အရှင်တေဇ၀န္တ (ကာလီဖိုးနီးယား) မတ်လ ၂၀၊ ၂၀၁၃ ဆောင်းရာသီဥတု ကုန်ခါနီးပြီမို့ ရာသီဥတုက ဆောင်းလည်းမပီ နွေလည်းမမည် ဖြစ်နေတဲ့အချိန်။ အကြင်နာမဲ့စွာ တစ်ချက်တစ်ချက် တိုး ဝှေ့တိုက်ခိုက်လိုက်တဲ့ လေးရူးကြောင့် သစ်ပင်များပေါ်မှာ ချိနှဲ့နဲ့နှင့် ခိုတွဲနေတဲ့ ရော်ရွက်ဝါလေးများဟာ ကယ်သူမဲ့ဘ၀နဲ့ မိခင်ပင်အိုကို စွန့်ခွါခဲ့ရတယ်။ နောက်ပြီး လေရူးနှင့်အတူ မြေပြင်ကိုဆင်းသက်ခဲ့ရတယ်။ မြေပြင်ပေါ်ကို ရောက်ပြန်တော့လည်း တည်ငြိမ်စွာ မဆင်း သက်နိုင်တာကြောင့် မြေပြင်ပေါ်မှာ ဟိုဟိုဒီဒီ ပြေးလွှားနေတဲ့ ပုံရိပ်သဏ္ဍာန်ဟာ ကျွန်ုပ်ရဲ့ စိတ်အစဉ်နှင့်တူနေတာကို တွေ့ရတယ်။ ထို ကြောင့် ရွက်ဝါလေးတွေရဲ့ ပြေးလွှားနေဟန်ကိုကြည့်ပြီး အတွေးနှယ်မှာ လွှင့်မျောခဲ့ရတယ်။   အတွေးဆိုတာ ရောက်တတ်ရာရာကို တွေးတယ်ဆိုပေမဲ့ ကျွန်ုပ်တွေးနေမိတာကတော့ လူတွေရဲ့အကြောင်းပဲဖြစ်တယ်။ အော် … လူတွေ လူတွေ … [...]

Read more of this post