Richmond Art Center က ကလေးပန်းချီပြပွဲ မြင်ကွင်း မိုးမခအထောက်တော် ၀၀၂၊ မတ် ၂၅၊ ၂၀၁၃  ဆန်ဖရန်ဘေးဧရိယာက ဘေးအရှေ့ခြမ်း၊ ရစ်ခ်ျမွန်မြို့၊ မြို့တော်ရင်ပြင်က RAC လို့ အတိုကောက်ခေါ်တဲ့ Richmond Art Center ကို ခရီးလမ်းကြုံလို့ ရောက်ခဲ့တယ်။ လက်ရှိ မတ်လနဲ့ ဧပြီတလလုံး ရစ်ခ်ျမွန်မြို့က ကျောင်းပေါင်းစုံကလေးတွေရဲ့ ပန်းချီအနုလက်ရာတွေကို ပြခန်းလုပ်ပြီး ပြသထားတယ်။ ကလေးတွေဆိုတာက ဆယ်ကျော်သက်ကလေးတွေရဲ့ လက်ရာမျိုးစုံလို့ ပြောရမယ်။ လက်နဲ့ ဆွဲတာကော၊ ကိရိယာတန်ဆာပလာတွေသုံး ဆွဲတာကော၊ ကွန်ပျူတာနဲ့ ဆွဲတာကော စုံလို့။ လက်ရာပေါင်း ၅၀ ကျော်မယ် ထင်ပါတယ်။ ကြုံလို့ သူတို့မြို့ရဲ့ အနုပညာခန်းမကို လိုက်ကြည့်တော့ မြို့သူ မြို့သားတွေ ၀ါသနာပါရာကို အပျော်တန်း [...]

Read more of this post