အခန်း ၆ - မတ်လတော်လှန်ရေး  (၃) အောင်ဒင်၊ မတ် ၁၄၊ ၂၀၁၃ (၆/ဃ) နီရဲသွားတဲ့ တံတားအဖြူ မတ်လ ၁၅ရက်နေ့ ညနေပိုင်းမှာ ကျနော် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ကို ရောက်ရှိခဲ့ပါတယ်၊ သူငယ်ချင်း တင်ထွန်းလဲပါပါတယ်၊ အင်းစိန်ဘူတာကနေ ရထားစီးပြီး သမိုင်းဘူတာမှာဆင်းပါတယ်၊ အဲဒီကမှ အငှါးကားစီးပြီး လှိုင်နယ်မြေကို ရောက်တာပါ၊ စာသင်ခန်းတွေထဲမှာ လူသိပ်မရှိလို့ ကျောင်းသားတွေစုံတတ်တဲ့ စားသောက်ဆိုင်တန်းကို ဦးတည်ရောက်ရှိပါတယ်၊ ကျနော်တို့နှစ်ယောက် ရောက်ရှိချိန်မှာ စားသောက်ဆိုင်တန်းမှာ လူစည်ကားနေဆဲပါ၊ စားသောက်ဆိုင်တန်းက စာသင်ဆောင် T-9   နဲ့ နီးပါတယ်၊ လက်ဘက်ရည်ဆိုင်၊အအေးဆိုင်၊ ထမင်းဆိုင်၊အသုတ်ဆိုင် စသဖြင့် ဆိုင်ပေါင်း ၁၀ ဆိုင်လောက်ရှိပါတယ်၊ တင်ထွန်းက ပါလာတဲ့ ကော်မီတီရဲ့ တောင်းဆိုချက်တွေနဲ့ ဦးဗိုလ်အေးရဲ့ ဝန်ခံချက်ကို [...]

Read more of this post