ကန့်လန့်တွေးခြင်း မောင်ကိုဦး၊ မတ် ၁၆၊ ၂၀၁၃ ခေါင်းစဉ်ဖတ်ပြီး ကိုတာရဲ့` ဖြန့်ထွက်တွေးခြင်း` နဲ့ ဘယ်လိုသက်ဆိုင်သလဲလို့တော့ မတွေးစေချင်ဘူး။ ဘယ်လိုမှ မဆိုင်ပါဘူး။ လက်ရှိ ခေတ်စားနေတဲ့ လက်ပံတောင်းတောင် ကိစ္စ တွေနဲ့ ပတ်သက်ပြီး ကန့်လန့် တွေးမိခဲ့တာလေးကို တင်ပြချင်တာပါ။ တွေးမိတာ ကြာပေမယ့် ကိုယ့်ရဲ့ ကန့်လန့်အတွေးကို ချမရေးဖြစ်ဘူး။ ခုတော့ `လက်ပံတောင်းကိစ္စ´ တခေတ်ဆန်းလာတာမို့ တင်ပြလိုက်တာဖြစ်ပါတယ်။ ကန့်လန့်မတွေးခင် ကန့်လန်အမြင်နဲ့ မြင်ကြည့်မယ်ဆိုရင်.. ဒီလို မြင်ရမှာဖြစ်ပါတယ်။ ခုဆို လက်ပံတောင်းတောင် အစီရင်ခံစာကြီးကလည်း ထွက်ပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေသခံတချို့ နဲ့ နားလည်မှု လွဲတာတွေဖြစ်ကုန်ပြီ။ အမေစုထိ ဓါးကြည့် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ချစ်သူများနဲ့ ကျန် အယူအဆ မတူသူ တွေနဲ့လည်း ထပ်ကွဲကုန်ပြီ။ [...]

Read more of this post