ဆန်ဖရန်ဘေးဧရိယာမြန်မာမိသားစုတို့ မြန်မာပြည် ငြိမ်းချမ်းရေး စုပေါင်းဆုတောင်းမည် မိုးမခအထောက်တော် ၀၀၂၊ မတ် ၂၇၊ ၂၀၁၃ လာမည့် မတ် ၂၉၊ သောကြာနေ့ညနေခင်းတွင် ကျင်းပမည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သော ကိုဌေးကြွယ်နှင့် ဘေးဧရိယာ မြန်မာမိသားစုများ တွေ့ဆုံပွဲတွင် မြန်မာပြည် ငြိမ်းချမ်းရေး၊ လူမျိုး ဘာသာပေါင်းစုံ ချစ်ကြည်ရေး၊ နားလည်မှု ထူထောင်ရေး၊ ခိုင်မြဲရေးကို ရည်စူးပြီး စုပေါင်း ဆန္ဒပြုဆုတောင်းမည့် အစီအစဉ်ကိုလည်း ထည့်သွင်းမည်ဟု သိရသည်။ လက်ရှိ မြန်မာပြည်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများကြောင့် မြန်မာပြည်သား အားလုံး ဆင်းရဲဒုက္ခများ ရင်ဆိုင်နေရသည်ကို ကိုယ်ချင်းစာနာမှုများ ထုတ်ဖော်ခြင်း၊ ငြိမ်းချမ်းစွာ အားလုံးအတူတကွ ယှဉ်တွဲနေထိုင်ကြပြီး တရားမျှတသော ဒီမိုကရေစီလူ့ဘောင် ထူထောင်ကြရေး ကို တိုက်တွန်းနှိုးဆော်သည့် ရည်ရွယ်ချက်တို့ဖြင့် [...]

Read more of this post