အကြို အကြား သို့ အတွေး လမ်းလျှောက်ခြင်း.. ဖိုးထက်၊ မတ် ၁၊ ၂၀၁၃ ကြားသုံးကြား မ၀င်ကောင်းဘူးဟု အဆိုရှိသည်။ ဘယ်သုံးကြားကို ပြောသလဲ ကျွန်တော်မသိ။ အသေအချာ မ၀င်ကောင်းသော ကြားကတော့ ဘာသာရေး ပဋိပက္ခကြားထဲကို ၀င်ပါခြင်းဖြစ်နိုင်သည်။ ခရစ်ယာန်နှင့် မူဆလင်၊ မူဆင်လင်နှင့် ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာနှင့် အိန္ဒူ၊ အိန္ဒူနှင့် ဂျိမ်းစ် ဘာသာ အမျိုးမျိုး အထွေထွေ ငြင်းကြ၊ ခုံကြသော ကြားထဲကို ၀င်ရောက်ပါဝင်ပါတ်သက်ခြင်းသည် အလွန် အန္တရာယ် ကြီးလှသည်။ လူ့သက်တမ်း တစ်လျှောက်လုံး ကောင်းကျိုးတွေ တဝေေ၀ အလုပ် လုပ်လာခဲ့ကြသော သူများပင်လျှင် ဘာသာရေးနှင့် ပါတ်သက်ပြီး ပြောတော့လဲ ပြောပြန်ပြီ၊ မပြောတော့လဲ မပြောဘူး…အမျိုးမျိုး မရိုးနိုင်အောင် အပြောခံရ၏။ ကျွန်တော်လို [...]

Read more of this post