[mrsorcerer:37721] ဦးဝီရသူကိုဘင်လာဒင်ဟုနိုင်း၍ဝေဖန်ထားသော မီဒီယာသို့ ရင်ဖွင့်သံ

ဦးဝီရသူကိုဘင်လာဒင်ဟုနိုင်း၍ဝေဖန်ထားသော မီဒီယာသို့ ရင်ဖွင့်သံ …

ကမ္ဘာ့မီဒီယာမှန်ချပ်ပေါ်က ၉၆၉ ပုံလွှာ (ပရိတ်သတ်တစ်ဦး၏ ရင်ကွဲသံ)
ဆောင်းပါး

မတ်လ-၂၆ ၊ ၂၀၁၃
ရေးသားသူ – သာကီ ထက်ကောင်း

ကျွန်တော် မြန်မာသတင်းဆိုဒ်တွေ သိပ်မဖတ်ဖြစ်တော့ပါဘူး။ ဖွတာတွေ အရိုးအရွက်ဖုံးတာတွေ မုန့်ကြိုးလိမ် သတင်းဖော်ပြချက်တွေ ကျင့်ဝတ်မညီတဲ့အရေးအသားတွေက သတင်းအမှန် ငတ်မွတ်နေသူတွေအတွက် အလွန်အင်မတန် စိတ်ပျက်သွားစေပါတယ်။ နှလုံးသား နဲ့ အတွေးအခေါ်တွေကို တမင် အရောင်လိုက်ဆိုးနေသလားလို့ ထင်ရတယ်။ နိုင်ငံခြားကိုမှ အထင်ကြီး တာမျိုး မဟုတ်ပေမယ့် နိုင်ငံတကာ သတင်းဆိုဒ်တွေကို မြှားဦးလှည့်ဖြစ်တာ ကြာသွားပါပြီ။ သူတို့ဆီမှာက မီဒီယာကျင့်ဝတ်ကို အလေးထားကြတော့ အချက်အလက်အကြောင်းအရာပိုင်းမှာ (အားလုံးမဟုတ်ပေမယ့် အများစုက) ခိုင်မာမှု ရှိကြတယ်။ ကျွန်တော်တို့ဆီမှာလည်း ခိုင်မာမှန်ကန်တဲ့သတင်းများကို အချိန်နဲ့တစ်ပြေးညီ တင်ဆက်ပေးတဲ့ဆိုဒ်တွေလည်း လက်တစ်ဆုပ်စာ ရှိနေပါရဲ့။ ဒါပေမယ့် ညစ်ပတ်ရိုင်းစိုင်းလွန်းစွာ ၀င်ပေးနေကြတဲ့ ကွန့်မန့်တွေမြင်ရတာ စိတ်မချမ်းသာစရာကောင်းချက်ကတော့ ကမ်းကုန်ဘဲဗျာ။ လက်ရှိပြင်ပမှာ ဖြစ်ပျက်နေတာတွေက စိတ်ချမ်းသာစရာ တစ်ကွက်မှ မရှိသေးတာလည်း အားလုံးက သိကြမှာပါ။

ဒီနေ့ ၂၆.၃.၂၀၁၃ အင်္ဂါနေ့၊ The Straits Times ရဲ့ Asia reports မှာ ဖတ်ကြည့်တော့ ထုံးစံအတိုင်း မြန်မာသတင်းက ဦးစားပေးဖော်ပြချက်မှာပါနေတယ်။ 18,000 displaced' in Myanmar riots ခေါင်းစဉ်နဲ့ပါ။ NLD က လွှတ်တော်အမတ် ဦးဝင်းထိန်ရဲ့ မျက်မြင် ကိုယ်တွေ့ ပြောကြားချက်၊ ဒေသခံတို့ရဲ့ပြောကြားချက်နဲ့တစ်ကွ မိတ္ထီလာပြဿနာ အကြောင်း၊ ပြီးခဲ့ တဲ့နှစ် ရခိုင်က ရိုဟင်ဂျာတွေကို ဘင်္ဂလားကခိုးဝင်လာသူလို့စွပ်စွဲပြီး အစွန်းရောက်ဗုဒ္ဓ၀ါဒီတွေရဲ့ တစ်ဖက်သတ်နှိပ်စက်တဲ့အကြောင်း၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က လာရောက်ကြည့်ရှုသုံးသပ်မှုအကြောင်း – ဒီသတင်းတွေက သိရှိထားပြီးသားမို့ သိပ်မထူးလှပါဘူး။ အဲ့ – နောက်ဆက်တွဲ ရေးသားဖော်ပြမှုတွေမှာတော့ ၉၆၉ အကြောင်း ပါလာတာတွေ့ရတယ်။

