[mrsorcerer:37732] မိတ္ထီလာ အဓိကရုဏ်း မင်းကိုနိုင် နှင့် RFA မေးမြန်းခန်း


မိတ္ထီလာ အဓိကရုဏ်း မင်းကိုနိုင် နှင့် RFA မေးမြန်းခန်း
===============================
>> မိတ္ထီလာမြို့မှာ အခြေအနေတွေငြိမ်သက်သွားပြီးတဲ့နောက်ပိုင်းပေါ့လေ ပျဉ်းမနားတဝိုက်က ရမည်းသင်းတို့ နောက်ပဲခူးက အုတ်တွင်းတို့ သာယာဝတီ စစ်ကွင်း စတဲ့ဒေသတွေမှာ ရုပ်ရုပ်သဲသဲတွေဖြစ်လာတာတွေ့ရပါတယ်။ ဦးမင်းကိုနိုင်တို့ရော ဒီအခြေအနေတွေကို ဘယ်လိုတွေများ လေ့လာအကဲဖြတ်မိပါသလဲခင်ဗျ။

အော်ကျွန်တော်နောက်ဆုံးပေါ့ဗျာ စစ်ကွင်းက ဒေသခံတွေပြောကြားချက်တွေရော ကျွန်တော်ရောက်ခဲ့တဲ့ မိတ္ထီလာရောပေါ့ နောက်ကျန်တဲ့ အဲဒီလိုပါပဲ ပဲခူးရိုးမ အရှေ့ဘက်တစ်ကြောကမြို့တွေရဲ့ အတွေ့အကြုံရောပေါ့ အကုန်လုံးကိုသုံးသပ်လိုက်တော့ တူညီတဲ့အချက်တွေ အများကြီးတွေ့နေရတယ်။ ဒါပေမဲ့ ဒေသခံပြည်သူတွေ မပါဘဲနဲ့ ဒေသခံပြည်သူတွေက စိုးရိမ်ကြောင့်ကြစွာနဲ့ ဒီကိစ္စတွေရဲ့ မျက်မြင်သက်သေတွေ ဖြစ်နေတာက များတယ်။ တော်တော်များများက အစီအစဉ်တကျ ဝင်လာတာတွေများတယ်ဗျ။ ဒါက အကုန်သိထားပြီးတဲ့အတိုင်းပါပဲ မီးတွေပျက်သွားတယ်၊ တယ်လီဖုန်းလိုင်းတွေပျက်သွားတယ်၊ ဝင်လာကြတယ်၊ ဒါပေမဲ့ ပြီးတဲ့အခါကျတော့ ခရာတွေ မှုတ်ပြီးတော့ သူတို့ တိုက်ခိုက်ရေးသမားတွေ ပုံစံနဲ့ပေါ့ဗျာ အဲဒီမှာ ဖျက်စီးတာတွေရှိတယ်။ အဲဒါတွေအကုန်လုံးကြည့်လိုက်တဲ့အခါကျတော့ မျက်နှာစိမ်းတွေက ဝင်လာပြီးတော့ တချို့နေရာတွေမှာ မိတ္ထီလာဆိုပါတော့ဗျာ ဘယ်ဘာသာပဲဖြစ်ဖြစ် သူတို့ဖျက်ပစ်တာပဲ အိမ်တွေကို။ အဲဒီတော့ ဒါက ဘာသာရေးအရဖြစ်နေတာမဟုတ်ဘူးဆိုတာ ထင်ရှားနေပြီ။ လူမျိုးရေးအရလည်း မဟုတ်ဘူးဗျ။ ဒီ.. လူတွေဟာ ခိုကိုးရာမဲ့ ဆောက်တည်ရာမဲ့သွားပြီးတော့ နောက်ထပ်ကယ်တင်ရှင် တစ်ခုခုကို မျှော်ရတဲ့ အနေအထားမျိုး ရောက်သွားအောင် လုပ်တယ်ဆိုတာမျိုးတော့ အဖြစ်ခံလို့မရဘူး။ ဒါကျွန်တော်တို့ပြည်သူတွေက ကျွန်တော်တို့အားလုံးပေါ့ ဝိုင်းပြီးတိုက်တွန်းကြတယ် ဘာသာရေးခေါင်းဆောင်တွေရော နိုင်ငံရေးခေါင်းဆောင်တွေရော ကျွန်တော်တို့ တိုင်းရေးပြည်ရေးအတွက် စိုးရိမ်ကြောင့်ကြတဲ့လူတွေ အကုန်လုံးက တိုက်တွန်းကြတဲ့အပေါ်မှာ ပြည်သူတွေက အရင်လောက် မအတဲ့အခါမှာ သူတို့ထင်သလောက် မရဘူးပေါ့ဗျာ။ အဲဒီအခါကျတော့ ရန်ကုန်မြို့မှာတစ်ခါ စာတွေကြဲ ပြီးတဲ့အခါကျတော့ ကျီးလန့်စာစားဖြစ်အောင်လုပ်ပေါ့ဗျာ။ ဒါတွေအကုန်လုံးဟာ အစီအစဉ်ရှိရှိနဲ့ ရည်ရွယ်ချက်ရှိရှိ ကောက်ကျစ်တဲ့လုပ်ငန်းပဲလို့ ကျွန်တော်မြင်တယ်ဗျာ။ အဲဒီတော့ အာဏာရေးပဲပြောပြော၊ သူတို့ ကစားကွက်တွေကြားထဲမှာတော့ ကျွန်တော်တို့ပြည်သူတွေ ထောင်ချောက်ထဲမဝင်မိဖို့ အရေးကြီးဆုံးပေါ့။

