လက်ပတောင်းတောင်စာချုပ် တရားဝင်သလော မောင်လူရေး၊ မတ် ၁၉ ၊ ၂၀၁၃ ဦးပိုင်နှင့် ဝမ်ဘောင်တို့ ယခုလအတွင်းမှာဘဲ စာချုပ်သစ်ပြန်ချုပ်မယ်လို့ ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌဒေါ်စုက ပြောပါတယ်။ အစီရင်ခံစာမှာလဲ နိုင်ငံတော်အတွက်အကျိုး၊ မြန်မာ့စီးပွားရေးဦးပိုင်အကျိုးပြည့်ဝစွာရရှိစေဖို့ ညှိနှိုင်းပြီး စာချုပ်ကို ပြန်လည်ပြင်ဆင်ချုပ်ဆိုဖို့လိုအပ်တယ်လို့ အကြံပြုထားပါတယ်။ အော် နိုင်ငံတော်အမည်ခံ အာဏာပိုင်အစိုးရရယ်၊ ဘာကို ကိုယ်စားပြုနေမှန်းကွဲကွဲပြားပြားမသိရတဲ့ ဦးပိုင်ရယ် ပျော်ရွှင်မှု၊ လွတ်လပ်မှု၊ လုံခြုံမှု၊ ကြွယ်ဝမှုပေါင်းများစွာ အကျိုးပြည့်ဝစွာခံစား စံစားပြီး ဆင်းရဲသား လက်ပတောင်းသားတွေ၊ ဒီမြေပေါ်မှာ တသက်လုံးရပ်ခဲ့သူတွေက ဘေးအန္တရာယ်နှင့် ကပ်ဆိုးအမျိုးမျိုး၊ မရေရာ၊ မလုံခြုံမှုစတဲ့ စိတ်ဖိစီးမှုအမျိုးမျိုးစတဲ့ ဝန်ထုတ်ဝန်ပိုးတွေ ထမ်းကြရတော့မယ်ဆိုတဲ့သဘောပင်။ ဆက်လက်ချုပ်မဲ့စာချုပ်မှာ ရပ်ရွာနဲ့ ဒေသခံများရဲ့ ဘဝတွေ၊ သားစဉ်မြေးဆက်အမှုန့်ကြိတ် အရည်ဖျော်ခံရတော့မယ့် အခြေအနေတွေ တွေ့နေရတယ်။ မှီခိုလဲလျောင်းရာ၊ တည်မှီရှင်သန်ရာနေရာဒေသကြီးနဲ့ [...]

Read more of this post