ

စိတ်အပန်းဖြေစရာ

အခုခေတ် ဆယ်ကျော်သက်တွေကို ကြည့်ရတာ Leisure လို့ခေါ်တဲ့ အေးအေးဆေးဆေး နားနေချိန် မရှိကြတာကို တွေ့ရတယ်။ အိပ်ချိန်ကလွဲလို့ စာနဲ့ပဲ အချိန်ကုန်ကြရတယ်။ ကျောင်းကပြန်တာနဲ့ ကျူရှင်၊ ဂိုက် အချိန်ပြည့် သင်ကြရတယ်။

အင်ဂျင်ဒေါင်းသွားတယ် ဆိုတဲ့ စကားကို ကြားဖူးကြတယ် မဟုတ်ပါလား။ အဲဒီလိုပါပဲ၊ ဦးနှောက်ကို မရပ်မနား အလုပ်တွေ လုပ်ခိုင်းတဲ့အခါ စိတ်ဖိစီးမှုတွေများလာပြီး Depression ဆိုတဲ့ စိတ်ဓာတ်ကျဆင်းတဲ့ရောဂါ ၀င်လာတတ်ပါတယ်။ ဒါကြောင့် ဟန်ချက်ညီအောင် အသုံးချပြီး နေတတ်ကြရမှာဖြစ်ပါတယ်။

စာရေးသူတို့ ကျောင်းနေတုန်းကတော့ ကျောင်းမှာသင်တာတွေကို သေသေချာချာ ခေါင်းထဲရောက်အောင် အာရုံစိုက်တယ်။ ကျောင်းက ပြန်လာရင် တစ်ညနေလုံး ကိုယ်ပိုင်အချိန်ပါပဲ။ စာဖတ်(ဗဟုသုတစာ)မယ်၊ ဘက်မင်တန် ရိုက်မယ်၊ သီချင်းနားထောင်မယ်။ ကျူရှင်ယူစရာလည်း မလိုပါဘူး။

စာတွေ လွယ်လို့လားဆိုတော့ မဟုတ်ပါဘူး။ ဘာသာရပ်တွေ များပါတယ်။ အားလုံး မြန်မာစာကလွဲလို့ အင်္ဂလိပ်လိုပဲ သင်ပါတယ်။ ပြဋ္ဌာန်းစာအုပ်တွေ အင်္ဂလိပ်ဘာသာနဲ့ပါပဲ။ စာမေးပွဲဖြေတော့လည်း အင်္ဂလိပ်လိုပါပဲ။ ကျောင်းမှာလည်း အင်္ဂလိပ်လိုပဲ ပြောကြရတယ်။

ညစာကျက်ချိန်မှာ စာမှန်မှန်ကျက်သွားရင် လုံလောက်သွားပါတယ်။ ကျောင်းပိတ်ရက်တွေမှာ ရုပ်ရှင်သွားကြည့်ကြတယ်။ တစ်ခါတစ်ရံ လူကြီးတွေက မိသားစုတွေစုပြီး အင်းယားကန်ဘက်ကို ပျော်ပွဲစားထွက်ကြတယ်။ ပျော်စရာကောင်းခဲ့ပါတယ်။

ဆယ်ကျော်သက်တွေလည်း စာတွေ ဘယ်လောက်များများ၊ ကျူရှင်တွေနဲ့ ဘယ်လောက်ပဲ အချိန်ကုန်ကုန်၊ စိတ်အပန်းဖြေဖို့ အချိန်ကလေးတစ်ချိန်ကိုတော့ ရအောင်ယူပါလို့ တိုက်တွန်းချင်ပါတယ်။ သီချင်းနားထောင်တာ စိတ်ကို နူးညံ့စေပါတယ်။ ၀ါသနာပါရင် ဂီတာတီးတာ၊ စန္ဒရားတီးတာ၊ Key Board တီးတာ သင်ယူနိုင်ပါတယ်။

Mp3 Player ရှိနေတော့ သွားလေရာမှာ သီချင်းနားထောင်နိုင်တာပါပဲ။ Mp3 ကို နားကြပ်နဲ့ အကြာကြီးနားထောင်တာက ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ဂီတသံလေးတွေ ပတ်ဝန်းကျင်မှာ ပျံ့လွင့်နေတာက ပိုပြီး နားထောင်လို့ ကောင်းပါတယ်။

ပတ်ဝန်းကျင်မှာ Music ဂီတသံလေးတွေချည်းသက်သက် တိုးတိုးဖွင့်ပေးထားတာ စိတ်ကို အေးမြစေပါတယ်။ စာရေးသူက Music Time ဆိုတဲ့ သီချင်းနားထောင်တဲ့အချိန်လေး သတ်သတ်ထားတယ်။ စိတ်အပန်းပြေတာပေါ့ကွယ်။

ရုပ်ရှင်လည်း ကြည့်သင့်ပါတယ်။ ဟိုတုန်းကတော့ ရုပ်ရှင်ရုံမှာ သွားကြည့်ရတာ အရသာတစ်မျိုးပါပဲ။ အပြင်ထွက်ခွင့်ရလို့ အပြောင်းအလဲလည်းဖြစ်ပြီး Snacks တွေ ၀ယ်စားပြီး ရုပ်ရှင်ကြည့်ရတာ ပျော်စရာကောင်းလှတယ်။ ရုပ်ရှင်ပြီးရင် မြို့ထဲမှာ တစ်ခုခုသွားပြီး စားနိုင်သေးတယ်။

