[mrsorcerer:37690] မိတ္ထီလာမြို့အကြမ်းဖက်မှု့အား မြို့ခံ အစ္စလာမ်ဘာသာဝင်များ၊ ဗုဒ္ဓဘာသာဝင်များ၏ ရင်နှင့်ဖွယ် ခံစားချက် အမြင်



http://www.youtube.com/watch?v=4HqKCkGiXBE&feature=player_embedded

--

မတ် ၂၄ ၊ ၂၀၁၃

ကမာရွတ်မီဒီယာမှ ကူးယူဖော်ပြပါသည်။

မြန်မာသမ္မတ ဦးသိန်းစိန်က အရေးပေါ်အခြေအနေကြေညာပြီးနောက်ပိုင်း မိတ္ထီလာခရိုင်အတွင်း အကြမ်းဖက်တိုင်ခိုက်မှုတွေကြောင့် ၃၂ ဦးသေဆုံးခဲ့တယ် လို့ မြန်မာအစိုးရက မတ်လ ၂၃ ရက်နေ့ မှာ ကြေညာခဲ့ပါတယ်။

ဒုက္ခသည်တစ်ဦး (ပဌမကျော် ဓမ္မာစရိယတိုက်သစ်ကျောင်း၊ ယာယီဒုက္ခသည်စခန်း) – လူတွေ အယောက် ၃၀၀ ကျော်လောက်က ဒီကုလားတွေကို ထုတ်ပေး၊ ထုတ်မပေးလို့ ရှိရင် မီးနဲ့ ရှို့ မယ်၊ သတ်မယ် ဖြတ်မယ် ပေါ့နော့်။ အဲ့ဒီကနေ သူတို့ က ထုတ်မပေးတဲ့ခါကျတော့ တိုက်တွေဖြို ဈေးက ဗလီတွေကို မီးတွေနဲ့ ရှို့ ၊ လူထု ဗမာလူထုတွေက။ ရပ်ကွက်မျိုးစုံကနေထွက်လာပြီးတော့ ဒီကုလားတွေကို မထားဘူး။ ကယ်ဆယ်ရေး စခန်းက ရဲတွေရောက်လာတဲ့ ခါကျတော့ ထုတ်မပေးတဲ့ခါကျတော့ မီးတွေနဲ့ ရှို့ မယ် တုတ်တွေနဲ့ ရိုက်မယ်လုပ်တဲ့ခါကျတော့ ကယ်ဆယ်ရေးစခန်းကထုတ်လာတယ်။ ထုတ်ပေးလိုက်တော့တာ အဲ့ဒီမှာ။ နောက်ဖက်ကို မပြေးပဲဗမာဖက်ကို စုပြီးပြေးလာတဲ့ခါကျတော့ အကုန်ဝိုင်းရိုက်ကုန်ကျတာ။ ၀ိုင်းရိုက်ကုန်တော့ အကုန်လူကြီးကလေး ၅၀လောက် စုသေတာ။ ဗမာတွေက ရိုက်တာ။ ကုလားတွေကို"

အကြမ်းဖက်တိုက်ခိုက်မှုတွေ သတ်ဖြတ်မှုတွေကို ကိုယ်တိုင်မြင်တွေ့ ခဲ့ရတဲ့ မိတ္ထီလာမြို့ ခံတွေ အခြားမျက်မြင်သက်သေတွေပြောဆိုချက်အရဆိုရင် အနည်းဆုံး လူ ၅၀ ကျော်ဟာ ဒုတ်၊ ဓား၊ လက်နက်တွေနဲ့  တိုက်ခိုက်သတ်ဖြတ်ခံရပြီး မီးတင်ရှို့ ခံရတာလို့ ဆိုပါတယ်။

