သန်းဝင်းလှိုင် မတ်လ ၅၊ ၂၀၁၃ ၁၉၆၂ မတ်လ ၁ ရက်နေ့ တွင် မြန်မာ့အသံ၌ ဖက်ဒရယ်မူနှင့်ပတ်သက်သော လူမျိုးပေါင်းစုံနှီးနှောဖလှယ်ပွဲ ဒုတိယနေ့ကို ကျင်းပနေစဉ် ဖက်ဒရယ်မူနှင့် ပတ်သက်သော လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ကို ၁၉၆၂ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ကျင်းပပြီးနောက် နာရီပိုင်းမျှအကြာ ည(၁၂)နာရီတွင် မင်္ဂလာဒုံတပ်နယ်မှ စစ်တပ်အဖွဲ့ဝင်များသည် ရန်ကုန်မြို့တွင်းသို့ တိတ်တဆိတ်ဝင်ရောက်လာခဲ့သည်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ နံနက်တွင် နိုင်ငံတော်အာဏာသိမ်းယူရေးအတွက် ပထစအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တရားဝန်ကြီးချုပ်နှင့် ပြည်နယ်အကြီးအကဲများ၊ စော်ဘွားများကို ဖမ်းဆီရန် နှင့် အချက်အခြာဌာနများကို ထိန်းသိမ်းထားရန် ရန်ကုန်မြို့တွင်းသို့ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မြို့တွင်းသို့ စစ်တပ်အဖွဲ့များဝင်ရောက်ခြင်းမပြုမီ ရက်အနည်းငယ်ကပင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေ၀င်း နှင့် [...]

Read more of this post