အခု TV တွေ၊ DVD စက်တွေ ပေါ်လာတော့ ကိုယ့်အိမ်မှာပဲ ရုပ်ရှင်ကြည့်နိုင်နေပြီ။ ကြိုက်တဲ့အခွေကို ကြည့်ရုံပါပဲ။ ဗဟုသုတရအောင် ရုပ်ရှင်လည်း ကြည့်စေလိုပါတယ်။ ခေတ်ဟောင်းက ရုပ်ရှင်တွေလည်း ပြန်ကူးပြီး ရောင်းကြလို့ ဟိုတုန်းက ရုပ်ရှင်တွေ ဘယ်လောက် ခမ်းနားပြီး ကောင်းသလဲဆိုတာ သိရအောင် ကြည့်သင့်ပါတယ်။

လူငယ်တွေ Gandhi ဆိုတဲ့ ဂန္ဒီကြီးရဲ့အကြောင်း ရုပ်ရှင်ကို ကြည့်သင့်ပါတယ်။ သူ့လူမျိုးတွေအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့တဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဖြစ်တယ်။ အတုယူစရာတွေ အများကြီး တွေ့နိုင်ပါတယ်။

TV Game တွေ ပေါ်လာတော့ အားလပ်ချိန်မှာ ဂိမ်းကစားတာလည်း ကောင်းပါတယ်။ ဒါပေမယ့်  အလွန်အကျွံတော့ မဖြစ်စေချင်ပါဘူး။

ကျောင်းပိတ်ရက်တွေမှာ ခရီးသွားလာတာက အပန်းဖြေနည်းတွေထဲမှာ အကောင်းဆုံးနည်းလို့ ထင်ပါတယ်။ စာရေးသူကတော့ ခရီးသွားရတာ စိတ်တွေ လန်းဆန်းလို့ နှစ်သက်ပါတယ်။ မိဘတွေနဲ့ဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ဖြစ်စေ သွားကြစေလိုပါတယ်။ အပျော်သက်သက်မဟုတ်ဘဲ သဘာဝရှုခင်းတွေကို ကြည်ကြည်နူးနူး ခံစားကြည့်ပါ။

ကမ်းခြေမှာ လမ်းလျှောက်ပါ။ ရေကူးပါ။

တောင်တက်တာလည်း ကျန်းမာရေးအတွက် သင့်တော်ပါတယ်။ ခရီးက ပြန်လာရင် စိတ်သစ်လူသစ် ဖြစ်သွားပါလိမ့်မယ်။ ပညာသင်ရာမှာ အင်အားတွေ တိုးသွားမှာပါ။

ပန်းချီဆွဲဝါသနာပါရင် စိတ်ငြိမ်ပြီး အပန်းပြေတာပါပဲ။ တိတ်ဆိတ်တဲ့တစ်နေရာမှာ စိတ်ကိုနှစ်ပြီး ပန်းချီတစ်ကား ဆွဲကြည့်ပါလား။ အထူးသဖြင့် ရှုခင်းပုံတွေပေါ့နော်။

ဓာတ်ပုံရိုက် ၀ါသနာပါရင်လည်း ခရီးသွားတဲ့အခါ ဓာတ်ပုံရိုက်ရတာ ကြည်နူးစရာ ကောင်းပါတယ်။ ဓာတ်ပုံလေးတွေကို ကူးပြီး အယ်လ်ဘမ်ထဲမှာ ထည့်ထားလိုက်ရင် ပြန်ကြည့်တိုင်း ကြည့်နူးပြီး စိတ်အပန်းပြေစေနိုင်ပါတယ်။

နောက်ထပ် အကောင်းဆုံး အပန်းဖြေနည်းကတော့ တစ်နေ့ကို (၁၅) မိနစ်လောက်ပဲဖြစ်ဖြစ် မျက်လုံးလေး အသာမှိတ်ပြီး ၀င်လေထွက်လေကို မှတ်ကြည့်မယ်ဆိုရင် ချက်ချင်း စိတ်ကြည်လင် အေးချမ်းသွားပါလိမ့်မယ်။

ဘယ်လို နည်းလမ်းနဲ့ပဲဖြစ်စေ အပန်းဖြေနည်းလေး တချို့ကို ရှာကြည့်ပြီး အပန်းဖြေစရာ Leisure အချိန်လေး ရနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

(ခင်စောတင့်ဆယ်ကျော်သက်များနှင့် စကားပြောခြင်း စာအုပ်မှ ထုတ်နှုတ်သည်)



Like Your Life Success on Facebook!



Read More:

စိတ်ဖိစီးမှုနည်းသောသူတို့၏ အမူအကျင့် (၁၀) ခု

တကယ်ပျော်ချင်ရင် …

သင်ပျင်းတဲ့အခါ လုပ်စရာ(၁၀)ခု

ပိုပြီးပျော်ရွှင်ဖို့အတွက် (၇)ရက်သင်တန်း ( FREE e-book)


Get Our Special Newsletters!



Note >>> ( Your Life Success Blog မှ ကူးယူဖော်ပြပါသည်။ )


အောင်မြင်ပျော်ရွှင်ရေး၊ လူမှုဆက်ဆံရေးနှင့်န့စဉ်ဘ၀အတွက် စိတ်ဓာတ်ခွန်အား

Your Life Success

www.yourlifesuccess.blog.com

Facebook | Blog | Email | Special Newsletters 


--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.