'18,000 displaced' in Myanmar riots

မူဆလင်တွေရဲ့ ၇၈၆ ကိုဆန့်ကျင်ဖို့ ဗုဒ္ဓဘာသာတရားသဘောတွေထည့်သွင်းထားတဲ့ ၉၆၉ နံပါတ်ကိုအသုံးပြု၊ သြဇာကြီးမားတဲ့ အင်အားစုများကို ကျောထောက်နောက်ခံပြုထားပုံရတဲ့ ဗုဒ္ဓ ဘာသာ ၀င် အုပ်စု တစ်စုဟာ မကြာသေးခင် လများအတွင်း ပေါ်ထွန်းလာပါတယ်တဲ့။ သဘောထားပြင်းထန်တဲ့ မန္တလေးမြို့က ဦးဝီရသူဟာ မွတ်စ်လင်မ်ဆန့်ကျင်မှု မုန်းတီးရေး တရားတွေ ကို ဟောပြောနေတုန်းပါဘဲတဲ့။ အင်္ဂလိပ်လို တိုက်ရိုက်ဖတ်ချင်ယင်တော့ ဒီနေရာမှာ ဖတ်ကြည့်နိုင်ပါတယ်။

Burmese Bin Laden
တစ်ခါ International Bussiness Time ကို ၀င်ကြည့်ပြန်တော့ ဒီစာမျက်နှာ မှာ မြန်မာပြည်က အကြမ်းဖက်မှု နောက်ကွယ်က ကြိုးကိုင်သူဟာ ဦးဝီရသူလား လို့ခေါင်းစဉ်တပ် သတင်းဆောင်း ပါးကို တွေ့ရပြန်ရော။ အဲ့ဒီမှာ ဦးဝီရသူကို ကြံကြံဖန်ဖန် " မြန်မာဘင်လာဒင် " ဆိုတဲ့ tittle တပ်ထားတာ ကျွန်တော့်မှာ ရယ်ရအခက် ငိုရအခက် ဖြစ်သွားတယ်။ ဘင်လာဒင်ကို အကောင်းမြင်တဲ့ မူဆလင်အုပ်စု တစ်ချို့ကတော့ နှိုင်းရကောင်းလားဆိုပြီး ထအော်ဦးမှာ သေချာသဗျို့။ ဓါးတရမ်းရမ်းနဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများက ဂျာနယ်လစ်တွေရဲ့ ကင်မရာမင်မိုရီ ကဒ်တွေ ကို ခြိမ်းချောက်တောင်းယူတာ၊ Burma Campaign UK's director Mark Farmaner က " ရိုဟင်ဂျာဆန့်ကျင်ရေး ဖြစ်မလာခင်ကတည်းက မူဆလင်ဆန့်ကျင်ရေးအုပ်စုဖွဲ့ခဲ့တဲ့ အဖွဲ့ အစည်းတွေ ရှိနေခဲ့ကြတယ် " လို့ IBTimes UK ကို ပြောတာ၊ ဦးဝီရသူဦးဆာင်တဲ့ မြန်မာပြည်တစ်ခွင် မူဆလင်ဆန့်ကျင်ရေးတရားပွဲတွေ လုပ်ပြီးသွားတဲ့ ဒေသတိုင်း ဒီလိုအဓိကရုဏ်းတွေ မီးခိုး ကြွက်လျှောက် ဆက်တိုက်ဖြစ်ပေါ်လာတာ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေကလည်း မူဆလင်တွေအပေါ် ရမယ်မျိုးစုံရှာပြီး ဝေဖန်ရှုတ်ချတဲ့ စာရွက်စာတမ်း လက်ကမ်းစာစောင်တွေကို လပေါင်းများစွာ ဒိုင်ခံဖြန့်ချိနေတာ စသဖြင့် လိုတိုရှင်းဖော်ပြထားတာ တွေ့လိုက်ရတယ်။ ဒါက နာမည်ကြီးမီဒီယာ အချို့သာရှိပါသေးတယ်။ အတိုချုပ်ဆိုရယင် ကမ္ဘာ့မီဒီယာမှန်ချပ်ထဲက ဘယ်နေရာကြည့်ကြည့် 969 group/gang တို့၊ Extremist Buddhist Nationalism တို့၊ Neo-NarzI Buddhism တို့၊ Burmese Buddhist monks တို့ စတင် ပလူပျံနေ ပါပြီ။ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုအပေါ် တစ်ကမ္ဘာလုံးစောင့်ကြည့်နေချိန်ကျမှ နိုင်ငံတကာမီဒီယာနံရံထဲ ဒီသံတစ်ချောင်း ရိုက်သွင်းလိုက်သလိုဖြစ်ကုန်ပါပြီ။ ဒီပုံရိပ်တွေ ဒီအက်ကြောင်းတွေကို ဘယ်လိုပယ်ဖျက်လို့ရနိုင်တော့မလဲ။ The Golden Land လို့ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့တဲ့ ကျွန်တော်တို့နိုင်ငံဟာ မကြာခင် The Bloody Land & Hands အဖြစ် အမည်တွင်တော့မှာလား။ ဘာသာရေး၊ လူမျိုးရေး ဆိုတာတွေကို ဘေးဖယ်ချထားပြီး မြန်မာပြည်သားတစ်ယောက် လူသားတစ်ယောက် အနေနဲ့ကြည့်မြင်ရင်တောင်မှ ရှက်စရာကောင်းလွန်းနေပါပြီ။

