[mrsorcerer:37733] Re: [လူဗိုလ်ဟူသည် ...] တန်းဖိုးမဖြတ်နိုင်အောင် အမွေ . ……..




2013/3/29 Blogger <no-reply@blogger.com>
ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည် shared Mg Mandalay'sphoto.
တန်းဖိုးမဖြတ်နိုင်အောင်  အမွေ . ……..    ကျေးဇူးရှင်ဖခင်က ဘယ်လိုမှ တန်းဖိုးမဖြတ်နိုင်အောင် လူသားတို့ အတွက် ပေးခဲ့သော စိတ်ပိုင်းဆိုင်ရာ အမွေ တရပ်ပါ ။    ကျောင်းသားအရွယ်ခပ်ငယ်ငယ်မှာမိဘများက  စီးပွားရေးအတွက် ဆိုင်တစ်ဆိုင်ဖွင့်ပြီးရောင်းချခဲ့ပါတယ် ဆိုင်မှာ မုန့် တွေလည်းရောင်းပါတယ် အခုခေတ်လို စားသောက်ကုန်ပစ္စည်းများကို သတ်မှတ်ရက်ဆိုတာ မတွင်ကျယ်သလို့  ရှိလည်း မရှိပါဘူး ရောင်းခဲ့ကြပါတယ် ဒါပေမဲ့ ဆိုင်မှာရှိသည့် စားသောက်ကုန်တွေကို ဖခင်က ရက်ခြားသွားကြည့်ပြီး ရက်လွန်သည်ဆိုတာနဲ့ အကုန်လုံးကို ခြံမှာသယ်ယူပြီး ဖျက်ဆီးပစ်ပါတယ် ။     သိပ်အန္တရာယ် ဖြစ်လာနိုင်သည့် အစားသောက်ကိုတောင် ဖခင်ဖြစ်သူက ဘာမှမသိနားမလည်သည့် ခွေး ကြောင် ဌက်တွေတောင် မကျွေးဘဲ စွန့် ပစ်ပါတယ် ။ဒါကို ကြည့်ပြီးတော့ တအားကို နှမျှောမိခဲ့ပါတယ် မိခင်ဖြစ်သူကလည်း ပြုံးပြုံးလေးဘဲ လက်ခံပြီး နေနေလို့  မေးခွန်းမေးပါတယ် ။     ဒါတွေကို လျှော့ရောင်းလိုက်ပေါ့ တအားနှမျှောစရာကြီး ပြီးတော့လည်း ခြံကခွေးတွေတောင် မကျွေးဘူး ဘာလို့ လည်းလို့ မေးမိပါတယ် ။     ငါ့သား ဒါတွေက သူသတ်မှတ်သည့် အချိန်တွင်းမှာ မကုန်ဘူးဆိုရင် မှိုတက်မယ် လူတွေကို အခုတော့ ဘာမှ မဖြစ်ပေမဲ့ တဖြေးဖြေးနဲ့  ကျန်းမာရေးကို ဆိုးဝါးလာစေမယ် ဒီလိုမျိုးတွေ ရောင်းလည်း ဝယ်မှာဘဲ စားကြမယ်ဆိုတာ သိတာပေါ့ ဒါပေမဲ့ ဘယ်တော့မှ မလုပ်ရဘူး ၊  ဒီလိုစိတ်နဲ့ လုပ်ပေမဲ့ တခြားတဖက်ကြည့်မယ်ဆိုရင် သားပြောသလို နှမျှောနေမယ် လို့ ထင်နေပေမဲ့ ကြီးမြတ်သော ကောင်းမှု့ ကုသိုလ်နဲ့  လူသားအသိ သိသည့် စိတ်ပါ အဲဒါကို သားတို့ တစ်တွေ မှတ်သားပါ ထားရှိပါ ကျင့်ကြံပါ လေ့ကျင့်ပါ အခုဖတ်နေသည့် စာအုပ်မှာပါတယ်လေ ငတေမာရင် ပြီးရော ဘယ်သူသေသေလေ စိတ်ထားနဲ့ နေထိုင်သည့် လူတစ်ဦးအကြောင်းပါတယ်လို့ လည်း ပြောဆိုခဲ့ပါတယ် ။ငတေမာသည့်စိတ်ထား လုံးဝကို မရှိရဘူး မထားရဘူးနော် လို့  အခုထိ တန်းဖိုးမဖြတ်နိုင်သည့် လုပ်ဆောင်ပြခဲ့သော အမွေ တစ်ခုလို့ ခံယူ ရယူခဲ့ပါတယ် ။    ဒုတိယအကြောင်းရာလေးက ( ၈၈၈၈ ) အရေးခင်း မတိုင်ခင်က သတင်းစာယူလာပြီး ဘာထူးလည်း သေချာဖတ် တွေ့ ရင် ပြန်ပြောလို့ ပြောပြီး သတင်းစာတစ်ခုကိုမိသားစုတစ်တွေ ဖတ်ခိုင်းပါတယ် အပြန်ပြန်အလှန်လှန်ဖတ်တော့မှ တွေ့ ပါတယ် အဲဒါဘာလည်းဆိုတော့ …. မန္တလေးမြို့ မှ ဆရာဝန်တစ်ဦးပါဝင်ပြီး ဆေးအတုထုတ်လုပ်ရောင်းချသည့် အဖွဲ့ အစည်းတစ်ခုဖမ်းမိသည့် အကြောင်းရာဘဲဖြစ်ပါတယ် ဒါနဲ့ ဟုတ်လား ဆိုပြီး ဖခင်ကို ပြပြီး မေးမိပါတယ် ။ မှန်ပါတယ် ဘာမီတွန် တို့  ပါရာစီတမော တို့ ကို ဆေးပြားရိုက်စက်တွေနဲ့ အတူ အလုံးေ၇အတုမြောက်မြားစွာ မိလိုက်ပါတယ် ။ ဒါပေါ့သားရယ် အသားထဲက လောက်ထွက်တယ်ဆိုတာ ဒါပေါ့ ပြီးတော့လည်း ငတေ လို့ လူသားမဆန်သည့် လူသားဆောင်ဆရာဝန်တစ်ဦးပါတော့ ပိုဆိုးတယ်လေ သူတက်သည့် အတက်ပညာက လူသားတွေ သက်တမ်းတစ်ခုအနေနဲ့ ရှင်သန်အောင် ပြု့ စုစောင့်ရှောက်ကာကွယ်ကုသပေးရမည့်သူကိုယ်တိုင်ကိုက ဆေးဝါးအတု ထုတ်လုပ်ရောင်းချ သုံးစွဲတယ်ဆိုတော့  ……..ပြောခဲ့ပါတယ် ။     ဒါကြောင့်ဆိုင်က သက်တမ်းလွန်လို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်တွေ ဖျက်ဆီးခြင်းနှင့် ရောဂါများကို ကာကွယ်သော ဆေးဝါးအတု ထုတ်လုပ်ရောင်းချခြင်း  ဆန့် ကျင်ဖက် ဖြစ်စဉ်နှစ်ခုအကြောင်းကို အသေးစိတ်ရှင်းပြခဲ့ပါသည် ။    ယခုအချိန်ထိ ဖခင်စကား …. စိတ်မှာကြားရောင်….ပေးအပ်လေးနက်…. တန်းဖိုးမဖြတ် …. စိတ်ထားအမွေ တို့ အဖေ  ပေးအပ်ခဲ့ပါလေ  ။    အခုရေးသည့် စာစကားလုံး ….လူသားတစ်စု အကျိုး ပြု့ … ကောင်းမူ့  စိတ်ထား ကိန်းနိုင်ပါစေ ။    Mg Mandalay










