အခန်း ၆ - မတ်လတော်လှန်ရေး  (၂) အောင်ဒင်၊ မတ် ၁၃၊ ၂၀၁၃ (၆/ဂ) မတ်လရဲ့ သွေးစက်များ မတ်လ ၁၄ရက်နေ့မှာ အစိုးရက ရန်ကုန်စက်မှုတက္ကသိုလ်ကို ပိတ်လိုက်ပါတယ်၊ ကျောင်းဝင်းကိုလဲ လုံထိန်းရဲတွေနဲ့ပိတ်ဆို့ထားလို့ အပြင်က နေ့ကျောင်းသားတွေ ကျောင်းထဲလာလို့မရသလို ကျောင်းဝင်းထဲကကျောင်းသားများလဲ ကျောင်းဝင်းအပြင်ထွက်လို့မရပါ၊ အစိုးရ ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ မတ်လ ၁၃ ရက်နေ့အဖြစ်အပျက်ကို ကျောင်းသားများရဲ့ မှားယွင်းမှုတစ်ရပ်အဖြစ် ထပ်ခါထပ်ခါ ကြေညာပါတယ်၊ အစိုးရသတင်းထုတ်ပြန်ချက်မှာ မတ်လ ၁၃ရက်နေ့ညမှာ စက်မှုတက္ကသိုလ်ကျောင်းသားများရဲ့ ရမ်းကားမှုကြောင့် အနောက်ကြို့ကုန်းရပ်ကွက်က ပြည်သူတွေနဲ့ ရန်ဖြစ်ကြပြီး ကျောင်းသားများက ရပ်ကွက်ထဲက ရပ်ကွက်ကောင်စီရုံးနဲ့ သမဝါယမဆိုင်ကို မီးရှို့ကြကြောင်း၊ အဲဒီနောက် ကျောင်းဝင်းအတွင်းနဲ့အပြင် ကျောင်းသားတွေနဲ့ အရပ်သားတွေရဲ့ ပဋိပက္ခအတွင်း ကျောင်းသား ကိုဘုန်းမော်ဒဏ်ရာရကွယ်လွန်သွားကြောင်း စသဖြင့်ပါဝင်ပါတယ်၊ [...]

Read more of this post