>> ဘယ်လိုထောင်ချောက်မျိုးဖြစ်နိုင်မလဲခင်ဗျ။ အခု မျက်နှာစိမ်းဆိုတဲ့ ပုဂ္ဂိုလ်တွေက အခုလို အစီအစဉ်ကျကျ လုပ်နိုင်တယ်ဆိုတော့ အာဏာပိုင်တွေနဲ့ တစ်နည်းတစ်ဖုံအားဖြင့် ပတ်သတ်မှုရှိနိုင်တယ်လို့ ဆိုလိုတာလားခင်ဗျ။

ဒီလိုဗျ၊ အုပ်စုတွေက အများကြီးရှိကြတယ်ဗျ။ ဒီတော့ နံပါတ်တစ်က ကျွန်တော်တို့ ပြည်သူတွေကို အခုအစိုးရအဖွဲ့ကနေ ပြောပြီလေ နောက်ကွယ်ကနေပြီးတော့ စနစ်တကျ ကြိုးကိုင်လှုပ်ရှားနေသူတွေရှိတယ်ဆိုတာ အဲဒီတော့ သူတို့ကိုဖော်ထုတ် အရေးယူပြဖို့ပဲလိုတယ်ဗျ။ အဲဒီတော့ ဘာမှ စိုးရိမ်လက်တွန့်နေဖို့မလိုဘူးဗျာ ပြည်သူတွေကလည်း အဲဒါကိုမျှော်လင့်နေတာပဲ ဘယ်သူတွေ ကြိုးကိုင်ပြီးတော့ ဘယ်လိုလုပ်နေလဲဆိုတာကို ပြည်သူတွေသိပ်သိချင်နေပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဒါကအင်မတန်ထိခိုက်ရမယ့်ကိစ္စ။ အဲဒီတော့ လက်ရှိအစိုးရအနေနဲ့ သက်သေအကောင်းဆုံးပြနိုင်လို့ရှိရင် ဒီပွဲဟာ ဘယ်သူတွေဖျက်ခဲ့တယ်ဆိုတာ ပေါ်မှာပေှါ့ဗျာ။ ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကတော့ ကျွန်တော်တို့ စိုးရိမ်ကြောင့်ကြမှုအရှိဆုံးကတော့ အဲ့ဒီ ကိုယ့်မြို့ ကိုယ့်ရွာမှာ လုံခြုံအောင် ဝိုင်းထိန်းကြဖို့ပဲ။ လန့်ပြီးတော့ လက်ဦးမှုယူလိုက်တာမျိုးမဖြစ်ဖို့ အင်မတန် အရေးကြီးပါတယ်။

>> ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကလည်း ဒီကနေ့ နိုင်ငံရေးပါတီ ၃၀ လောက်နဲ့ တွေ့တဲ့အချိန်မှာ ပြောတာရှိပါတယ်၊ နိုင်ငံရေးပါတီ တစ်ချို့ကလည်း ဒီနောက်ကွယ်မှာ ရှိနေတယ်လို့ သူပြောသွားတယ်ပေါ့လေ။ ဆိုတော့ ဦးမင်းကိုနိုင်တို့ရော ဒီလိုမျိုး ဆက်စပ်တွေးယူလို့ရပါသလားခင်ဗျ။

ကျွန်တော်တို့က ဒီဟာကို နာမည်နဲ့တစ်ကွ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းဖြစ်တယ်ဆိုတာမျိုးကို ပြောဖို့တော့ ခက်ပါတယ်။ သို့သော် သေချာတာကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ တစ်ခုတစ်ဖွဲ့ကတော့ အနည်းဆုံးဆုံးပေါ့ဗျာ၊ ဒါကို ကြိုတင်ပြင်ဆင်ပြီးတော့ လုပ်တာပဲ။ သူတို့လိုချင်တဲ့ လမ်းကြောင်းထဲကို မရောက်နိုင်သေးတဲ့အခါမှာ ထပ်ပြီးတော့ မတည်ငြိမ်မှုတွေ၊ ရုန်းရင်းဆန်ခတ်မှုတွေ၊ သွေးချောင်းစီးမယ့် ကိစ္စတွေကို ထပ်ပြီးတော့ ကြိုးစားနေမှာပဲ။ အဲဒီတော့ ကျွန်တော်တို့ ဒေသန္တရအုပ်ချုပ်ရေးတွေနဲ့ ပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ ကာကွယ်ဖို့ပဲ အရေးကြီးတယ်ဗျ။ တစ်စုတစ်ဖွဲ့ထဲမရဘူးနော်၊ သိပ်သေချာတယ်။ အဲဒီတော့ နိုင်ငံရေးပါတီတွေလည်းပါ၊ အရပ်ဖက်လူ့အဖွဲအစည်းတွေလည်းပါ၊ အုပ်ချုပ်ရေးတွေလည်းပါ၊ ပြီးတဲ့အခါမှာ ဘာသာရေးခေါင်းဆောင်တွေလည်းပါ၊ အဲဒီလို အကုန်လုံး လက်ချင်းချိတ်ပြီးတော့ ကိုယ့်မြို့ကိုယ့်ရွာ ကာကွယ်ထား။ မဟုတ်ရင် သံသယတွေနဲ့ ကြီးထွားနေလို့ရှိရင် လန့်ပြီးတော့ လက်ဦးအောင် လုပ်လိုက်မှာမျိုး ကျွန်တော်သိပ်စိုးရိမ်တယ်။ နောက်မှ မှားမှန်းသိတာမျိုးပေါ့ဗျာ။ အဲဒါကြေကွဲစရာကောင်းလိမ့်မယ်။