ကိုကျော်ဝင်း (ဒုက္ခသည်တစ်ဦး အထက ၂) – လက်ရှိသူ့ ရဲ့ သားဟာ အဲ့ဒီပုံစံမျိုးနဲ့ ရှိနေတယ်။ အဲ့ဒီကိစ္စကို ကျနော်တို့ ပြန်လိုချင်တယ်။ ကျနော်တို့ ပါကျနော်တို့  မိရိုးဖလာ ထုံးတမ်းစဉ်လာအရ ကျနော်တို့ ပြန်သဂြိုလ်ချင်တယ်။ အခုလိုဖြစ်တဲ့ကိစ္စက ကျနော်တို့  ဘာလို့ ဖြစ်ရတာတုန်း ဒီကိစ္စ။ ကျနော်တို့ လည်းဒီမှာပဲမွေးတာ၊ ဒီမှာပဲနေတယ်။ ကျနော်တို့ ဒီမှာ အတူတူနေ အတူတူစား အတူတူကြီးပြင်းလာတာ၊ ကျနော်တို့ က ဘာသာမတူ ကွဲပြားနေပေမဲ့ ကျနော်တို့ က ဒီမှာပဲတသက်လုံးမွေးလာတဲ့လူ၊ တသက်လုံး ဘိုးစဉ်ဘောင်ဆက် မွေးလာတဲ့လူတွေ။ ဒီလိုမျိုးလုပ်လိုက်တဲ့ အလုပ်ကြီးက ကျနော်တို့  ဘယ်လိုမှ မခံစားနိုင်တော့ဘူး။

အားကစားကွင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ ဒုက္ခသည်တွေ ထောင်နဲ့ ချီရှိနေကြပြီး အရေအတွက် အတိအကျကို မသိနိုင်သေးသလို ကူညီထောက်ပံ့ရေးတွေက မလောက်မငှ ဖြစ်နေဆဲဖြစ်ပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဘီဂျေနမ်ဘီယာဟာ သမ္မတရုံးဝန်ကြီးဦးအောင်မင်းနဲ့ အတူ မိတ္ထီလာက ဒုက္ခသည်စခန်းတွေကို မတ်လ ၂၄ ရက်နေ့ မနက်မှာပဲ သွားရောက်ကြည့်ရှုခဲ့ပါတယ်။

မိတ္ထီလာခရိုင်အတွင်းဖြစ်ပွားခဲ့တဲ့ ၃ ရက်ကြာ အုပ်စုဖွဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် မိတ္ထီလာမြို့ ဟာ မီးလောင်ပြင်ကြီးလိုဖြစ်နေပြီး အခြေအနေတွေ တည်ငြိမ်လာနေပေမဲ့ အလားတူ တိုက်ခိုက်မှုတွေ အခြားမြို့ တွေကို ကူးစက်သွားနိုင်မဲ့ သွေးထိုးလှုံ့ ဆော်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ကိုကျော်ကျော် (ဒေသခံတစ်ဦး) – ကျနော်က ဗုဒ္ဓဘာသာမြန်မာလူမျိုးစစ်စစ်တစ်ယောက်ပါ။ လူသားချင်းကိုယ်ချင်းစာနာစိတ်မရှိပဲနဲ့ လူသားတွေဟာ လည်ပင်းကို ကြိုးဆွဲပြီးတော့ မတရားသဖြင့်သတ်တာတွေဟာ ဒါ လူလူချင်းမဆန်တဲ့ ဒုစရိုက်တွေပါတယ်လို့ ကျနော်ယူဆ ပါတယ်။ ကျနော့်ကို အမျိုးမျိုးစစ်လို့ ရပါတယ်။ ကိုယ်ချင်းစာနာစိတ်မရှိတဲ့ လူသားချင်းကိုယ်ချင်းစာနာစိတ်မရှိတဲ့ လူမဆန်တဲ့ ခိုးဆိုးလုယက်မှုတွေကြောင့် ကျနော်နဲ့ ဘာသာမတူတဲ့ မူဆလင်လေးတွေဟာ လူသားတွေနဲ့ မတူ အသက်တချောင်းကို စတေးပြီးတော့ ခွေးတွေ ၀က်တွေလိုသေရတာ ရင်ထဲမှာ အလွန်မတန် ခံစားရပါတယ်ဗျာ။

http://www.youtube.com/watch?v=4HqKCkGiXBE&feature=player_embedded

မတ်လ ၂၅ ၊ ၂၀၁၃
ရေးသူ-ဝိုင်း

 

ants-red-ants

၂၀၁၃-ခု မတ်လမှာ မိတ္ထီလာက မွတ်စလင်မ်တွေကို အကြမ်းဖက်ခံရတဲ့ ကိစ္စကစပြီး မြန်မာ တစ်နိုင်ငံလုံး နေရာတော်တော်များများမှာ စိုးရိမ်ထိတ်လန့်မှုတွေ ခံစားလာနေကြတယ်။

