ဆင်းရဲသား အားအနည်းဆုံးလူတွေရဲ့ မျက်နှာ မောင်လူရေး၊ မတ် ၂၂၊ ၂၀၁၃ (လက်ပံတောင်းကို ဖတ်ရှုခြင်း အပိုင်း ၄) ဆင်းရဲသားလယ်သမားယာသမားတွေအတွက် ရေရှည်တည်တံ့မဲ့အကျိုးအမြတ်ဘာမှမပါဘဲ သူတို့မှီတည် လုပ်ကိုင်စားသောက်နေထိုင်တဲ့မြေယာတွေကို နှစ် ၆၀ ငှားရမ်းလိုက်ကြတယ်။ အပေးအယူစာချုပ်တွေဟာ ဘာမှပွင့်လင်းမှုမရှိတဲ့အတွက် အိမ်ရှင်နိုင်ငံတော်နဲ့ ဒေသခံတွေဘဲ အများကြီး နစ်နာရတယ်။ မှောင်ရိပ်ခိုစာချုပ်တွေဆိုတော့ ဘယ်သူကမှလဲ မစောင့်ကြည့်နိုင်ဘူး။ အကျိုးအမြတ်တွေကို ဦးပိုင်နဲ့ ဝမ်ပေါင်က ယူသွားပြီး ဘေးထွက်ဆိုးကျိုးနဲ့ သယံဇာတဆုံးရှုံးမှု တွေကိုတော့ အိမ်ရှင်နိုင်ငံတော်နဲ့ ဒေသခံတွေကဘဲ ခံကြရတယ်။ နည်းပညာနဲ့ ဥပဒေမဲ့နေတော့ သယံဇာတပြုန်းတီးမှုဘဲ အဖတ်တင် ကျန်ရစ်ခဲ့တယ်။ နောက်ထပ်ဂုဏ်သိက္ခာပြုန်းတီးမှုရှိသေးတယ်။ ဒေသခံတွေကို နိုင်ငံတော်က အလေးအမြတ်မပြုတဲ့ အတွက် ဝမ်ဘောင်နဲ့ဦးပိုင်က လူစရင်းမသွင်းဘဲ ပြုမှုတာတွေ အများကြီးဖြစ်နေတယ်။ ဒေသခံတွေကို နှိပ်ကွပ်ဖို့ နိုင်ငံတော်ရဲတွေကိုတောင် ကြေးစားတွေလို [...]

Read more of this post