ကျေးဇူးရှင်ဖခင်က ဘယ်လိုမှ တန်းဖိုးမဖြတ်နိုင်အောင် လူသားတို့ အတွက် ပေးခဲ့သော စိတ်ပိုင်းဆိုင်ရာ အမွေ တရပ်ပါ ။

ကျောင်းသားအရွယ်ခပ်ငယ်ငယ်မှာမိဘများက စီးပွားရေးအတွက် ဆိုင်တစ်ဆိုင်ဖွင့်ပြီးရောင်းချခဲ့ပါတယ် ဆိုင်မှာ မုန့် တွေလည်းရောင်းပါတယ် အခုခေတ်လို စားသောက်ကုန်ပစ္စည်းများကို သတ်မှတ်ရက်ဆိုတာ မတွင်ကျယ်သလို့  ရှိလည်း မရှိပါဘူး ရောင်းခဲ့ကြပါတယ်
ဒါပေမဲ့ ဆိုင်မှာရှိသည့် စားသောက်ကုန်တွေကို ဖခင်က ရက်ခြားသွားကြည့်ပြီး ရက်လွန်သည်ဆိုတာနဲ့ အကုန်လုံးကို ခြံမှာသယ်ယူပြီး ဖျက်ဆီးပစ်ပါတယ် ။

သိပ်အန္တရာယ် ဖြစ်လာနိုင်သည့် အစားသောက်ကိုတောင် ဖခင်ဖြစ်သူက ဘာမှမသိနားမလည်သည့် ခွေး ကြောင် ဌက်တွေတောင် မကျွေးဘဲ စွန့် ပစ်ပါတယ် ။ဒါကို ကြည့်ပြီးတော့ တအားကို နှမျှောမိခဲ့ပါတယ် မိခင်ဖြစ်သူကလည်း ပြုံးပြုံးလေးဘဲ လက်ခံပြီး နေနေလို့  မေးခွန်းမေးပါတယ် ။

ဒါတွေကို လျှော့ရောင်းလိုက်ပေါ့ တအားနှမျှောစရာကြီး ပြီးတော့လည်း ခြံကခွေးတွေတောင် မကျွေးဘူး ဘာလို့ လည်းလို့ မေးမိပါတယ် ။