"ဘယ်မြို့မှာ ဘာဖြစ်နေပြန်ပြီ။ ဘယ်နေရာမှာ ဘာဇာတ်လမ်းစနေပြီ။ ဘယ်ဒေသမှာတော့ ဘယ်သူတွေဝင်လာနေပြီ။"စတဲ့ သတင်းပေး/သတိပေးတာတွေလည်း နေရာအနှံ့အပြားကနေ ပေါ်ထွက်လာနေတယ်။ တချို့ဒေသအကြောင်းအရာတွေက အမှန်တကယ် ပြဿနာစဖြစ်ပွားနေတာမျိုးရှိသလို တချို့ဒေသကလည်း စိုးရိမ်ပူပန်မှုတွေကနေ ထွက်ပေါ်လာတဲ့စကားသံတွေ၊ တချို့ဒေသကလည်း ပြဿနာမဖြစ် ဖြစ်အောင် မှိုင်းတိုက်ဝါဒဖြန့်နေတာမျိုးတွေ ဖြစ်နေပါတယ်။

ဒါကြောင့် ပြောချင်တာက ကိုယ်သိလိုက်တဲ့၊ ကိုယ်ရရှိလိုက်တဲ့ information တစ်ခုခုဆို အွန်လိုင်း မှာ ချက်ချင်းဖြန့်ဝေလိုက်တာမျိုးမဟုတ်ပဲ အဲဒီသတင်း၊ အဲဒီကိစ္စရပ် မှန်မမှန်ဆိုတာကို လေ့လာသုံးသပ်ပြီး သေချာပြီဆိုမှ ပြောပြစေချင်ပါတယ်။

မနေ့ညက ရန်ကုန်မှာဖြစ်ပေါ်ခဲ့တဲ့ ဆူပူအောင်လှုံ့ဆော်နေမှုနဲ့ပတ်သက်ပြီး ကျွန်မ မျက်မြင်တွေ့နေရတာတွေကို တော်တော်လေးလည်း စိတ်ညစ်ပါတယ်။ မနေ့ည ၈-နာရီကျော်ကျော်လောက်မှာ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်တယ် လမ်း ၁၁၉ လမ်းနားမှာ ပြဿနာဖြစ်နေတယ်လို့ကြားတယ်၊ နောက်တစ်ယောက်က လမ်း ၁၂၀ နားက ဗလီနားမှာ၊ နောက် လမ်းကျယ်မှာ၊ မင်္ဂလာဈေးနားမှာ သတိထားနေပါဦးဆိုပြီး ဖုန်းတွေဆက်တိုက်ခေါ်ပြီး ပြောလာကြတယ်။ ကျွန်မလည်း သတိတော့ထားပါမယ်။ အခုတော့ ဒီနားမှာဘာမှ မဖြစ်နေပါဘူးလို့ပြောပြီး ကိုယ်လုပ်စရာရှိတာဆက်လုပ်နေလိုက်တယ်။

နောက် ည ၉-နာရီကျော်လောက်ကြတော့ အိမ်ရှေ့လမ်းမကနေ အသံစူးစူးဝါးဝါးကြီးအော်လိုက်သံကြားလိုက်တယ်။ အသံကြားရတာ တော်တော်လေးတော့ လန့်သွားတယ်။ ဘာကို အော်မှန်းသိပေမယ့် အသံစူးစူးကြီးက တော်တော်ကို လန့်စရာကောင်းတယ်။ ဒါနဲ့ ကြည့်လိုက်တော့ လူ ၂-ယောက် ၃-ယောက် ထွက်ပြေးနေတယ်။ ဘာဖြစ်တာလဲ မသိဘူး။ တစ်ခြားသူတွေကလည်း အဲဒီပြေးတဲ့လူတွေကို ရပ်ကြည့်နေတာတွေ့တာ သြော် ဘာမှ မဟုတ်ပါဘူးဆိုပြီးနေလိုက်တယ်။ သတိတော့ထားကြည့်နေမိတယ်။ ဒါပေမယ့် ခဏနေတော့ ဖုန်းတွေဝင်လာပြန်ရော လမ်းကျယ်မှာ ပြဿနာဖြစ်နေပြီဆိုပြီးတော့။ အဲဒီအချိန်မှာ တကယ်ဖြစ်နေတာက လမ်းကျယ်ထဲကို ဟိုင်းလတ်တစ်စီး ဒိုင်နာတစ်စီးမောင်းဝင်လာတယ်။ လမ်းထဲမှာ လျှောက်အော်ပြီး ရပ်ကွက်အတွင်းနေသူတွေကို အထိတ်တလန့်ဖြစ်အောင် လုပ်ကြတော့။ ရပ်ကွက်ထဲက မွတ်စလင်မ်တွေကလည်း ထွက်လာပြီးစုရုံးလာကြတယ်။ ပြီးတော့ အလ္လာဟ်အရှင်မြတ်နာမတော်ကို တသပြီး ဘုရားစာကို တစ်ညီတစ်ညွတ်တည်း သံပြိုင်ရွတ်ရင်း လမ်းပေါ်ထွက်လာကြတယ်။ အဲလို မွတ်စလင်မ်တွေ စုရုံးလာလိုက်တော့ ခုနက ကားနဲ့လူတွေက ထွက်ပြေးသွားကြတယ်။ အဲဒီကနေတဆင့် မင်္ဂလာတောင်ညွန့်တ၀ိုက်မှာ တော်တော်လေး ဆူညံပွက်လောရိုက်သွားတယ်။

