စီးပွားရေးအမြင်နှင့် ရိုးရာအစဉ်အလာအမြင် Article – Economic View and Traditional View – Junior Win ဂျူနီယာဝင်း၊ မတ် ၁၃၊ ၂၀၁၃ ကျွန်မအဘွားကပြောပါသည်။ "ဘယ်နေ့ဘယ်ရက်မှာ မွေးတာလဲဆိုတာ မသိတဲ့ ဗမာလူမျိုးအဖြစ် ရပ်တည်ဖို့ဆိုတာ မဖြစ်နိုင်" … တဲ့။ ဒါကို သိမထားရင် ဘယ်ရက်က ဆံပင်ညှပ်ရမည်၊ ခေါင်းလျော်ရမည်ဆိုတာတောင် သိမှာမဟုတ်၊ မေမေကြီးက စာရေးဆရာ"ရွှေရိုး"၏ "မွေးနေ့သောကြာ၊  တနင်္လာ၊ ဆံညှပ်ကေသာ မပြုရ" ဟူသော ရေးသားချက်ကိုပါ ဆွဲယူရှင်းပြခဲ့ပါသည်။ မြန်မာလူမျိုးများ၏ အယူအဆမှာ "မွေးနေ့ဆိုတာ ရက်သတ္တပတ်၏ ကိုယ်မွေးဖွားသောနေ့ကို ဆိုလိုပါသည်။ ကျွန်မတို့ အမွာမောင်နှမ (မောင်ရစ်နဲ့ ကျွန်မ) တို့က တနေ့တည်းဖွား ကြာသပတေးမွေးသူတွေ ဖြစ်သည်။ သည်တော့ [...]

Read more of this post