>> ကြိုတင်စီမံနိုင်တယ်။ ဥပမာ မီးဖြတ်တာအပါအဝင် စနစ်တကျလုပ်ဆောင်နိုင်တယ်ဆိုတော့ ဘာကြောင့် ဒီလို အလွယ်တကူလုပ်နိုင်ရတယ်လို့ရော ယူဆပါသလဲခင်ဗျ။

အင်းပေှါ့ဗျာ… ကျွန်တော်တို့ သာမန်ပြည်သူတွေ အနေနဲ့ကတော့ဗျာ ကိုယ့်စီးပွားကိုယ်ရှာပြီးတော့ ကိုယ့်ဟာကို အေးအေးနေကြတာကိုး။ ဒီဟာတွေက ဘယ်ကတည်းက ဘယ်လောက် ပြင်ဆင်ထားလဲဆိုတာ ကျွန်တော်တို့မှ မသိတာ။ အရေးကြီးတာက ကျွန်တော်တို့တိုင်းပြည်မှာ ရဲအဖွဲအစည်းတွေ ထောက်လှမ်းရေးအဖွဲ့အစည်းတွေ အင်မတန်များတာပဲဗျာ ကွန်ရက်တွေ အင်မတန်ကောင်းတာပဲ၊ သူတို့ဖော်ထုတ်ပြဖို့ လိုပါတယ်။ ပြည်သူလူထုက ဒီပွဲမှာ ဘယ်သူတွေ ဒီလောက်ကောက်ကျစ်ပြီးတော့ ဒီလောက် အကြံကြီးကြီးလုပ်ခဲ့လဲဆိုတာကို သိပ်သိချင်နေကြတယ်ဗျာ။ နောက်ပြီးတော့ လုံခြုံတဲ့ဘဝအနေနဲ့က ကျွန်တော်တို့ အရပ်သားချင်း ခုခံကာကွယ်ထားရတဲ့ အနေအထားက ကာလတစ်ခုပဲရမှာကိုးဗျ။

>> ဒီအန္တရာယ်က ဘယ်လောက်အထိကြီးမားနိုင်သလဲ၊ ဦးမင်းကိုနိုင် ဘယ်လိုများအကဲဖြတ်လို့ရပါသလဲ။

ဒါကတော့ ကျွန်တော်တို့အားလုံးရဲ့ အစွမ်းအစအပေါ်မူတည်တာပေါ့။ ကျွန်တော် ပြောချင်တာကတော့ အဓိကက ဥာဏ်အမြော်အမြင်ပဲဗျ။ ဒီဟာက သူတို့သဘောအတိုင်း လုပ်လို့မရပါဘူး။ ကျွန်တော်တို့ပြည်သူတွေ အဲဒီလမ်းကြောင်းထဲ မဝင်သွားသရွေ့၊ အဲဒီအမှားတွေနောက်ကို မပါသွားသရွေ့၊ သူတို့လိုချင်တဲ့ လမ်းကြောင်းမရောက်ပါဘူး။ ကျွန်တော်တို့ရဲ့ ဥာဏ်အမြော်အမြင် ဘယ်လောက်ကြီးသလဲ၊ အချင်းချင်း ညီညွတ်မှု ဘယ်လောက်ရှိသလဲ အဲဒီအပေါ်ပဲ မူတည်ပါတယ်။ ကျွန်တော်ကတော့ ယုံပါတယ်။ ကျွန်တော်တို့ ပြည်သူတွေ ကြံ့ကြံ့ခံပြီးတော့ ရင်ဆိုင်နိုင်မယ်။ အဲဒါကို လက်ချင်းချိတ်ပြီးတော့ ကာကွယ်နိုင်မယ်လို့ ကျွန်တော်တို့ ယုံပါတယ်။ ဒီ သွေးချောင်းစီးတဲ့ ဇာတ်လမ်းတွေ ကျွန်တော်တို့တိုင်းပြည်မှာ ထပ်အဖြစ်ခံလို့မရဘူး။ ကျွန်တော်တို့တိုင်းပြည်ရဲ့ ဘယ်နေရာမှာမ အပြစ်မဲ့တဲ့ ပြည်သူတွေရဲ့ အလောင်းကို မကောက်ရအောင် ကျွန်တော်တို့ ဝိုင်းကာကွယ်ရလိမ့်မယ်။

