မိုဘိုင်းဖုန်း ဆင်းကဒ် ကျပ်ထောင်ဂဏန်းအထိ ဈေးကျတော့မည် မိုးမခအထောက်တော် အမှတ် ဝဝ၅ မတ် ၁၇၊ ၂ဝ၁၃ မိုဘိုင်းဖုန်းသုံးနေသော ကရင်ပြည်နယ်မှ စစ်သားတစ်ဦး (ဓာတ်ပုံ - မိုးမခ) ရှေ့လ တစ်ရက်နေ့တွင် မိုဘိုင်းဖုန်း ဆင်းကဒ်ကို ကျပ် ထောင်ဂဏန်းအထိ ဈေးချတော့မည်ဟု အစိုးရပိုင်း ပုဂ္ဂိုလ်များကို ကိုးကားပြီး ရန်ကုန်မြို့အခြေစိုက် သတင်းဌာနများက ရေးသားနေကြသည်။ "ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး မိုဘိုင်းဖုန်း ဆင်းကဒ်များကို ကျပ် ထောင်ဂဏန်း ၀န်းကျင်ဖြင့် ရောင်းချပေးမည့် သတင်းမှန်ကန်သည်" ဟု သမ္မတ၏ ပြောရေးဆိုခွင့် အရာရှိ၊ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က အတည်ပြုကြောင်း Eleven Media Group ၏ အင်တာနက် စာမျက်နှာတွင် ရေးထားသည်။ [...]

Read more of this post