[mrsorcerer:37714] Fwd: [လူဗိုလ်ဟူသည် ...] တရုတ်အနာဂတ်ခေါင်းဆောင်တွေကို အမေရိကန်က မွေးထုတ်ပေးနေ သလား ?



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/27
Subject: [လူဗိုလ်ဟူသည် ...] တရုတ်အနာဂတ်ခေါင်းဆောင်တွေကို အမေရိကန်က မွေးထုတ်ပေးနေ သလား ?
To: lubo601@gmail.com




အမေရိကန်ရဲ့ နိုင်ငံရေး လူမှုရေးစနစ်ဟာ မကောင်းဆိုးဝါး လူနေမှုစနစ်တခုအဖြစ် တရုတ်နိုင်ငံမှာ တွင်တွင်ဝါဒဖြန့်နေပေမဲ့ တရုတ်ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ သားသမီးတွေ မြေးတွေက အမေရိကန်ရဲ့ ထိပ်တန်းတက္ကသိုလ်တွေမှာ ပညာသင်ယူနေကြတဲ့အတွက် အပြောနဲ့အလုပ် မညီတဲ့အကြောင်း ၀ါရှင်တန်ပိုစ် သတင်းစာမှာ အင်ဒရူးဟီဂင်နဲ့ မိုရင်းဖန်ဆို့က ဆောင်းပါးရေးသားဖော်ပြလိုက်ပါတယ်။ 
(မူရင်းအပြည့်အစုံကို အောက်က လင့်မှာ ဖတ်နိုင်ပါတယ်။)

တရုတ်နိုင်ငံက လူငယ်တွေကိုတော့ အမေရိကန်နိုင်ငံမှာ ပညာသင်ဖို့ အများအပြား စေလွှတ်နေရာမှာ ၂၀၁၀-၂၀၁၁ ခုနှစ် ပညာသင်နှစ်ထဲမှာ တရုတ်ကျောင်းသား တသိန်း ၅သောင်းကျော် (၁၅၇ ၅၅၈ဦး) ဟာ အမေရိကန်နိုင်ငံက တက္ကသိုလ်တွေမှာ စာရင်းသွင်းခဲ့ကြပါတယ်။ အဲဒီအထဲမှာ အခုလက်ရှိသမ္မတ ဇီဂျင်းပင်းရဲ့ သမီး ဇီမင်းဇီလည်း ပါပါတယ်။ သူကတော့ အမေရိကန်နိုင်ငံအရှေ့ဖက်က ဟားဗတ်တက္ကသိုလ်မှာ ၂၀၁၀ ခုနှစ်ကစပြီး စာရင်းသွင်း တက်ရောက်နေတာပါ။ ဇီရဲ့ သမီးနာမယ်ကတော့ မူရင်းနာမယ်မှန် မဟုတ်ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်းမှာ တရုတ်ကျောင်းသားတွေ အမေရိကန် တက္ကသိုလ်ကို တက်ရောက်တဲ့နှုန်းဟာ ၄ ဆတက်လာပြီး နိုင်ငံတကာ
ကျောင်းသားတွေထဲမှာ အများဆုံး ဖြစ်နေတယ်လို့ အမေရိကန်ရဲ့
နိုင်ငံတကာပညာရေးသိပ္ပံဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်ဟောင်း ကျောက်ကျိယန်နဲ့ သူ့ကိုဆက်ခံတဲ့ ကျန်ဆီမင်း တို့ရဲ့ မြေးတွေလည်း အမေရိကန်နိုင်ငံ ဟာဗတ်တက္ကသိုလ်မှာ ပညာလာသင်ယူခဲ့ကြတာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ အနာဂတ်ခေါင်းဆောင်တွေကို သူ့နေရာနဲ့ သူ ကြိုတင်ရွေးချယ်စီမံတာမို့ ပညာတတ်၊ နိုင်ငံတကာ အတွေ့အကြုံရှိတဲ့ ခေါင်းဆောင်လောင်းတွေကို သူတို့ရဲ့ မိသားစုထဲကပဲ ပြန်လည်ရွေးချယ်နေတဲ့ သဘော ဖြစ်နေပါတယ်။

လာဘ်စားမှုတွေများလှတဲ့ တရုတ်အစိုးရထဲမှာ ဒီလို ဈေးကြီးလှတဲ့ အမေရိကန်တက္ကသိုလ်မှာ လာတက်ဖို့အတွက် ဘယ်က ငွေနဲ့ တက်ကြသလဲဆိုတာကလည်း မေးစရာဖြစ်နေပါတယ်။
လစာ တနှစ်ကိုမှ ဒေါ်လာ ၂ သောင်းလောက်ရတဲ့ အစိုးရခေါင်းဆောင် တယောက်က သူ့ရဲ့ သားသမီးတွေကို လစာရဲ့ အဆပေါင်းများစွာပိုတဲ့
ကျောင်းကို ဘယ်လို ပို့ကြသလဲလို့ မေးခွန်းထုတ်ကြပါတယ်။

