မိုးမခအထောက်တော် အမှတ် ဝဝ၉ မတ် ၁၂၊ ၂၀၁၃ ဘကြီးတော်မင်းလက်ထက်က ဆောက်လုပ်ခဲ့သည့် ဗားကရာကျောင်းတော်ကြီးတွင် ကျွန်းတိုင်ပေါင်း သုံးရာနီးပါး ရှိသည်။ ရှေးဟောင်း မြန်မာဗိသုကာ နှင့် ပန်းပုလက်ရာများ ရှိသော ဤ သစ်သားကျောင်းတော်ကြီးမှာ ဟိုတယ်အဖြစ်သို့ ဘ၀ပြောင်းဖွယ်မရှိဟု ယူဆရသည်  (ဓာတ်ပုံ - မိုးမခ) ဘုန်းကြီးကျောင်းများသည် မြန်မာနိုင်ငံ၏ ဟိုတယ်ကြီးများ ဖြစ်တော့မည်လောဟု အမေရိကန်အခြေစိုက် အွန်လိုင်းသတင်းစာမျက်နှာ Huffington Post က ယမန်နေ့က မေးခွန်းထုတ်လိုက်သည်။ ရှမ်းပြည်နယ် ညောင်ရွှေမြို့ရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတွင် နိုင်ငံခြားသားတိုးရစ်များ ညအိပ် တည်းခိုနိုင်ပြီဟု သတင်းတွင် ရေးထားသည်။ "အခုလတ်တလော အဆင်ပြေအောင် ညောင်ရွှေမှာ မြို့မရန်ကုန်ကျောင်းတိုက် ဘုန်းကြီးကျောင်းကို  ဟိုတယ်ခရီးဝန်ကြီး ဌာနနဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ နိုင်ငံခြားသားတွေကို [...]

Read more of this post