>> သွေးချောင်းစီးအောင်၊မတည်မငြိမ်ဖြစ်အောင် လုပ်နေတဲ့သူတွေကို စုံစမ်းဖော်ထုတ်တဲ့နေရာမှာပေါ့လေ လက်ရှိ ဦးသိန်းစိန် အစိုးရအဖွဲ့အနေနဲ့ကော ဘယ်သူတွေက ရန်သူ၊ ဘယ်သူတွေက မိတ်ဆွေ ဆိုပြီးတော့ ကွဲကွဲပြားပြား သိမြင်ဖို့က ဘယ်လောက်အထိ အခက်အခဲရှိနိုင်မလဲခင်ဗျ။

ဒါက ဒီတိုင်းပြည်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဘယ်လောက် အဲဒီ အဓိကရုန်းဖန်တီးသူတွေ အပေါ်မှာ ဘယ်လောက်ကိုင်တွယ်နိုင်လဲ၊ ဘယ်လောက်တားဆီးနိုင်လဲ ဆိုတာလည်း အရေးပါတဲ့ အချက်ပဲ။ နောက်တစ်ခုက ဘာကြောင့်မို့လို့ ဒီလောက် ရှောရှော ရှူရှူ ဝင်လို့ထွက်လို့ရပြီးတော့ ကြက်ပျောက်ငှက်ပျောက် ပြန်ပျောက်သွား၊ ဘယ်လိုပေါ်လာလဲ ဒါတွေအကုန်လုံးဟာ ဒေသန္တရဆိုင်ရာ လုံခြုံရေးအဖွဲ့တွေ ဘယ်လောက် အလုပ်လုပ်နိုင်လဲဆိုတာအပေါ် မူတည်တယ်ဗျ။ ဆိုကြပါတော့ ကျွန်တော်တို့ အစွန်းနှစ်ဖက်ကို ရောက်ရောက်သွားတာကို ကျွန်တော်တစ်ချက်ထောက်ပြချင်တယ်။ အရင်တုန်းကဆိုလို့ရှိရင် အဖြူအစိမ်းဝတ်တဲ့ ကျောင်းသားလေးတွေ ဒေါင်းအလံကိုင်ပြီးတော့ ချီတက်ရုံနဲ့ နှိမ်နင်းခဲ့တာတွေရှိတယ်။ သံဃာတွေ မေတ္တာသုတ်ရွတ်ပြီးတော့ စီတန်းရုံနဲ့ နှိမ်နင်းခဲ့တာတွေရှိတယ်။ အစွန်းတစ်ဖက်ပဲဗျ၊ နောက်တစ်ခါကျတော့ အခုလို လက်နက်တွေ ကိုင်ဆောင်ပြီး တော့ ဝင်ရောက်ဖျက်ဆီးနေတာကို မနှိမ်နင်းနိုင်တာ မတားဆီးနိုင်တာလည်း အစွန်းတစ်ဖက်ပဲ။ အဲဒီအစွန်းနှစ်ဖက်တော့ ဘယ်လိုမှရောက်လို့မရဘူး။ ကျွန်တော်တို့က ဒီလိုပြောလိုက်လို့ဟိုဘက် အစွန်းရောက်သွားတယ်၊ ဟိုဘက်ကိုပြောလို့ ဒီဘက်အစွန်းရောက်သွားတယ်ဆိုတာတော့ ဘယ်ဖြစ်လို့ရမလဲဗျ။ ဒါသူတို့ စဉ်းစားဆင်ခြင်ဥာဏ်နဲ့ တည့်တည့်မတ်မတ်ဆောင်ရွက်ရမယ့် ကိစ္စပါ။ ဒါအရေးအကြီးဆုံးပါ။

>> လက်ရှိကိုင်တွယ်နှိမ်နင်းမှုတွေမှာပေါ့လေ ပိုပြီးတော့ ထိထိရောက်ရောက်ဖြစ်လာအောင် အစိုးရအနေနဲ့ နောက်ထပ်တစ်ဆင့်တိုးပြီးတော့ ဘာတွေများ လုပ်ဆောင်ဖို့လိုနေတာ တွေ့ရပါသလဲခင်ဗျ။

အဓိကကတော့ ပြည်သူလူထုရဲ့ နေ့စဉ်ဘဝတွေကိုလည်း မခြိမ်းခြောက်ဖို့အရေးကြီးတာပေါ့။ တကယ်က ဥာဏ်အမြော်အမြင်ရှိရင်ဗျာ… လုံခြုံရေးတပ်တွေကို အခုဝင်လာတဲ့ လမ်းကြောင်းတွေက ထင်ထင်ရှားရှား ပေါ်ပေါ်လာတာမျိုးတွေပါဗျာ၊ အဲဒီတော့ မြို့အဝင်အထွက်တွေမှာ စနစ်တကျ ကြည့်နိုင် ရှု့နိုင်ဖို့လည်း လိုပါတယ်။ ကျွန်တော်တို့ ပြည်သူလူထုရဲ့ ပူးပေါင်းတဲ့အားကိုလည်း ယူဖို့လိုတယ်။ ပြည်သူလူထုကို အကူအညီတောင်းပြီးတော့ လက်တွဲလို့ရှိရင် ရတယ်ဗျ။ ပြည်သူလူထုက ကူညီဖို့ အဆင်သင့်ပဲ။

