အုန်းနိုင် မတ်လ ၃၁၊ ၂၀၁၃ ● တစညပန်းခွေကြီး အလိုလို လဲကျသွားခြင်း ဇူလိုင် (၁၉) ရက်နေ့  မနက်လင်းရင်ပဲ ပေါင်းတည်မြို့မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို စောစောဖွင့်ပြီး (၄၂) နှစ်မြောက် အာဇာ နည်နေ့အခမ်းအနားကျင်းပဖို့  နေရာထိုင်ခင်း ပြင်ဆင်ပါတယ်။ အသံချဲ့စက်အစား ဆောင်းဘောက်ကိုပဲ သုံးပါတယ်။ ရုံးခန်းအပြည့် ဖျာ တွေခင်းပါတယ်။ ကုလားထိုင်တွေကိုတော့  အပြင်ဘက် ခြံထဲမှာ ချထားပေးတယ်။ တဖြည်းဖြည်း  ရပ်ကျေးကိုယ်စားလှယ်တွေ ရောက် လာကြပါတယ်..။   မနက် (၈) နာရီလောက်မှာ  လူတစ်ရာလောက်စုမိနေပါပြီ..။ ချီတက်ဖို့အစီအစဉ်တွေ စလုပ်ကြတယ်တကယ်တော့ ကျနော်တို့အဖွဲ့ဟာ   (၁၀) နာရီမှာ အာဇာနည်ကျောက်တိုင်ကိုရောက်ရမယ်။ ဒါက မ၀တနဲ့ ညှိနှိုင်းထားတဲ့အချိန်ပါ..။ ဒါပေမယ့် အာဇာနည်ကျောက်တိုင်ဘက် ကို    လူလွှတ်ပြီးစုံစမ်းကြည့်တော့  [...]

Read more of this post