ခုတစ်လော နိုင်ငံရပ်ခြားမှာရှိနေတဲ့ဗုဒ္ဓဘာသာဝင်အချို့ကို Are you traditional Buddhist or 969 Myanmar Buddhist ? လို့ မေးတဲ့အဆင့်ထိရောက်နေပြီလို့ သိရတယ်။ ပြည် တွင်းနေ သူများ အဖို့ သိပ်မသိသာသေးပေမယ့် နိုင်ငံရပ်ခြားက မြန်မာအလုပ်သမားတွေ တဖြည်းဖြည်းခေါင်း မဖော်နိုင်တဲ့ဘ၀ကို ရောက်ဖို့အလွန်နီးစပ်နေပါပြီ။ တကယ့်လက်တွေ့အခြေအနေကို ကြည့်ယင်လည်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း/စာသင်ကျောင်းတွေကို မူဆလင်တွေ လိုက်ဖျက်ဆီးတာ၊ ဗုဒ္ဓဘာသာဝင်တွေရဲ့အိုးအိမ်လုပ်ငန်းတွေကို မူဆလင်တွေက အုပ်စုဖွဲ့ ရန်စမီးရှို့လုယက်တာ ဘာတစ်ခုမှ မတွေ့ရသေးပါဘူး။ မူဆလင်တွေက ၇၈၆ ဂိုဏ်းအမည်နဲ့ သောင်းကျန်းတာ အစုလိုက်အပြုံလိုက် ရမ်းကားသတ်ဖြတ်တာလည်း မကြားဖူးပါဘူး။ မူဆလင်တွေက ဗုဒ္ဓဘာသာဝင်တွေကိုစော်ကားနေတယ်ဆိုတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကိုလည်း မမြင်ဖူးပါဘူး။ အဲ့ဒါနဲ့ဆန့်ကျင်ဖက်တွေကိုဘဲ တွေ့မြင်ကြားသိနေရတယ်။

