"ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်" အမှတ် (၄၆၁) ပန်းကောက်လှဲ့ပါ မာမာအေး မတ် ၂ ၊ ၂၀၁၃ သောတရှင်များ ကျန်းမာတော်မူကြပါစရှင် ... မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ (ပန်းချီ တင်မင်းထက် - tinminhtet.blogspot.com) သောတရှင်တို့ရေ …  ဒီဇင်ဘာ လဝက် ရောက်ချက်သားကေါင်းလာတော့ - မာအေး တယောက် ပြည်တော်ဝင်ဦးမယ်လို့ ပြောထားတဲ့အတိုင်း ရောက်လောက်နေပြီ - တို့တိုင်းပြည်ထဲ ဘာတွေ နွှဲပါလိမ့် - တစိမ့်စိမ့်တွေးနေမလား၊ နည်းနည်းပါးပါးတော့ သိချင်မှာပေါ့နော်။ ခုထိတော့ မယ်မယ်ရရကြီးကြီးမားမား မဟုတ်သော်ငြားလဲ မာအေးဘ၀ရဲ့ ဒုတိယရင်ခွင်၊ ခရမ်းရောင် ဆင်မြန်းတဲ့ မရမ်းခြံအမည်တွင်၊ စံပြ အမျိုးသမီး အထက်တန်း [...]

Read more of this post