ကြေးနီပလ္လင်တော် မောင်လူရေး၊ မတ် ၂၇၊ ၂၀၁၃ (လက်ပံတောင်းကို ဖတ်ရှုခြင်း အပိုင်း ၅) တကယ်တော့ စနစ်ဆိုတာဟာ တရားမျှတမှုကိုရှာတာပါ။ မူတွေကလဲ ဒီလိုပါဘဲ။ ဒါပေမဲ့ တရားမျှတမှုဆိုတာဟာ အဲဒီစနစ်တွေ၊ မူတွေအောက်မှာဘဲ ပျောက်ပျောက်သွားတတ် ကြတယ်။ ချစ်ဖို့ကောင်းတာက တရားမျှတမှုကိုရှာဖွေတဲ့လူသားတွေဆိုတာကလဲ မျိုးဆက်ပြတ်သွားတယ်လို့ကို မရှိတာဘဲ။ လူသားရဲ့ပန်းတိုင်က လွတ်မြောက်မှု၊ အဲဒီဟာက မတရားမှုနဲ့ မမျှတမှုနဲ့မှ ရှာလို့ မရတာကိုး။ အဲဒီတရားမျှတမှုကို စနစ်တွေ မူတွေနဲ့ပြောကြပြီဆိုတော့ အဲဒီတရားမျှတမှုဟာ တစ်ဦးတစ်ယောက် ထဲရဲ့တရားမျှတမှုမဟုတ်တော့ဘဲ ပြည်သူတရပ်လုံးအတွက် တရားမျှတမှုဖြစ်သွားပါတယ်။ အဲဒီအခါ " သူတည်းတယောက်၊ ကောင်းဘို့ရောက်မူ၊ တယောက်သူမှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း" ဆိုတဲ့သံဝေဂဓမ္မတာဟာ တစ်ဦးတစ်ယောက်ထဲအတွက် ဟုတ်ပေမဲ့ အများနဲ့ ယှဉ်ရင်တော့ မျှတမှုဘက်ရောက်မယ်မထင်ဘူး။ တရားမှုတမှုကို ဘယ်လိုတိုင်းမလဲဆိုရင်တော့ အကျိုးသက်ရောက်မှုနဲ့ [...]

Read more of this post