ဒီနေရာမှာ အလွန်ထူးခြားတဲ့အချက် ၂ ချက် သတိထားမိတယ်။ (အစစ်လား အတုလား မသိတဲ့) သံဃာတော်အချို့နဲ့အတူ အကြမ်းဖက်သမားများဟာ မိမိကိုယ်ကို ၉၆၉ အဖွဲ့သားလို့ တရား ၀င်ကြွေးကြော်နေသော်လည်း – (ဦးဝီရသူ အပါအ၀င်) ၉၆၉ ဦးသျှောင်သံဃာတော်များက လက်ရှိအကြမ်းဖက်မှုများဟာ မိမိတို့နဲ့မပတ်သက်ကြောင်း ငြင်းဆိုမှုလုံးဝမရှိယုံမက မုန်းတီးရေး တရားပွဲတွေ ပိုလို့အရှိန်မြှင့်လာတာက တစ်ချက်။ နောက်တစ်ချက်က ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တိုင်း၊ ဘုန်းတော်ကြီးတိုင်းက ဒီအယူအဆနဲ့ဂိုဏ်းဂဏကို လိုလားမှုရှိမနေတာက တစ်ချက်။
ဆိုတော့ကာ …… ၉၆၉ ဆိုတာ မူလဗုဒ္ဓဘာသာ လမ်းကြောင်းကနေ ထပ်မံ လမ်းခွဲထွက်ပေါ်လာသော ၂၁ရာစုရဲ့ဗုဒ္ဓဂိုဏ်းကွဲတစ်ခုအဖြစ် သတ်မှတ်ရမလို ဖြစ်လာပါပြီ။
ဘာကြောင့်လဲဆိုယင် တခြားဗုဒ္ဓဂိုဏ်းကွဲတွေ အားလုံးက မေတ္တာ၊ ခွင့်လွှတ်မှု၊ ငြိမ်းချမ်းရေး စတဲ့ တန်ဖိုးများနဲ့တည်ဆောက်ထားပေမယ့် ၉၆၉ မှာ အာဃာတ၊ နိုင့်ထက်စီးနင်းအမူအကျင့်၊ ပျက်လိုဖျက်ဆီး စတဲ့ ပူလောင်ခြင်းအချက်တွေပေါ် အခြေခံထားလို့ပါဘဲ။

