ဖဲသမားများကို တိုင်းဝန်ကြီးချုပ်က လက်ရှောင်နေသလား ဟင်္သာတကပေးတဲ့စာ၊ မတ် ၁၊ ၂၀၁၃ သို့ ဦးသိန်းအောင် (ဝန်ကြီးချုပ်) ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့-ပုသိမ်မြို့ အကြောင်းအရာ။ ။ အဂတိ လိုက်စားပြီး အပြစ်ပေးအရေးယူခြင်း မရှိသော ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ မှ အကြီးမားဆုံးဖြစ်သော ဖဲဝိုင်းအမှုအား ထိရောက်စွာ အရေးယူပေးပါရန်                    ဝန်ကြီးချုပ်ကြီး ခင်ဗျာ..  လွန်ခဲ့သော ၁နှစ်ဝန်းကျင် ၂၀၁၂ ခုနှစ်ခန့် နှစ်ဆန်းပိုင်းက ဟင်္သာတမြို့ ဓမ္ဘီပွဲရုံဂိုဒေါင်တွင် ဟင်္သာတခရိုင် ဒုစရိုက်နှိမ်နှင်းရေးခေါင်းဆောင် ရဲအုပ်မြင့်ခိုင် နှင့် အဖွဲ့ ဖမ်းဆီးထားသော ဓမ္ဘီပွဲရုံပိုင်ရှင် ကိုအောင်ပိုင်ဖြိုး အပါအဝင် ဖဲသမား (၅) ဦးအား ယခုအချိန် ၂၀၁၃ ခုနှစ်တိုင်အောင် ဟင်္သာတ တရားရုံးနှင့် ဥပဒေဌာန တို့မှ ဖဲဝိုင်းတရားခံများထံမှ [...]

Read more of this post