တချို့ညီမတွေ ကျွန်မကို ဖုန်းဆက်တဲ့အချိန် သူတို့အသံတွေ တုန်နေတယ်။ တချို့ကလည်း ဖုန်းတောင် ဆုံးအောင် မပြောနိုင်ဘူး။ ကျွန်မလည်း အဲဒီအချိန်မှာ စိတ်က တော်တော်လေး ထွေပြားသွားပြီ။ ဒါပေမယ့် အတတ်နိုင်ဆုံးတော့ စိတ်ကိုတည်ငြိမ်အောင်ကြိုးစားရင်း ဘာဆက်လုပ်သင့်သလဲဆိုတာကို စဉ်းစားနေတယ်။ တဆက်တည်းမှာပဲ ဖုန်းတွေလည်း ဆက်တိုက်ပြောနေရတယ်။ အစ်ကိုတစ်ယောက်ဆိုလည်း တစ်ချိန်လုံးဖုန်းခေါ်ပြီး ညီမ အခုဘယ်လိုလဲ၊ ဘယ်လို အခြေအနေရှိလဲဆိုတာ လှမ်းမေးနေတယ်။ တချို့လည်း အခုလက်ရှိအခြေအနေတွေကို လှမ်းမေးကြတယ်။ ကျွန်မလည်း မေးလာတဲ့သူတွေ ပိုပြီးစိတ်မပူရအောင် တတ်နိုင်သမျှထိန်းသိမ်းပြီး ပြန်ဖြေပေးနေရတယ်။ ဒါပေမယ့် ကိုယ်တိုင်မှာလည်း စိတ်ပူပင်မှုတွေ အပြည့်နဲ့ပါ။ ခဏနေတော့ ၁၀၁-လမ်း ဘက်က ရောင်နသ်ဗလီနားကို အကြမ်းဖက်လူစုရောက်လာပြီး အော်ဟစ်ကာကားမောင်းပြေးပါတယ်။ အဲဒီအချိန်မှာပဲ အဲဒီအနီးတ၀ိုက်က မွတ်စလင်မ်တွေက ခုနကလို အလ္လာဟ်နာ့မတော်ကိုတသ ဘုရားစာကို သံပြိုင်ရွတ်ပြီး ထွက်လာကြတယ်။ ခုနက အကြမ်းဖက်လူစု ထွက်ပြေးသွားတယ်။ ညီမတစ်ယောက်က ဖုန်းခေါ်လာတယ် ကျွန်မတို့တွေ အိမ်ချင်းနီးနေပေမယ့် ဖုန်းနဲ့ပဲ ဆက်သွယ်နေကြရတယ်။ သူလည်း အသံတွေတုန်ပြီး ငိုတော့မလိုဖြစ်နေတယ်။ ကျွန်မလည်း သူ့ကို အားမပေးနိုင်ပါဘူး။ ဒါဆို ဒါပဲနော်ဆိုပြီး ဖုန်းချလိုက်ရတယ်။ ခဏနေတော့ ဆက်တိုက်ဆိုသလို ဆူညံသံတွေကြားရတယ်။ နောက် light truck ကား ၃-စီးက လမ်းကျယ်ဘက်ကို မောင်းသွားတယ်။ ကြည့်ရတာ ရဲ ဒါမှမဟုတ် စစ်တပ်လို့ ယူဆရတယ်။ ခဏနေကျတော့ ခုနက ကား ၃-စီးထဲက ကား ၂-စီးက ပြန်ထွက်သွားတာ တွေ့ရတယ်။