ပေါ်ထွန်းလာသမျှသော ဘာသာတရားအသစ်၊ ဂိုဏ်းဂဏအသစ်တွေဟာ မိမိတို့ရဲ့ ကျင့်ရပ်၊လမ်းစဉ်တွေ မတူကွဲပြားကြောင်း ချပြနိုင်ကြတယ်။ ဒါပေမယ့် လက်ရှိ ၉၆၉ ကျတော့ ဘုရားရှင် လက်ထက် ဒေ၀ဒတ္တဂိုဏ်းသားတွေလို ရောထွေးရပ်တည်နေတော့ ခက်တယ်။ ကျွန်တော်အဖြေရှာကြည့်မိတယ်။ ဘယ်လိုခွဲခြားသတ်မှတ်ရမလဲပေါ့။ အဲ့ဒီအဖြေကလည်း ဘုရားရှင်လက်ထက် ကအဖြစ် အပျက်တွေထဲမှာဘဲ ပြန်တွေ့လိုက်ရတယ်။ မာရ်နတ်ရဲ့ဘက်တော်သား ဒေ၀ဒတ္တဂိုဏ်းသားတွေဟာ သူတို့ရဲ့လုပ်ရပ်၊ အပြုအမူတွေကြောင့်သာ အလဇ္ဖီရဟန်းတုများဖြစ်ကြောင်း ကွဲပြားသွား ခဲ့ရတယ်။ ရဟန်းတု ရဟန်းယောင်တွေရဲ့ ဦးဆောင်မှုက ဘယ်လောက်အန္တရာယ်ကြီးတယ်ဆိုတာ ရာဇ၀င်မှာ အထင်အရှားပါ။ ကွဲကွဲပြားပြားဖြစ်အောင် အလျဉ်မီ မရှင်းနိုင် ယင်တော့ သမိုင်းနဲ့ချီပြီး ကောင်းရနံ့သင်းပျံ့ခဲ့တဲ့ ကျွန်တော်တို့မြန်မာပြည်က ဗုဒ္ဓသာသနာ့ဂုဏ်ရောင်ကြီး ရေစုန်မျောရတော့မှာလားလို့ ကျွန်တော် ၀မ်းနည်းသွားရပါတယ်။ ကမ္ဘာ့ဗုဒ္ဓ သမိုင်းစဉ်တစ်လျှောက်မှာလည်း ဤမျှလောက်ရက်စက်ကြမ်းကြုတ်တဲ့ အယူအဆနဲ့လုပ်ရပ်တွေ မဖြစ်ပေါ်ခဲ့ဖူးဘူး။ အစွန်းရောက်အကြမ်းဖက်ဗုဒ္ဓဘာသာဝင်တွေလို့လည်း တစ်ကြိမ် တစ် ခါမျှ ခေါင်းစဉ်အတပ်မခံခဲ့ဖူးပါဘူး။ ဘာသာတရားတစ်ခုထဲ – မသိနားမလည်တဲ့လူကြားထဲ နိုင်ငံရေးလှည့်ကွက်တွေ မုသားမှိုင်းလုံးတွေ အတင်းအဓမ္မအင်အားသုံးသွတ်သွင်းလို့ အကြမ်း ဖက် အကောင်အထည်ဖော်နေမှုတွေကို ကျွန်တော်တို့ ကန့်ကွက်တားဆီးရမယ့်အချိန်တန်ပြီဖြစ်ပါတယ်။ မူဆလင်တွေ ခရစ်ယျာန်တွေဖက်ကို အမြဲမပြတ် မျက်စေ့ဒေါက်ထောက် ကြည့်ပြီး အ၀ိဇ္ဖာပွားနေမယ့် အစား မိမိရဲ့အမျိုးဘာသာသာသနာကို နည်းမှန်လမ်းမှန်ထိန်းသိမ်းစောင့်ရှောက်မှသာ ဗုဒ္ဓတရားတော်နဲ့ ညီညွတ်တင့်တယ်မှာမို့လို့ သံဃာ့အကြီးအကဲများ၊ သာသနာ့ဒါယ ကာနိုင် ငံခေါင်းဆောင်များ အထူးသတိထားရတော့မယ့်ကာလရောက်သွားပြီလို့ ကျွန်တော် မြင်မိပါတယ်။ ဒီပြဿနာကို အမြစ်လှန်ပြီး အမှန်တကယ် ထိထိရောက်ရောက်   ဖော်ထုတ် အရေး ယူခြင်း ရှိရပါတော့မယ်။ အကြမ်းဖက်မှု/မတရားမှုကို မတားဆီးသူဟာ မတရားမှုကို အသံတိတ် အကာ အကွယ်ပေးမြှောက်စားသူ ဖြစ်တယ်လို့ ပညာရှိစကားတွေမှာ ကြားဖူးပါတယ်။ အာဏာ ရူးမျက် ကန်းတစ်စုရဲ့ပုံဖော်မှုကြောင့် မတော်တဆ နိုင်ငံတော် ရဲ့ဦးတည် လမ်းကြောင်း   နောက်ပြန်လှည့်သွားယင်တော့ မြန်မာ့သမိုင်းမှာ ရုပ်အဆိုးဆုံးကိစ္စအဖြစ် တကယ်  ကို အစိပ် စိပ် အမြွာမြွာ ကွဲထွက်ကုန်မယ့်အနေအထားအထိ ရောက်သွားနိုင်ပါတယ်။

