[mrsorcerer:37655] Fwd: [လူဗိုလ်ဟူသည် ...] ~ ဟိံသတရားနှင့် လူသား ~



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/22
Subject: [လူဗိုလ်ဟူသည် ...] ~ ဟိံသတရားနှင့် လူသား ~
To: lubo601@gmail.com



အကြမ်းဖက်တဲ့ စရိုက် (ဟိံသတရား) ဟာ လူသားမျိုးနွယ်အတွက် ကောင်းကျိုး တစ်စုံတရာ မရှိတဲ့ အပြင် ရောဂါ တစ်မျိုး လို့ပဲ ပြောရပါလိမ့်မယ်။
တိရစ္ဆာန်တွေ ကို ကြည့်ကြည့်ပါ။ သူတို့ အတွက်တော့ အဲ့လို မဟုတ်ဘူး။ သူတို့ အတွက် အကြမ်းဖက် စရိုက်ဟာ ရောဂါ မဟုတ်ဘူး။ သဘာဝသာ ဖြစ်တယ်။ ဆိုပါစို့ - သားရဲတိရစ္ဆာန်တွေ ကြားမှာ အဟိံသ လမ်းစဉ် ကို ခင်ဗျား ဆွေးနွေးပြလို့ မရဘူး။ အဟိံသ လမ်းအတွက် ဆွေးနွေးရှင်းပြနိုင်စရာ၊ သူတို့ နားလည်သွားနိုင်စရာ အလားအလာလည်း မရှိဘူး။ ဘာလို့ဆို သူတို့အသွင်သန္တာန် နဲ့ ဉာဉ်မှာ အဟိံသ အတွက် နေရာမပေးထားဘူး။ သူတို့ ဓလေ့မှာကိုက အဟိံသ အတွက် စိတ်ကူးစိတ်သန်းကို မရှိလို့ပဲ။ ဒါ့ကြောင့် မဟာ့မဟာ လူသားသတ္တဝါတွေမှာ တိရစ္ဆာန်တွေရဲ့ အကြမ်းဖက်စရိုက် ဘယ်လို ပေါက်ဖွားလာသလဲ လို့ စဉ်းစားရင် -- လူမှာ တိရစ္ဆာန်တွေရဲ့ ဉာဉ်ကို မွေးမြူထားလို့၊ ဒါမှမဟုတ်၊ လူဟာ တိရစ္ဆာန်တွေဆီက အတုခိုး သင်ယူထားလို့။ ဒါမှမဟုတ်၊ ယူချင်း ယူရင် - အဲ့ဒီ အကြမ်းဖက်စရိုက်ကို တိရစ္ဆာန်တွေနဲ့ မျိုးရိုးနွယ်ယှက်ရင်း ဆက်ခံယူထားလို့သာ ဖြစ်တယ်။

ဒါ့ကြောင့် အကြမ်းဖက်တတ်တဲ့ လူစားမျိုးဟာ တိရိစ္ဆာန်တွေဆီက ရောဂါကူးစက်ခံထားရတာ လို့ ပြောရမယ်။ အစားတစ်ခု အတွက် အမဲဖျက်နေတဲ့ သားရဲတွေရဲ့ သွင်ပြင်ဟာ ကျနော်တို့ အများ အမြင် မှာ ကြောက်လန့်စရာ မြင်ရသလို၊ - အလားတူ၊ အကြမ်းဖက်ဖို့ တာစူနေတဲ့ လူတစ်ဦး (ဝါ) အဖွဲ့အစည်းတစ်ခုရဲ့ သွင်ပြင်မှာလည်း ကြောက်လန့်စရာ မြင်ရမှာပဲ။ တိရစ္ဆာန်တွေ ဆာလောင်မွတ်သိပ်နေတဲ့ အချိန်၊ မာန်ဖီ စားခွက်လုနေတဲ့ အချိန် အသိတရားမဲ့ အပြုအမူတွေ အထင်အရှား မြင်ရမယ်။ အလားတူ - အကြမ်းဖက်မှု ရှိနေတဲ့ လူမှာလည်း အသိတရားမဲ့ အပြုအမူတွေပဲ တွေ့ရမှာပဲ။

ဆိုလိုတာက -- အကြမ်းဖက်မှုဟာ အသိကင်းမဲ့မှုရဲ့ ပြယုဂ် ဖြစ်ပါတယ်။

ဒါဆို မနုဿ လို့ ပါဠိလို ခေါ်တဲ့ "လူ" ကို ပြန်သွားကြည့်ကြစို့။ ဗုဒ္ဓက လူကို မနုဿ လို့ ညွှန်းဆိုတာဟာ အဓိပ္ပာယ် အပြည့်အဝ ရှိတယ်မဟုတ်လား။ အားလုံးလည်း ကြားနာဖူးပြီးသား ဖြစ်တဲ့/ ဖြစ်လောက်တဲ့ "မနုဿ" ရဲ့ အဓိပ္ပာယ်ဟာ - "မန" စိတ်ထား၊ ဥဿ "မြင့်မြတ်သူ" ။ မနုဿ - စိတ်ထားမြင့်မြတ်သူ ကိုသာ လူလို့ ခေါ်ဆိုနိုင်တာ ဖြစ်တယ်။ ဒါဆိုရင် စိတ်ထားမြင့်မြတ်ဖို့ မဆိုထားဘိဦး၊ အသိစိတ်၊ နားလည်နိုင်မှု စိတ်ကလေးတောင် ကင်းမဲ့နေတဲ့ လူ (ဝါ) အကြမ်းဖက်မှု ပြည့်နေတဲ့သူ ဟာ လူ ဟုတ်ပါတော့မလား။ မနုဿ အစစ်အမှန် ဖြစ်ရဲ့လား။ ကျနော် သံသယ ရှိပါတယ်။
..........................
March 22nd 2013 at 5:00 PM
Apologized: Note တစ်ခုစာ ရေးဖို့ ပြင်ပေမယ့် ဆက်မရေးဖြစ်လို့ ဒီအတိုင်းပဲ တင်လိုက်ပါတယ်။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/23/2013 12:24:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.