ငြိမ်းချမ်းအေး မတ်လ ၁၀၊ ၂၀၁၃  "The Dictator" ဆိုတဲ့ မနှစ်က ထွက်တဲ့ အမေရိကန် ဟာသရုပ်ရှင်ကို ကြည့်ဖူးကြမလား.. မသိဘူး..။ ရုပ်ရှင်ဟာ ဝါဒီယာဆိုတဲ့ အာဖရိကမြောက်ပိုင်းက စိတ်ကူးယဉ်တိုင်းပြည်တခုမှာ အာဏာရှင်ကြီးတပါးဟာ သက်ဦးဆံပိုင်စနစ် အကြွင်းမဲ့ အာဏာနဲ့ တိုင်းပြည်ကို အုပ်ချုပ်နေတာကို အစပြုပြီး ဇာတ်လမ်းကျောရိုးပြုထားတယ်။ ဝါဒီယာအာဏာရှင်ကြီးဟာ ဒီမိုကရေစီဘိုးအေနိုင်ငံကြီးတွေလို့ဆိုကြတဲ့ အနောက်ကမ္ဘာက တိုင်းပြည်ကြီးတွေနဲ့ အမြဲလိုလို အခြေအတင် ကတောက်ကစ ဖြစ်လေ့ရှိတယ်။ သူဟာ သူ့ရဲ့ အဖတိုင်းပြည်ရဲ့ ပြည်တွင်းရေးကို အမြဲလိုလို ဝင်ရောက်နှောင့်ယှက်၊ တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာကို ထိပါးစော်ကား ရန်စနေတဲ့ ကိုလိုနီလက်သစ် ဝါဒီ ပြည်ပ အနောက်ရန်သူကို အန်တုနိုင်ဖို့ရာနူကလီယား လက်နက်ဆန်းကြီး ကိုလည်း ပိုင်ဆိုင်ချင်နေတယ်။ ဒီလို ပိုင်ဆိုင်ဖို့ ကြိုးစား [...]

Read more of this post