ဘာသာရေး၊ လူမျိုးရေးကိုခုတုံးလုပ်မိတဲ့ နိုင်ငံတိုင်း၊ ပုဂ္ဂိုလ်ကျော်တိုင်း ကမ္ဘာ့ပုံရိပ်မှာ ဦးကျိုးအမြီးပြတ်လို့ အမည်းစက်စွန်းထင်း ပေကျံခဲ့ရစမြဲ ………
တစ်လွဲအသုံးချမီဒီယာတိုင်းကလည်း ကမ္ဘာ့မီဒီယာစင်မြင့်ထက်က ကြိုးစင်ကိုတက်သွားရစမြဲ ……………..
အမှန်တရားဆိုတဲ့မှတ်ကျောက်ရှေ့မှာ အတုအယောင်များ ပြယ်လွင့်ပျောက်ကွယ်ရစမြဲပါ။
ကျွန်တော်တို့အမိမြန်မာပြည်ကြီး ဒီသံသရာစက်ဝိုင်းထဲက မလွတ်ကျွတ်နိုင်တော့ဘူးလား လို့ အားပျော့ပျော့တွေးမိယင်း …
အချိန်ရှိပါသေးတယ် – အချိန်မှီဖို့ဘဲ လိုအပ်ပါတယ် လို့ ငြီးတွားယင်း …
ရင်ဖွင့်ခံစားရေးသားမိပါတယ်ခင်ဗျား။

(စာရေးသူရဲ့ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။)




အမေရိကန် မှုခင်း စိတ်ပညာရှင်တဦး၏ လေ့လာ သုံးသပ်ချက် =============================================== ၀ီရသူပြောတဲ့မိန့် ခွန်းကို ကျနော် အမေရိကန် မှုခင်း စိတ်ပညာရှင်တဦးကို ပြကြည့်တယ်။
သူပြောတာက He is under drug influence လို့ ပြောပါတယ်။ သူဆိုလိုတာက ဒီဘုန်းကြီးဟာ Ecstasy Drug လိုမျိုးသုံးစွဲထားပုံရတယ်လို့ ဆိုတယ်။

အက်ဖါတမင်းဓါတ်သတ္တိ ပါတဲ့ ဆေးမျိုးပါ။ ဒီလိုဆေးမျိုးကိုသုံးစွဲထားပုံရတယ်။
သူစကားပြောတဲ့အခါမှာမျက်လုံးထောင့်ကပ်သွားတယ်။ လျှာလေးနေတာ။ မတည်မငြိမ်ဖြစ်နေတွေကဆေးသုံးစွဲသူတွေရဲ့လက္ခာဏာဖြစ်တယ်လို့ ကျနော် မှုခင်းစိတ်ပညာရှင် ကပြောပါတယ်။

သူမိန့် ခွန်းထဲမှာ မိထ္တီလာ က တယောက် ခွပ်ဒေါင်းတွေလဲ မွတ်ဒေါင်း တွေဖြစ်ကုန်ပြီလို့ ရည်ညွန်းသွားတဲ့အတွက် သူဟာ မိထ္တီလာကို ပစ်မှတ်ထားနေတာ
ထင်ရှားနေပါတယ်။

သူဟာစကားပြောရင် မမှတ်မိတဲ့ခါမှာစာရွက်ကို ပြန်ကြည့်နေတယ်။ ဒီလိုလုပ်တာ က
သူမှာ Team Work ရှိနေတာကို ပြနေတယ်။

သူမိန့်ခွန်းအနစ်ချုပ်က ဘာသာရေး ပြသနာဖြစ်အောင်ရည်ရွယ်ထားတယ်။ လှုံ့ ဆော်ထားတယ်။
တခါသူက မိထ္တီလာမှာ သတ်ဖြတ်မှုတွေ တကယ်ဖြစ်လာတော့ သူဟာ မေတ္တာရှင်လို့ ငြိမ်းချမ်းရေးသမားလိုဖြစ်နေပြန်တယ်။ သူစိတ်က ၁၈၀ ဒီဂရီ ပြောင်းပြန်လှည့်သွားတတယ်။ ဒါက ဆိုက်ကိုဖြစ်နေသူတွေရဲ့ လုပ်ရပ်လို့ ဆိုပါတယ်။
သူဟာ သူတော်ကောင်းယောင်ဆောင်ပြီး မင်းကိုနိင်နဲ့အတူ ငြိမ်းချမ်းရေးတရားတွေလိုက်ဟောနေတာ၊ မူဆလင်ဒုက္ခသည်တွေကိုကြင်နာသနားယောင်ဟန်ဆောင်နေပါတယ်။ ဒီနည်းက ဝေသာလီကိုဖျက်ဆီးလိုက်တဲ့ ၀သက ဗျူဟာလို ဖြစ်နေပါတယ်။