ဥပမာ- လန်ဒန်က Harrow ကျောင်းဟာ တနှစ်ကို ကျောင်းလခ $48,000။ Oxford က တနှစ် ကျောင်းလခသက်သက် $25,000, Kennedy ကျောင်းက ကျောင်းလခနဲ့နေစရိတ် တနှစ်ကို $ 70,000၊ ဒါတွေကတော့ တရုတ်ထိပ်တန်းခေါင်းဆောင်တွေရဲ့ သားသမီးမြေးတွေ တက်ခဲ့ တက်နေဆဲ ကျောင်းတွေပါ။

အမေရိကန် နာမယ်ကြီး တက္ကသိုလ်နာမယ်တွေက သူတို့တက်လမ်းအတွက် အာမခံလက်မှတ်လို ဖြစ်နေတော့ ဧည့်ကျောင်းသားအဖြစ် ငွေပုံပေးပြီး လပိုင်း ရက်ပိုင်းလောက် နာမယ်ခံတက်ခဲ့သူတွေကလည်း ရှိပါတယ်။ အဲဒီမှာ တက်ခဲ့တယ်ဆိုတာကို နေရာတကာထဲ့ရေး ထဲ့ပြောကြပါတယ်။ ဒါပေမဲ့ အဲဒီသင်တန်းတိုလေးတွေက ဘွဲ့လည်း မပေးသလို အဆင့်တခု အနေနဲ့ သတ်မှတ်လို့ မရနိုင်ပါဘူး။ ကျောင်းဝင်ခွင့်ရတာမဟုတ်ဘဲ စာသင်ခန်းထဲ ၀င်ထိုင်ခွင့်ပဲ ရကြတဲ့ ဧည့်ကျောင်းသားတွေ အများအပြားပါ။ ယခင် ၀န်ကြီးချုပ် လီပင်းရဲ့သမီးဆိုရင်လည်း ၁၅ ရက်သင်တန်းတခုကို ဒေါ်လာ ၇၅၀၀ ပေးတက်ပြီး နာမယ်ခံထားတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။

နယူးတင်း ဒိုင်နက်စတီ ရုပ်သံသတင်းတွေအရ လက်ရှိနဲ့ ပင်စင်စား ၀န်ကြီးအဆင့် အစိုးရ အရာရှိတွေရဲ့ သားသမီး ၇၄.၅%ဟာ အမေရိကန်နိုင်ငံမှာ အမြဲနေခွင့် ဒါမှမဟုတ် နိုင်ငံသားခံယူထားတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ မြေးတွေကတော့ ၉၁% ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘယ်အစိုးရဌာနကမှ ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားဝင်ထုတ်ပြန်တာ မရှိပါဘူး။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး တရုတ်လူမှုရေး ကွန်ယက်တွေမှာ
ဝေဖန်ရေးသားကြပေမဲ့ အဲဒီကွန်မန့်တွေဟာ မြန်မြန်ဆန်ဆန်ပဲ ဆင်ဆာနဲ့မိပြီး ပျောက်သွားကြပါတယ်။ ဆင်ဆာကလွတ်လာတဲ့ ကွန်မန့်
တခုက အခုလို ဆိုပါတယ်။
"[တရုတ်] အရာရှိကြီးတွေဟာ အမေရိကန်ရဲ့ အရင်းရှင်စနစ်နဲ့ နယ်ချဲ့ဝါဒကို တချိန်လုံး အပုပ်ချပြောနေကြပြီး သူတို့မိန်းမတွေနဲ့ သားသမီးတွေကတော့ အမေရိကန်နိုင်ငံကို ပြောင်းပြီးနေကြပြီ။ အမေရိကန်ကျွန်ခံဖို့ လုပ်နေကြပြီ။"

ကွန်မြူနစ်ဝါဒကို လက်ကိုင်ပြုပြီး နိုင်ငံကို တင်းတင်းကြပ်ကြပ် အုပ်ချုပ်နေချိန်မှာ နိုင်ငံကို အုပ်ချုပ်တဲ့ ခေါင်းဆောင်ပိုင်းမှာတော့ ကွန်မြူနစ်စနစ် ပျက်သုန်းနေပြီလို့ ဆိုသူတွေ ရှိနေတဲ့အကြောင်း
ဆောင်းပါးမှာ ရေးသားထားပါတယ်။

MZ/Burma-Newselite
တိုက်ရိုက်ရှယ်နိုင်ပါတယ်။ စာသားကူးယူဖော်ပြခွင့် မပေးပါ။

ကိုးကား-http://www.washingtonpost.com/world/asia_pacific/chinese-communist-leaders-denounce-us-values-but-send-children-to-us-colleges/2012/05/18/gIQAiEidZU_story.html


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/28/2013 10:38:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.