မအူကုန်း၊ မင်္ဂလာတောင်ညွန့်စတဲ့ မွတ်စလင်မ်ရပ်ကွက်တွေက လမ်းတွေမှာ မွတ်စလင်မ်တွေလည်း စုရုံးနေကြတယ်။ ပါးစပ်က ဘုရားစာတွေလည်း သံပြိုင်ရွတ်နေကြတယ်။ အဲဒီ မွတ်စလင်မ်တွေတွေ အားလုံးကလည်း တစ်ညီတညွတ်တည်း ပြောလာကြတယ်။ "ငါတို့ကစပြီး ဘာမှ မလုပ်ဘူး။ တကယ်လို့ တဘက်က လုပ်လာခဲ့ရင်တော့ ငါတို့အားလုံး ပြန်လည်ခုခံကြမယ်။"ဆိုပြီး ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့အတွက် ပြင်ဆင်လာကြပါတော့တယ်။ အဲဒီ ကား၂-စီးက မအူကုန်း၊ မင်္ဂလာတောင်ညွန့်တ၀ိုက်သာမကပဲ ရန်ကုန်မြို့ မွတ်စလင်မ်ရပ်ကွက်တော်တော်များမှာ လိုက်ပတ်ပြီး ဆူပူအုံကြွအောင် လုပ်ဆောင်ပါတယ်။ ကျွန်မစဉ်းစားတာက အဲဒီ ကား ၂-စီးရဲ့ ကားနံပါတ်တွေကို ဘာကြောင့် မမှတ်နိုင်လိုက်ကြတာလဲ။ ကျွန်မကိုယ်တိုင် အပါအ၀င်ပေါ့။ ပြီးတော့ နိုင်ငံတော်လုံခြုံရေးကို တာဝန်ယူထားရသူတွေရော ဘာလို့ အဲဒီ ကား ၂-စီးကို ဖမ်းဆီးထိန်းသိမ်းမှု မလုပ်နိုင်ရတာလဲ။

မနေ့ညက ရန်ကုန်မှာ တကယ်တမ်း ဘာပြဿနာမှ ကြီးကြီးမားမား မဖြစ်သွားခဲ့ဘူး။ ဒါပေမယ့် အေးချမ်းစွာနေနေတဲ့ ပြည်သူလူထုတွေကြားထဲတော့ မအေးချမ်းမှုတွေဖြစ်သွားတာ အမှန်ပဲ …. ။ လူတွေအားလုံးဟာ ကျီးလန့်စာစားဖြစ်ကုန်ကြတယ်။ သေချာတာကတော့ မွတ်စလင်မ်တွေအားလုံးလည်း စိတ်သောကတွေဖြစ်သွားရသလို ရပ်ကွက်ထဲနေ ဘာသာခြားတချို့လည်း စိုးရိမ်မှုတွေ ဖြစ်လာကြတာပါပဲ။ ရပ်ကွက်တစ်ခုမှာ ပြဿနာဖြစ်လာရင် ရပ်ကွက်နေ သူသူကိုယ်ကိုယ် ထိခိုက်နစ်နာမှုကရှိစမြဲပဲလေ။ ကျွန်မအပါအ၀င် ရပ်ကွက်သားတော်တော်များများလည်း တစ်ညလုံးနီးပါး အိပ်မပျော်ကြတော့ပါဘူး။ တကယ်တမ်းဖြစ်လာရင် အားလုံး နစ်နာကြရပါတယ်။ မွတ်စလင်မ်တွေအနေနဲ့ ဘယ်သူ့ကိုမှစပြီး စော်ကားရန်စမှာ မဟုတ်ပဲ မိမိကိုယ်ကို လုံခြုံရေးကြောင့် စုရုံးစောင့်ကြည့်နေကြရတာသာဖြစ်တယ်။ ဒါကြောင့် မဟုတ်တမ်းတရား တလွဲလျှောက်ရေး၊ လျှောက်ပြောနေတာတွေကို မလုပ်ပဲ အမှန်တရားကိုသာ ဖော်ထုတ်ရေးသား ပြောဆိုကြပါလို့ ပြောချင်ပါတယ်။