ဦးဝီရသူကို အရေးယူစစ်ဆေးလိုက်ရင် ဘာသာရေးအဓိကရုဏ်းကို ဘယ်သူဖန်တီးတာလဲဆိုတာ ပေါ်လာပါ လိမ့်မယ်။ သူကိုစစ်တဲ့အခါမှာ ဒီဆေးကိုပဲပြန်ကျွေးလိုက်ရင် အစတွေပြန်ထွက်လာပါလိမ့်မယ် လို့  အမေရိကန် မှုခင်း စိတ်ပညာရှင်ကအကြံပေးပါတယ်။ ( မှတ်ချက် - ကျွန်တော့်ရဲ့ email မှာ ပို့ထားခြင်းကြောင့် ပါ )

လက်ရှိဖြစ်ပေါ်နေသော ဖြစ်ရပ်များသည် မရိုးသားကြောင်း ရွှေညဝါဆရာတော် မိန့်ကြား

လက်ရှိဖြစ်ပေါ်နေသော ဖြစ်ရပ်များသည် မရိုးသားကြောင်း ရွှေညဝါဆရာတော် မိန့်ကြား

မအူပင်၊ မတ် ၂၆။

မိမိတို့နိုင်ငံတွင် နေရာဒေသတချို့၌ ဖြစ်ပေါ်နေသော လူမျိုးရေး ပဋိပက္ခကဲ့သို့သော ဖြစ်ရပ်တချို့သည် ရိုးသားမှု မရှိကြောင်း ရွှေညဝါဆရာတော်က မအူပင်မြို့နယ်ရှိ ပလောင် ရွာသို့ ရောက် ရှိစဉ် မိန့်ကြားသွားသည်။

"နိုင်ငံတော်မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ ပဋိပက္ခ၊ လူမျိုးရေး အဓိကရုဏ်းနဲ့ဘာသာရေး ပဋိပက္ခတွေဟာ အချိန်မရွေး တစ်တိုင်းတစ်ပြည်လုံးကို ချက်ခြင်း မီးလောင် သွားနိုင်တဲ့ မှတ်တိုင်ကြီး ဖြစ်နေတယ်၊ ဒါကို နည်းနည်းတော့ ပြောချင်တယ်၊ သိပ်မရိုးသားဘူးလို့ ဘုန်းကြီးက ဝေဖန်ချင်တယ်၊ ဘာဖြစ်လို့ ဒီ အကွက်ကျကျနဲ့ ပေါက်ကွဲမှုတွေဟာ ဟိုနား ဒီနား ဖြစ်နေတာလဲ"ဟုဆရာတော်က ဒေသခံရွာသားများအားဆုံးမစကားပြောကြားရာ၌ ထည့်သွင်း မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

ဆရာတော်နှင့် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုကိုကြီး(စမ်းချောင်း)စသည့် (၈၈)မျိုးဆက်ကျောင်းသားများသည်ရဲနှင့်ဒေသခံများအကြား ပဋိပက္ခဖြစ်ပွားခဲ့ဖူးသော မအူပင်မြို့နယ်ရှိ ပလောင်ရွာရှိ
ဒေသ ခံများနှင့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေး အကြံပြုပေးရန် ယနေ့နေ့လည်(၁၁)ခွဲ အချိန်၌ အဆိုပါ ရွာသို့ ရောက်ရှိလာကြခြင်း ဖြစ်ကြောင်းသိရသည်။

"ကျုပ်လည်း မအားဘူး။ ဒကာမင်းကိုနိုင်တို့လည်း မအားဘူး။ ကျုပ်တို့ နိုင်ငံရေးကို မလုပ်ရဘူးဗျာ။ ကယ်ဆယ်ရေးတွေပဲ လျောက်လုပ်နေရတယ်။ တိုင်းပြည်ဖွံ့ဖြိုးဖို့အတွက် ကျုပ်တို့လုပ်
နေ တာက ရှေ့ကို မရောက်တော့ဘူး။ ပွက်တဲ့နေရာ ဆူတဲ့နေရာ အကုန်လုံး လျောက်ပြီးတော့ သွားနေရတယ။် "ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