>> ပြည်သူတွေဘက်ကရော ဘာတွေများ သတိပြုဖို့လိုနေပါသလဲ ခင်ဗျ။ ခုအချိန်မှာပေါ့လေ။

ထောင်ချောက်ထဲမဝင်မိဖို့ပါပဲ။ ကျွန်တော်တို့အားလုံး အသက်သွေးချွေးတွေနဲ့ ဘဝတွေနဲ့ ရင်းနှီးတည်ဆောက်ထားတဲ့ အခုရက်သားနုနုနယ်နယ် ဒီမိုကရေစီလမ်းကြောင်းပေါ် တင်နေတုန်းရှိသေးတယ် ဒါကို ကျွန်တော်တို့ နောက်ကြောင်းအပျက်အစီးခံဖို့ မရဘူးပေါ့ဗျာ။ ကျွန်တော်တို့ပြည်သူတွေ ဒီလောက်ဆိုရင် သိပါတယ်။ ကျွန်တော်တို့ ပြည်သူတွေဟာ သိပ်ညံ့တဲ့ပြည်သူတွေမဟုတ်ပါဘူး။

နေပြည်တော် သာသနာရေးဝန်ကြီးဌာနက ရုံးအဖွဲ့မှူး ဦးမြင့်ဦးက ၉၆၉ တံဆိပ်ကို ဗုဒ္ဓဘာသာရဲ့ တရားဝင် အမှတ်တံဆိပ် အဖြစ် အသိအမှတ် မပြုတဲ့အပြင် မှတ်ပုံတင်ထားတာမျိုးလည်း မရှိကြောင်း၊ ခွင့်ပြုထားတာလည်း မရှိကြောင်း ဧရာဝတီကို ပြောပါတယ်။

''၉၆၉ ဖြစ်စဉ်တွေကိုတော့ သိရတယ်။ သိပေမယ့် ဘယ်လိုအရေးယူရမလဲ ဆိုတာတော့ ဒေသအလိုက် ဖြစ်တဲ့ကိစ္စတွေ ကိုတော့ ဒေသအာဏာပိုင်က ရှင်းရမှာပဲ။ သူတို့ကို လုပ်ပိုင်ခွင့် အပြည့်ပေးထားပြီးသား ''ဟု ဦးမြင့်ဦးက ဆိုတယ်။

ဦးဝီရသူက ၉၆၉ အဖွဲ့ကို မော်လမြိုင်မြို့က သံဃာ ၅ ပါးက စဖွဲ့စည်းပြီး ၁၉၉၉ ခုမှာ ကွယ်လွန်သူ သာသနာရေး ဦးစီးဌာန အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် နှစ်ဖက်လှ ဦးကျော်လွင်ကတဆင့် စတင်သိရှိခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်သူတွေပါဝင်ဖွဲ့စည်းထားမှန်း မသိရပေမယ့် အခုအခါ ရန်ကုန်မြို့တော်မှာလည်း ၉၆၉ စတစ်ကာတွေနဲ့ တရားခွေ တော်တော်များများ ပျံ့နှံ့နေပြီး အခမဲ့ ဖြန့်ဝေတာဖြစ်တယ်လို့ သိရပါတယ်။ ဗုဒ္ဓဘာသာဝင်အများစုကတော့ ၉၆၉ စတစ်ကာတွေကို ဆိုင်တွေ၊ ကားတွေ၊ အိမ်တွေမှာ ကပ်ထားကြပါတယ်။

ဒါပေမယ့် ရန်ကုန်ဒေသခံအချို့တွေကတော့ ၉၆၉ ကို ဗုဒ္ဓဘာသာရဲ့ တရားဝင် အမှတ်အသားအဖြစ် အသိအမှတ် မပြုလိုကြပါဘူး။
ဆောင်းပါး
အကြမ်းဖက်မှု ၉၆၉ နဲ့ ဆက်နွယ်နေသလား
သာလွန်ဇောင်းထက်

မိတ္ထီလာဖြစ်စဉ်အပြီး မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနဲ့ ပဲခူတိုင်းဒေသကြီးအတွင်းက အကြမ်းဖက်ဖြစ်စဉ် တွေနဲ့ ပတ်သက်ပြီး လူ ၆၈ ဦးကို ဖမ်းဆီးစစ်ဆေးထားကြောင်း၊ မိတ္ထီလာအကြမ်းဖက်မှုဖြစ်စဉ်ကြောင့် လူ ၄၂ ဦးသေဆုံးကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားဝင်ထုတ်ပြန်လိုက်ပါတယ်။

မိတ္ထီလာမြို့ ရွှေဆိုင်အရောင်းအ၀ယ်မှ စတင်ဖြစ်ပေါ်ခဲ့တဲ့ ဘာသာရေးနဲ့ လူမျိုးရေးပုံစံ အဓိကရုဏ်းတွေ ပဲခူးတိုင်းဒေသကြီးကိုပါ ဆူပူအကြမ်းဖက်မှုတွေ ကူးစက်လာပါတယ်။