နိုင်ငံတော်က တာဝန်ရှိသူတွေ(အောက်ခြေမှ ဗဟိုအဆင့်ထိ)ကလည်း အခုလို ပြဿနာရပ်တွေ ထပ်မံမဖြစ်ပွားဖို့ အမြန်ဆုံးထိန်းသိမ်းဆောင်ရွက်သင့်ပါပြီ။ အခုအချိန်မှာမှ မထိန်းသိမ်းသိမ်းနိုင်ရင် မြန်မာနိုင်ငံအရေးက ပိုပြီး ပိုပြီး ရင်လေးဖွယ်ရာအတိပါပဲ ….. ။

အဲဒါကတော့မနေ့ညက ကြုံရတဲ့ အခြေအနေပါ ……….
ဒီနေ့လည်း မနက်ပိုင်းကတည်းက အခုအချိန်ထိ စိတ်မချမ်းသာစရာပဲ ဆက်တိုက်ကြားနေရတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးဘယ်မှာလဲ။ ဒီလောက်နဲ့ပဲ ရပ်တန့်သင့်ကြပါပြီ။

အဲလိုမှ မဟုတ်ရင် ကျွန်မတို့ပြည်သူပြည်သားတွေရဲ့ ဘ၀အခြေအနေတွေဟာ မှတစ်ပါး အခြားမရှိတော့ပြီလား ………… ?

နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းရေးကို တမင်အကွက်ချ ဖျက်ဆီးနေတဲ့လူတွေရှိနေတာ အသေအချာပါပဲ။ ဒါကြောင့် ဒီလို လှုံ့ဆော်နေမှုတွေကို အခုချိန်မှာ လူမျိုးဘာသာမခွဲခြားပဲ အတူတကွ လက်တွဲတွန်းလှန်သွားဖို့လိုပါတယ်။



မတ်လ ၂၄ ည ၁၀ နာရီခန့် မှစ၍ အကြမ်းဖက်လူရမ်းကားတစ်စုသည် ရန်ကုန်မြို့ မွတ်စလင်မ်အ များစုနေ ထိုင်ရာ ရပ်ကွက်များသို့  ကား ၂-စီးဖြင့် လှည့်ပတ်သွားလာ အော်ဟစ်နေပြီး တိုက်ခိုက်ရန် ညာသံပေးကြိုးစား ရာ ဒေသခံမွတ်စလင်မ်များက ဟန့်တားကာကွယ်ရန်ဆိုင်းပြင်းသဖြင့် ထွက်ပြေးသွားသည်။

ထိုသို့ အကြိမ်ကြိမ်ကြိုးစားရာ မွတ်စလင်မ်များက ခေါင်းငုံမခံပဲ ပြန်လည်ဟန့်တားခုခံသဖြင့် တိုက်ခိုက်မှုမအောင်မြင်ခဲ့ကြောင်း မျက်မြင်တဦးကပြောသည်။

မတ်လ ၂၅ ရက်နေ့  ၁ နာရီ ၃၀ မိနစ်ခန့်  တွင် M-Media မှ ဖုန်းနှင့် ဆက်သွယ်မေးမြန်းနေချိန်အတွင်း ကား နှစ်စီးခန့် ဖြင့် ၀င်ရောက်လာပြီး အော်သံများထွက်လာကြောင်း မွတ်စလင်မ်အမျိုးသမီးကပြောသည်။

"အလ္လာဟ်၊ ဒီမှာလာနေပြီ၊ ၁၀၁ လမ်းထိပ်က ရောင်နက်ပလီကို၊ ဒိုအာလုပ်ပါ (ဆုတောင်းပါ)။ လမ်းထိပ်မှာ ရောင်နက်ဗလီရှိတယ်။ အသံတွေ ဆူဆူညံညံကြားတယ်။ မွတ်စလင်မ်တွေကလည်း သက္ကဘီရ် (ဘုရားစာ) ရွတ်နေကြတယ်။"

အဆိုပါ အကြမ်းဖက်သမားများသည် ကားနှစ်စီးဖြင့် တမြို့ လုံး ပတ်သွားလျက်ပြီး မအူကုန်းမြို့နယ် လမ်းကျယ်၊ မင်္ဂလာတောင်ညွန်မြို့နယ် လမ်း-၁၂၀ ဗလီအနီးနှင့် တ၀ိုက်လမ်းများနှင့် ပန်းပဲတန်းတွင် ရန်စမှုများ ကြိုးစားပြီး ရောင်နက် ဗလီကိုလည်း ခဲများဖြင့် ပစ်ပေါက်သွားကြောင်း မျက်မြင်တဦးက M-Media ကို ပြောပြလာသည်။