ထိုကဲ့သို့ ကိစ္စများနှင့် ဆက်စပ်၍ "အဲလို သွားနေရတာကြီးက ကျုပ်တို့ တဖြည်းဖြည်းနဲ့ စဉ်းစားမိတယ်။ဒါ ဘာကြောင့်လဲ။ မွတ်စလင် ဘာသာဝင်တွေဟာ ဧည့်သည်ဘာသာဝင်တွေပါ။ ဧည့်သည်ဘာသာဝင်တွေ လူနည်းစုတွေဆိုပြီးတော့ ကျုပ်တို့ ဗုဒ္ဓဘာသာဝင်တွေက အများစုဆိုပြီးတော့ နိုင့်ထက်စီးနင်း အနိုင်ကျင့်ကြတာတွေတော့ ကျုပ်မတွေ့ခဲ့ဖူးဘူး။ အနိုင်ကျင့်တဲ့ ဗုဒ္ဓဘာသာ ဝင်တွေတော့ ရှိကောင်းရှိမယ်။ ဒါပေမယ့် ခုထက်ထိ ကျုပ်မတွေ့သေးဘူး" ဟုမိန့်ကြားသည်။

ပလောင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပက်သက်၍လည်း တိုင်းဒေသကြီး တစ်ခုလုံး၏ သိက္ခာကျစရာ ဖြစ်သွားနိုင်သည့် အရေးကို လာရောက်ဖြေရှင်းပေးခဲ့ရဖူးကြောင်း၊ ရဲတပ်သားတစ်ဦး သေဆုံးသွားသည့်အတွက် ဝမ်းနည်း ရပါကြောင်းနှင့် နှစ်ဦးနှစ်ဘက် မည်သူမှန်သည်မှားသည် မဝေဖန်ချင်ပဲ နောက်နောင် မဖြစ်ပွားကြစေရန် ဆရာတော်မှ တိုက်တွန်းလိုက်ပြီး ရွာသားများအနေဖြင့် ဆန္ဒမစောကြရန်၊ အကြမ်းမဖက်ကြရန်နှင့် စိတ်တူကိုယ်တူ ညီညီညွတ်ညွတ်နဲ့ လုပ်ကြရန်နှင့် ရသင့်ရထိုက်သည်များကို ဦးတည်ပြီး၍ လိုချင် မှုတစ်ခုတည်းနှင့် လုပ်ဆောင်နေပါက ရသင့်သည်များပါ ဆုံးရှုံးသွားရနိုင်ကြောင်းလည်း သတိပေးခဲ့သည်။

ရွှေညဝါ ဆရာတော်သည် ပလောင်ပြဿနာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌဖြစ်သူ ဧရာဝတီတိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုမှ လှူဒါန်းသော အလှူငွေ (၁)သိန်းကျပ်နှင့် ပလောင်ဒေသခံများ လှူဒါန်းသော အလှူငွေ (၁)သိန်းကျော်အား ပလောင်ကျေးရွာ ဖွံ့ဖြိုးရေးအတွက် ပြန်လည် လှူဒါန်းခဲ့သည်။ ၎င်းတို့ ရောက်လာရခြင်း သည် လည်း ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရန်နှင့် တိုင်းဒေသကြီး အစိုးရနှင့် တောင်သူလယ်သမားများ အကြား နှစ်ဦးနှစ်ဖက် မျှတသော အခြေအနေများ ပေါ်ပေါက်ကာ ဒေသခံများ၏ ဘဝနေရေး ထိုင်ရေး ပြေလည်ပြီး တရားဥပဒေ စိုးမိုးမှုအောက်၌ ဘေးကင်းလုံခြုံသော ဘဝများ ဖြစ်စေချင်သောကြောင့် ဟု ဒေသခံရွာသားများအား မိန့်ကြားခဲ့သည်။

ထက်နောင်နောင်

May Peace Be Upon You

Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.