ပဲခူးတိုင်းဒေသကြီး အိုးသည်ကုန်းမြို့မှာ ဘာသာရေး အစွန်းရောက်အဖွဲ့တွေရဲ့ လာရောက်ဟောပြောမှုတွေဖြစ်ပွားပြီး တဲ့နောက်မှာ အဲဒီဒေသတွင်းမှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာတာဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးက ရဲအရာရှိ တဦးက ပြောပါတယ်။

ဆူပူအကြမ်းဖက်မှုတွေ မစတင်ခင်မှာ စာရွက်ဖြန့်ဝေမှုတွေ၊ အစ္စလမ်ဘာသာဝင်တွေရဲ့ ပိုင်ဆိုင်မှု အိုးအိမ်ဆိုင်ခန်းတွေနဲ့ ဗလီတွေဖျက်ဆီးပြီးတဲ့အခါမှာ ချန်ထားရစ်ခဲ့တဲ့ အမှတ်အသား တံဆိပ်တွေအရ ဘာသာရေး အစွန်းရောက်တွေ ပါဝင်နေတယ်လို့ သိရပါတယ်။

ဘာသာရေးအစွန်းရောက်လို့ ဆိုတဲ့နေရာမှာ ဗုဒ္ဓဘာသာနဲ့ ဆက်နွယ်နေတဲ့ အမှတ်အသားတွေ တွေ့နေရတယ်လို့ ပဲခူးတိုင်း ဒေသခံတွေက ဆိုပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ် အမျိုးသားဒီမိုကရေစီိအဖွဲ့ချုပ်မှ တွဲဘက်အတွင်းရေးမှူး ဦးမင်းသူရက ဆူပူအကြမ်းဖက်မှုတွေ မဖြစ်ပွားမီက ၉၆၉ အမှတ်တံဆိပ်ပါ စာရွက်စတစ်ကာတွေ၊ ဘာသာခြား ဆန့်ကျင်ရေး အဓိက ဦးတည်တဲ့ တရားခွေတွေ မြို့တွင်းအထိ လာရောက်ဝေငှခဲ့မှုတွေဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

"မတ်လ၂၃ ရက်နေ့ မှာ ၉၆၉ စတစ်ကာ စာရွက်တွေ လာဝေတယ်။ ဝေတဲ့အထဲမှာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးက လူတွေ တချို့လူတွေ လည်းပါတယ်။ အချို့လူတွေက ဒီဟာကို ဘာမှန်းမသိဘဲ တဆင့် ဖြန့် ဝေတာ မျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီဖြစ်စဉ်တွေမှာ သူတို့ ပါတယ်လို့ စွပ်စွဲတာမဟုတ်ဘူး။ ဒီဟာက ဘာသာရေး ဖြစ်တဲ့အခါကျတော့ တဆင့်ပြန်ဝေခိုင်းရင်းနဲ့ ကျယ်ပြန့်လာတယ်။ နောက်ဆုံးရွာတွေထိကို မိတ္တူကူး၊ ခွေတွေ ကူးပြီး ကျယ်ပြန့်လာတယ်"လို့ ဦးမင်းသူရက ဆိုတယ်။

ဆိုတော့ ၉၆၉ ဆိုတာ ဘာလဲ။ ၉၆၉ ဆိုတာ ဘုရားဂုဏ်တော် ၉ ပါး၊ တရားဂုဏ်တော် ၆ ပါး၊ သံဃာ့ ဂုဏ်တော် ၉ ပါး ကို ဦးထိပ်ထားပြီး ဗုဒ္ဓဘာသာဝင်တွေ စုစုစည်းစည်းဖြစ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တီထွင်ထားတဲ့ အမှတ်တံဆိပ်တခုဖြစ်တယ်လို့ မန္တလေး မစိုးရိမ်ကျောင်းတိုက်က ဆရာတော်ဦးဝီရသူက မိန့်ပါတယ်။

ကြို့ပင်ကောက်မြို့နယ်မှာ ဆူပူအကြမ်းဖက်မှုတွေမဖြစ်ခင် လာဝေငှတဲ့အထဲမှာ ဆရာတော် ၄ ပါးထက်မနည်း ဟောပြောထားတဲ့ တရားခွေတခွေလည်းပါဝင်နေပါတယ်။ DVD ရော CD ရောပါ ဖြန့်ဝေနေတဲ့ အဲဒီအခွေမှာ အရှင်ပညာဝရ ရဲ့ လမ်းခွဲတရားတော်၊ အရှင်ကောသလ္လရဲ့ ဘာကို အရင်လုပ်ကြမှာလဲ၊ အရှင်သုနန္ဒရဲ့ ဗုဒ္ဓလမ်းစဉ် ကျင့်စေချင်၊ အရှင်ဝိစိတ္တာဘိဝံသ(၀ီရသူ)ရဲ့ အမျိုးသားရေး ပေါ့ပေါ့မတွေးနဲ့ စတဲ့ တရားဟောပြောမှုတွေပါဝင်ပါတယ်။