မတ်လ ၂၄၊ ၂၀၁၃
M-Media
သတင်း – ၀ါးပင်လေး

Hinta ta

ဟင်္သာတ။     ။ မတ်လ ၂၂ရက်နေ့ ည ၉နာရီကျော်တွင် အစ္စလာမ်ဘာသာဝင် တစ်ဦး ပိုင်ဆိုင်သော စိုးစံ စားသောက်ဆိုင်၌ ၉၆၉အမည်ခံ လူရမ်းကား သုံးဦး အနိုင်ကျင့် ဗိုလ်ကျကာ ရန်စမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဧရာဝတီတိုင်း ဟင်္သာတ မြို့နေ စိုးစံ စားသောက်ဆိုင် ပိုင်ရှင် ဦးဂျော်နီအား ဆက်သွယ်မေးမြန်းခဲ့ရာ "ကျွန်တော်တို့ ဆိုင်က ဥယျာဉ်မြောက် ရပ်ကွက်မှာရှိတာပါ။ည ၉နာရီ ကျော်လောက်မှာဆိုင်ကယ် ကိုယ်စီနဲ့ လူသုံးယောက် လှည့်ပြီး ပတ်ဆဲနေပါတယ်။ အဲဒါနဲ့ ကျွန်တော်တို့ဆိုင်နားက မွတ်စလင်တွေ အားလုံး ကိုယ်စီ ကိုယ်စီ ဆိုင်တွေ သိမ်းလိုက်ကြတယ်။ကျွန်တော်တို့လည်း ဆိုင်သိမ်းလိုက်တယ်။ကျွန်တော်တို့ ဆိုင်က ကောင်လေးက အပြင်မှာ ပစ္စည်း တစ်ခု သွားယူနေတာနဲ့ ဆိုင် တံခါး တစ်ချပ်ကိုဖွင့်ပြီး စောင့်နေပါတယ်။အဲဒီအချိန်မှာ ဆိုင်ထဲကို လမ်းမှာပတ်ပြီး ဆဲနေတဲ့လူတွေ ၀င်လာပြီး (မင်းတို့တွေက ၇၈၆ တွေမဟုတ်လား၊ ငါတို့က ၉၆၉ ကွ) လို့ပြောပါတယ်။အဲဒီ အချိန်မှာ ကျွန်တော်တို့ ဆိုင်က ဗုဒ္ဒဘာသာဝင် အဖျာ်ဆရာက ၀င်ပြီး ဒီမှာ အလုပ်လုပ်တာ အားလုံး ဗုဒ္ဒဘာသာဝင်တွေ ကြီးပါပဲ လို့ ပြောလိုက်တယ်၊(မင်းတို့က ဗမာတွေ ဖြစ်ပြီး ဘာလို့ ကုလားတွေ ဆီမှာ အလုပ်လုပ်နေရတာလဲလို့ )မေးတယ်။ နောက်တစ်ယောက်က ကျွန်တော့် သားကို ဓားနဲ့ထိုးဖို့ ၀င်လာတယ်။အဖျော်စရာက ၀င်တားတော့ နောက်ထပ် တစ်ယောက်က မျက်နှာကို တည်ပြီး ကျွန်တော့် သားကို ထိုးလိုက်တာ နှုတ်ခမ်းကွဲ သွားတယ်။ ပုဆိုးဝတ်ထားတဲ့ လူက မီးနှုးတွေကို သူ့ပေါင်ကြားထဲ ထည့်ပြီး ဒါပဲထင်တယ်လို့ပြောတယ်။ညစ်ညစ်ပတ်ပတ် ဆဲဆိုပြီး အထွက်မှာ ခုံတွေ၊ စားပွဲတွေ၊ပန်းကန်တွေကို ဆွဲချပြီး ရိုက်ခွဲဖျက်ဆီးတယ်၊ ပြီးတော့ သူတို့က (မင်းတို့ ရခိုင်မှာ ဖြစ်တာတွေကို သိတယ်မဟုတ်လား၊ မိတ္ထီလာမှာလည်း ဖြစ်နေတာရော ကြားတယ်မဟုတ်လား ငါတို့က ၉၆၉အဖွဲ့က လူသုံးယောက်ပဲ) ဟုပြောပြီး ထွက်သွားကြတယ်။လူငယ်တွေပါပဲ  အလွန်ဆုံးရှိ ၂၀ကျော် ၂၅နှစ် အရွယ်တွေပါ" ဟု M-Media သို့ပြောသည်။

