မေတ္တာရိပ်မှာ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ ဒေါက်တာဓမ္မပိယ၊ မတ် ၂၄၊ ၂၀၁၃             ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံရဲ့သတင်းတွေကို ကြားရလေတိုင်း အသည်းအသန်တွေချည်း ဖြစ်နေခြင်းပါ။ နှလုံးရောဂါရှိသူများ မြန်မာသတင်းများကို မဖတ်ရ။ မြန်မာအရေးအခင်းနှင့်စပ်တဲ့ ရုပ်သံလွှင့် အစီအစဉ်တွေကို မကြည့်ရလို့ပင် တားမြစ်ပေးရတော့မဲ့ အဖြစ်မျိုးပါ။ ပန်းလိုမွှေးတဲ့ မေတ္တာစကားတွေ၊ ရေလိုအေးတဲ့ မေတ္တာတရားတွေ၊ နှစ်လိုဖွယ်ကောင်းပြီး မိခင်ရဲ့ မေတ္တာအပြုံးတွေ၊ ဒီတရားတွေနဲ့ ဝေဆာနေတဲ့ မြန်မာနိုင်ငံတော်ကြီးကို လက်ရှိအနေထားအရ ရှုမြင်သုံးသပ်ရလျှင် … ။ လူတွေရဲ့အနေအထားဟာ ဘ၀နှင့် ရင်းပြီး သင်ယူထားတဲ့ အသိတရားတွေ၊ အချိန်နှင့်ရင်းပြီး လေ့ကျင့်ထားတဲ့ မေတ္တာတရားတွေကို ဘယ်ဆီမှာ သိုဝှက်လို့၊ ဘယ်သူ့ထံမှာ အပ်နှံထားကြသလဲဆိုတာ သံသယစိတ်များပင် ၀င်လာမိတော့တယ်။               တရားသဘောမှာ သံသယစိတ်ကြောင့် အမှန်တရားကို [...]

Read more of this post