ငါ့သား ဒါတွေက သူသတ်မှတ်သည့် အချိန်တွင်းမှာ မကုန်ဘူးဆိုရင် မှိုတက်မယ် လူတွေကို အခုတော့ ဘာမှ မဖြစ်ပေမဲ့ တဖြေးဖြေးနဲ့  ကျန်းမာရေးကို ဆိုးဝါးလာစေမယ် ဒီလိုမျိုးတွေ ရောင်းလည်း ဝယ်မှာဘဲ စားကြမယ်ဆိုတာ သိတာပေါ့ ဒါပေမဲ့ ဘယ်တော့မှ မလုပ်ရဘူး ၊ ဒီလိုစိတ်နဲ့ လုပ်ပေမဲ့ တခြားတဖက်ကြည့်မယ်ဆိုရင် သားပြောသလို နှမျှောနေမယ် လို့ ထင်နေပေမဲ့ ကြီးမြတ်သော ကောင်းမှု့ ကုသိုလ်နဲ့  လူသားအသိ သိသည့် စိတ်ပါ အဲဒါကို သားတို့ တစ်တွေ မှတ်သားပါ ထားရှိပါ ကျင့်ကြံပါ လေ့ကျင့်ပါ အခုဖတ်နေသည့် စာအုပ်မှာပါတယ်လေ ငတေမာရင် ပြီးရော ဘယ်သူသေသေလေ စိတ်ထားနဲ့ နေထိုင်သည့် လူတစ်ဦးအကြောင်းပါတယ်လို့ လည်း ပြောဆိုခဲ့ပါတယ် ။ငတေမာသည့်စိတ်ထား လုံးဝကို မရှိရဘူး မထားရဘူးနော် လို့  အခုထိ တန်းဖိုးမဖြတ်နိုင်သည့် လုပ်ဆောင်ပြခဲ့သော အမွေ တစ်ခုလို့ ခံယူ ရယူခဲ့ပါတယ် ။

ဒုတိယအကြောင်းရာလေးက ( ၈၈၈၈ ) အရေးခင်း မတိုင်ခင်က သတင်းစာယူလာပြီး ဘာထူးလည်း သေချာဖတ် တွေ့ ရင် ပြန်ပြောလို့ ပြောပြီး သတင်းစာတစ်ခုကိုမိသားစုတစ်တွေ ဖတ်ခိုင်းပါတယ် အပြန်ပြန်အလှန်လှန်ဖတ်တော့မှ တွေ့ ပါတယ် အဲဒါဘာလည်းဆိုတော့ …. မန္တလေးမြို့ မှ ဆရာဝန်တစ်ဦးပါဝင်ပြီး ဆေးအတုထုတ်လုပ်ရောင်းချသည့် အဖွဲ့ အစည်းတစ်ခုဖမ်းမိသည့် အကြောင်းရာဘဲဖြစ်ပါတယ် ဒါနဲ့ ဟုတ်လား ဆိုပြီး ဖခင်ကို ပြပြီး မေးမိပါတယ် ။ မှန်ပါတယ် ဘာမီတွန် တို့  ပါရာစီတမော တို့ ကို ဆေးပြားရိုက်စက်တွေနဲ့ အတူ အလုံးေ၇အတုမြောက်မြားစွာ မိလိုက်ပါတယ် ။ ဒါပေါ့သားရယ် အသားထဲက လောက်ထွက်တယ်ဆိုတာ ဒါပေါ့ ပြီးတော့လည်း ငတေ လို့ လူသားမဆန်သည့် လူသားဆောင်ဆရာဝန်တစ်ဦးပါတော့ ပိုဆိုးတယ်လေ သူတက်သည့် အတက်ပညာက လူသားတွေ သက်တမ်းတစ်ခုအနေနဲ့ ရှင်သန်အောင် ပြု့ စုစောင့်ရှောက်ကာကွယ်ကုသပေးရမည့်သူကိုယ်တိုင်ကိုက ဆေးဝါးအတု ထုတ်လုပ်ရောင်းချ သုံးစွဲတယ်ဆိုတော့ ……..ပြောခဲ့ပါတယ် ။

ဒါကြောင့်ဆိုင်က သက်တမ်းလွန်လို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်တွေ ဖျက်ဆီးခြင်းနှင့် ရောဂါများကို ကာကွယ်သော ဆေးဝါးအတု ထုတ်လုပ်ရောင်းချခြင်း ဆန့် ကျင်ဖက် ဖြစ်စဉ်နှစ်ခုအကြောင်းကို အသေးစိတ်ရှင်းပြခဲ့ပါသည် ။

ယခုအချိန်ထိ ဖခင်စကား …. စိတ်မှာကြားရောင်….ပေးအပ်လေးနက်…. တန်းဖိုးမဖြတ် …. စိတ်ထားအမွေ တို့ အဖေ ပေးအပ်ခဲ့ပါလေ ။

အခုရေးသည့် စာစကားလုံး ….လူသားတစ်စု အကျိုး ပြု့ … ကောင်းမူ့  စိတ်ထား ကိန်းနိုင်ပါစေ ။

Mg Mandalay


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/30/2013 07:44:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.