နေပြည်တော်ဟိုတယ်များတွင် နိုင်ငံခြားသား တည အခမဲ့ တည်းခွင့်ပြုမည် မိုးမခအထောက်တော် အမှတ် ဝဝ၄ မတ် ၂၁၊ ၂ဝ၁၃ နေပြည်တော်သို့ရောက်လာသော ခရီးသည်များ သွားရောက် လည်ပတ်နိုင်သည့် နေရာ အနည်းငယ်ထဲတွင် ဆင်ဖြူတော်များကို ထိန်းချုပ်ထားသည့်နေရာလည်း ထိပ်တန်းက ပါဝင်သည် (ဓာတ်ပုံ - မိုးမခ) နေပြည်တော်သို့ နိုင်ငံခြားဧည့်သည်များ လာရောက်ကြရန် မက်လုံးပေးသည့်အနေဖြင့် အခမဲ့ အစီအစဉ်အများအပြားကို ၃ လ ကြာ ဆောင်ရွက်မည် ဟု ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောဆိုလိုက်ကြောင်း ဗုဒဟူးညပိုင်း ရုပ်သံသတင်းများတွင် ထုတ်လွှင့်သွားသည်။ ဧပြီ၊ မေ၊ ဇွန်လတို့တွင် နိုင်ငံခြားသား ခရီးသည်ကို လေဆိပ်မှ ဟိုတယ်အထိ အခမဲ့ ပို့ဆောင်ရေး၊ ဟိုတယ်တွင် နံနက်စာ အပါအ၀င် အခမဲ့ တစ်ညတည်းခွင့် [...]

Read more of this post