ကျော်သူ မတ်လ ၂၈၊ ၂၀၁၃ မိတ္ထီလာတွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးသည့်နောက် ၂၄.၃.၂ဝ၁၃ ရက်နေ့တွင် နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ တာဝန်ရှိသူအချို့တို့မှ သွားရောက်၍ ကူညီအားပေးစကား ပြောကြားသည့် အချိန်တွင် ကျွန်တော် (ကျော်သူ)နှင့် အသင်းသူ/သားအချို့သည် ယခင်ကတည်းက လူမှုရေးပရဟိတ ဟောပြောပွဲများ လာရောက်ဟောပြောပေးရန်အတွက် ကြိုတင်ချိတ်ဆက်ထားမှုကြောင့် ပြည်မြို့သို့သွား ရောက်ခဲ့ရသည်။ ကျွန်တော့်အား ဖိတ်ကြားထားသော ပြည်မြို့ဝန်းကျင်ရှိ ပေါင်းတလည်၊ ရွှေပေါက်ပင် ကျောင်း (နိဗ္ဗာန်ဈေး)၊ ပေါင်းတည်၊ ဇီးကုန်း၊ ဖရဲ၊ ကြံခင်း၊ ပုတီးကုန်း (မီးသင်္ဂြိုလ်စက်)ဖွင့်ပွဲ၊ ဆင်မြှီးဆွဲ၊ ပခုက္ကူ၊ မန္တလေးတိုင်း စကျင်မြို့မှ တဆင့် ချင်းပြည်နယ် ဂန့်ဂေါ၊ ဟားခါး၊ ဖလန်း၊ ကလေးမြို့များသို့ သွားရောက်၍ ဟောပြောရမည်ဖြစ်သောကြောင့် ၂၅.၃.၂ဝ၁၃ ရက်နေ့တွင် ရန်ကုန်မြို့မှ ပြည်မြို့သို့ [...]

Read more of this post