သူ … သိစေချင်ပါသည် … ဒေါက်တာဓမ္မပိယ (ITBMU)။ မတ် ၁၁၊ ၂၀၁၃ မိတ်ဆက်             မြန်မာပြည်မှာ တစ်နှစ်ကျော်ကျော် နေလာခဲ့ပြီး အမေရိကကို ပြန်လာခဲ့စဉ် … ။ လေယာဉ်ပေါ်မှာ ဟိုတွေး ဒီတွေး တွေးရင်း …။ အတွေးတွေ အတော်စုံသွားတယ်။ အတွေးတွေကို ကောက်ချက်ချကြည့်တော့ မိမိလျှောက်လှမ်းလာခဲ့တဲ့ ဘ၀ခရီးလမ်းဟာ ခရီးက အတော်ကြီးကို ရှည်လျားသွားခဲ့ပြီဆိုတာ စိတ်ထဲမှာ ထင်မြင်လာတယ်။ လူတစ်ယောက်ရဲ့ ဘ၀အစကို နေထွက်ချိန်နှင့် ပမာပြုပြီး နှိုင်းခိုင်းပြောဆိုလို့ ရမယ်ဆိုရင် ထိုလူတစ်ယောက်ရဲ့ ဘ၀နေ၀င်ချိန်ဟာ ဘယ်လောက်များ ဝေးနိုင်တော့မလဲဆိုတဲ့ သတိတရားတစ်ခုဟာ စိတ် ထဲမှာ လင်းလက်ပြီး ထင်မြင်လာခြင်းပါ။                 သတိတရားနဲ့နေပြီး အသိတရားနဲ့သေနိုင်တဲ့ပုဂ္ဂိုလ်မျိုးကို ဘုရားရှင်က ချီးမွမ်းတော်မူတယ်လို့ [...]

Read more of this post