"သူတို့ တွေရဲ့ အကြမ်းဖက် တစ်ဖက်သပ် သွေးထွက်တဲ့ အထိ ကိုယ်ထိ လက်ရောက် စော်ကားမူတွေ ကိုရောပါ  ကျွန်တော်တို့ သည်းခံခဲ့ပါတယ်။သူတို့က ပြန်လည် တွန်းလှန်စေချင်တဲ့ အတွက် ကျွန်တော်တို့ရဲ့ သည်းခံမူ အပေါ် အားမလို အားမရဖြစ် ဟန်တူပါတယ်။သူတို့က အစ ဆွဲထုတ်နေမှန်း သိသာပါတယ်။ပြဿနာ မဖြစ်အောင် မေတ္တာထားလိုက်နိုင်တဲ့ အတွက် အခြားသော အစ္စလာမ် ဘာသာဝင်တွေရဲ့ အသက်၊အိုးအိမ် ၊စည်းစိမ်ကို ကာကွယ်နိုင်ခဲ့တယ်လို့ ပြောကြပါတယ်။ ရဲတွေ ကိုယ်တိုင် သားကို ဆေးခန်းလိုက်ပို့ပေးပါတယ်။ဖြစ်တဲ့အချိန်တုန်းကလည်း အကြောင်းကြားတာနဲ့ မကြာဘူး ချက်ချင်းရောက်လာတာပါ ၊ဟင်္သာတမြို့ပေါ်က ရဲတွေကတော့ အင်မတန်တော်ပါတယ်"ဟု ယင်း ဆိုင်ပိုင်ရှင်မှ M-Media သို့ပြောသည်။

အဆိုပါ ဆိုင်အနီးပတ်ဝန်းကျင်မှ ပြည်သူများက မြို့နယ်ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားရာ ၉၆၉အမည်ခံ လူရမ်းကား သုံးဦးအား ဖမ်းဆီးရာ နှစ်ဦး ဖမ်းမိပြီး တစ်ဦး ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။နောက် ထပ်မံ၍ ထွက်ပြေး လွတ်မြောက်သွားသူ တစ်ဦးအားလည်း ဖမ်းဆီး ရမိကြောင်း သိရသည်။ထို ရမ်းကားသူများမှာ ဒေသခံတစ်ဦး၊နတ္တလင်းမြို့မှ နှစ်ဦး တို့ဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ် မဖြစ်ပွားမှီတည်းက ၉၆၉ အမည်ခံ လူရမ်းကားများမှ အမြဲ မြို့ပေါ်လှည့်၍ ရန်စနေကြောင်း၊အစ္စလာမ် ဘာသာဝင် ဆိုင်များ အနေဖြင့် ပုံမှန်ထက် စောစောပိတ်နေရကြောင်း၊အရောင်း အ၀ယ်တွေလည်း မကောင်းတော့ကြောင်း၊ဟန်မပြတ်သာ ရောင်းနေရသော်လည်း စိုးရိပ်  သောကမူတွေ ရောက်နေကြောင်း၊အစ္စလာမ် ဆန့်ကျင်ရေး စာများ ၊ခွေများ လိုက်လံဝေငှာနေကြောင်း၊ တချို့ ခွေဝယ်ပြီး ဖွင့်တဲ့သူတွေက အကျယ်ကြီး ဖွင့်နေကြောင်း စုံစမ်းသိရှိရသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလက ဟင်္သာတမြို့ ပဒေသာ ဈေးကြီးတွင် အစ္စလာမ် ဆန့်ကျင်ရေးလုပ်ရှားမှုများ ပြုလုပ်ခဲ့ပြီး တစ်ဘာသာနဲ့ တစ်ဘာသာ ချစ်ခင်ရင်းနှီးမှုကို ပျက်ပြားစေသော အရေးအသားများ ပါဝင်သည့် စာရွက်စာတမ်းများ ဝေငှခဲ့ကြောင်း၊ မြင့်မြင့်ကြည် ထမင်းဆိုင် ကျောက်တော်ကြီး ဘုရားရှေ့ ကိုကျော်စွာဆိုသူသည်  ၉၆၉ ဗွီစီဒီ တရားခွေများ ဖြန့်ချီနေကြောင်း စုံစမ်းသိရှိရသည်။



May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.