ဒီဟောကြားမှုတွေဟာ အဓိကအားဖြင့် မွတ်စလင်ဘာသာဝင်တွေရဲ့ နယ်ချဲ့မှုတွေကြောင့် ဗုဒ္ဓဘာသာ ပျောက်ကွယ်နိုင်တာမို့ ဗမာလူမျိုးတွေ အနေနဲ့ အမျိုးသား၊ ဘာသာ၊ သာသနာကို စောင့်ရှောက် ထိန်းသိမ်းကြဖို့ အတိအလင်း ပြဆို ဟောပြော ထားပါတယ်။ အဲဒီအခွေရဲ့ အပေါ်မှာ "ငါတို့အရိုး စည်းရိုးထိုး၍ ကာသင့်ပါလျှင် ကာရမည်" ဆိုတဲ့ ဆောင်ပုဒ် တခုကိုလည်း ရေးထိုးထားပါတယ်။

၉၆၉ အမှတ်တံဆိပ်နဲ့ တရားခွေတွေဟာ အခြားဘာသာတွေကို တိုက်ခိုက်တာ မဟုတ်ဘဲ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မိမိတို့ရဲ့ ဆိုင်၊ အိမ်တွေနဲ့ လုပ်ငန်းတွေမှာ ကပ်ထားဖို့ အတွက် အဓိက ဖြစ်တယ်လို့ ဦးဝီရသူက မိန့်ဆိုပါတယ်။

''အခြား ဘာသာတွေကို တိုက်ခိုက်ဖို့ မဟုတ်ပါဘူး။ကိုယ့်ဆိုင် ကိုယ့်အိမ်မှာ ကပ်ထားရင် ဗုဒ္ဓဘာသာအိမ်ဖြစ်တယ်၊ ဆိုင် ဖြစ်တယ် ဆိုတာသိပြီးတော့ ဈေးဝယ်ဖို့ ၀င်နားဖို့ ဒီလောက်ပါပဲ။ ၉၆၉ ၀တ်စုံတွေ ၀တ်တယ် ဆိုတာလည်း လှုံ့ဆော်တာ မဟုတ်ပါဘူး။ စည်းရုံးတာပါ''လို့ ဦးဝီရသူက မိန့်ပါတယ်။

မိတ္ထီလာမြို့ကို သွားရောက်လေ့လာခဲ့တဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီးယားကလည်း အခုလို ဘာသာရေး အကြမ်းဖက်မှုများဟာ "မီးမွှေးပေးတဲ့ ဝါဒဖြန့်မှုများ"ကြောင့်လို့ ဆိုလိုက်ပြီး "ရက်စက်လွန်းတဲ့ ပိရိသေသပ်မှု"လို့လည်း ကောက်ချက်ချ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုပြောဆိုချက်ဟာ ၉၆၉ အဖွဲ့ကြောင့်လို့ တိုက်ရိုက်စွပ်စွဲပြောဆိုချက်တော့ မဟုတ်ပါဘူး။

ဒါပေမယ့် ကြို့ပင်ကောက်မြို့ပေါ်က ဗလီတွေ၊ နေအိမ်တွေ ၊ ကားတွေ ဖျက်ဆီးခံရပြီးတဲ့နောက်မှာတော့ ၉၆၉ ဆိုတဲ့ အမှတ်တံဆိပ်ကို မင်အစိမ်းရောင်တွေနဲ့ ရေးသားခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

"ဖျက်ဆီးခံထားရတဲ့ အစ္စလမ်တွေရဲ့အိမ်တွေမှာ၊ ကားတွေမှာ ၉၆၉ ဆိုတဲ့ ဂဏန်းကို မှင်အစိမ်းနဲ့ အတည့်ပုံစံတမျိုး၊ ဇောက်ထိုးပုံစံမျိုးတွေနဲ့ ရေးသားထားတယ်။ တော်တော်များများမှာ အဲလိုရေးထားတယ်" လို့ ကြို့ပင်ကောက် ဒေသခံတဦးက ဆိုပါတယ်။

၉၆၉ တံဆိပ်ကို အသုံးချ ဖျက်ဆီးမှုတွေလုပ်ခဲ့တာလား၊ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဆူပူဖျက်ဆီးမှုတွေ လုပ်ခဲ့သလဲဆိုတာ အဖြေက မရှင်းလင်းပေမယ့် ဘာသာရေး အစွန်းရောက်မှုတွေ ရှိနေတာတော့ သေချာလို့ စုံစမ်းဖော်ထုတ်မှုတွေလုပ်နေတယ်လို့ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးက တာဝန်ကျ ရဲအရာရှိက ဆိုပါတယ်။

"ပဲခူးတိုင်းထဲမှာ ပထမဆုံးစဖြစ်တာက အိုးသည်ကုန်း မှာစဖြစ်တယ်။ အဲဒီစဖြစ်တဲ့ အိုးသည်ကုန်းကိုလည်း အခင်းမဖြစ်မီ၊ ဆူပူအကြမ်းဖက်မှု တွေ မဖြစ်မီ ဘာသာရေးအစွန်းရောက် အဖွဲ့ တွေလာပြီး ဟောပြောတာတွေ လုပ်သွားတယ်လို့ သိထားပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့လည်း ကျနော်တို့ အခု ဓာတ်ပုံမှတ်တမ်းတွေနဲ့ ဖော်ထုတ်နေပါပြီ။ အခု လောလောဆယ်တော့ ပေါင်းတည်မှာ လူ ၂ ဦး၊ မိုးညိုမှာ ၂ ဦး၊ မင်းလှမှာ ၁၀ ဦး စုစုပေါင်း လူ ၁၄ ဦး ဖမ်းဆီး စစ်ဆေးနေပါတယ်။ အားလုံးက ဒေသခံတွေချည်းပါပဲ" လို့ ရဲအရာရှိက ပြောတယ်။

နေပြည်တော် သာသနာရေးဝန်ကြီးဌာနက ရုံးအဖွဲ့မှူး ဦးမြင့်ဦးက ၉၆၉ တံဆိပ်ကို ဗုဒ္ဓဘာသာရဲ့ တရားဝင် အမှတ်တံဆိပ် အဖြစ် အသိအမှတ် မပြုတဲ့အပြင် မှတ်ပုံတင်ထားတာမျိုးလည်း မရှိကြောင်း၊ ခွင့်ပြုထားတာလည်း မရှိကြောင်း ဧရာဝတီကို ပြောပါတယ်။

''၉၆၉ ဖြစ်စဉ်တွေကိုတော့ သိရတယ်။ သိပေမယ့် ဘယ်လိုအရေးယူရမလဲ ဆိုတာတော့ ဒေသအလိုက် ဖြစ်တဲ့ကိစ္စတွေ ကိုတော့ ဒေသအာဏာပိုင်က ရှင်းရမှာပဲ။ သူတို့ကို လုပ်ပိုင်ခွင့် အပြည့်ပေးထားပြီးသား ''ဟု ဦးမြင့်ဦးက ဆိုတယ်။

ဦးဝီရသူက ၉၆၉ အဖွဲ့ကို မော်လမြိုင်မြို့က သံဃာ ၅ ပါးက စဖွဲ့စည်းပြီး ၁၉၉၉ ခုမှာ ကွယ်လွန်သူ သာသနာရေး ဦးစီးဌာန အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် နှစ်ဖက်လှ ဦးကျော်လွင်ကတဆင့် စတင်သိရှိခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်သူတွေပါဝင်ဖွဲ့စည်းထားမှန်း မသိရပေမယ့် အခုအခါ ရန်ကုန်မြို့တော်မှာလည်း ၉၆၉ စတစ်ကာတွေနဲ့ တရားခွေ တော်တော်များများ ပျံ့နှံ့နေပြီး အခမဲ့ ဖြန့်ဝေတာဖြစ်တယ်လို့ သိရပါတယ်။ ဗုဒ္ဓဘာသာဝင်အများစုကတော့ ၉၆၉ စတစ်ကာတွေကို ဆိုင်တွေ၊ ကားတွေ၊ အိမ်တွေမှာ ကပ်ထားကြပါတယ်။

ဒါပေမယ့် ရန်ကုန်ဒေသခံအချို့တွေကတော့ ၉၆၉ ကို ဗုဒ္ဓဘာသာရဲ့ တရားဝင် အမှတ်အသားအဖြစ် အသိအမှတ် မပြုလိုကြပါဘူး။

"ကျနော်တို့ သိတာက ဗုဒ္ဓရဲ့အဆုံးအမက ငြိမ်းချမ်းတယ်။ အေးချမ်းတယ်။ မေတ္တာထားရမယ်။ အဓိက ချုပ်ငြိမ်းမယ့် ၊ သံသရာခရီးမဆက်နိုင်မယ့် နိဗ္ဗာန်ရောက်ကြောင်း တရားကို ရှာတာပေါ့။ ဒါက ဗုဒ္ဓရဲ့ တကယ့်အနှစ်သာရလို့ ဆရာတော်ကြီးတွေ ဟောထား ပြောထားတွေကို သိထားရလို့ ဒီလို ၉၆၉ စတစ်ကာ ကပ်ထားမှ ဆိုတာမျိုးကို လက်မခံဘူး။ ဘုရားရှင်ရဲ့ တရားတော်တွေကို နာတယ်။ အဆုံးအမကို နာခံတယ်။ ငါးပါးသီလလုံအောင်စောင့်တယ်" လို့ အသက် ၃၀ အရွယ် ရန်ကုန်မြို့ခံ အမျိုးသားတဦးက ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ ဓမ္မစက္ကဖောင်ဒေးရှင်းက ဦးမောင်မောင်ကတော့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ စည်းရုံးဖို့ လှုပ်ရှားခဲ့တဲ့ ၉၆၉ အမှတ်တံဆိပ်က ရည်ရွယ်ချက်လွဲမှားတာမျိုး ဖြစ်နေတယ်လို့ သုံးသပ်ပြောဆိုပါတယ်။

''ကိုယ့်ဘာသာကို စည်းလုံးဖို့ လုပ်တာ။ဒါပေမယ့် မြန်မာလူမျိုးကတော့သိတဲ့ အတိုင်း ခုတ်ရာတခြား ရှရာတခြား ဖြစ်တာပေါ့''ဟု ဦးမောင်မောင်က ပြောသည်။

ထက်နိုင်ဇော် ပူးပေါင်းပါဝင် ရေးသားသည်။
--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.