ပေးပို့ - ဟင်္သာတမီဒီယာအဖွဲ့ မတ်လ ၅၊ ၂၀၁၃ အင်းလေးဖောင်တော်ဦးဘုရားမှ ရွှေဆိုင်းကန်ထရိုက်တပည့်နှင့် ဈေးသည်များ စကားများရာမှ ဈေးသည်အမျိုးသမီး (၇) ဦးအား ပုဒ်မ(၄၄၀)ဖြင့် ဖမ်ဆီးထားကြောင်း သိရှိရသည်။ ၂၆.၂.၂၀၁၃ ရက်နေ့တွင် တာလေးတိုက်နယ်၊ ရွာမကျေးရွာတွင် မီးလောင်နေသောကြောင့် အင်းလေးဖောင်တော်ဦးဘုရားပေါ်မှ ရွှေဆိုင်း ရောင်း အသံချဲ့စက်အား အသံတိုးပေးရန် ဦးစိုးမောင် အသက် ၅၀ ခန့် (ပန်း၊ ဆွမ်းတော်ရောင်း) မှ သွားရောက်ပြောဆိုရာတွင် ရွှေဆိုင်း ကန်ထရိုက် ဦးအောင်ကျော်ထွန်းတပည့် အသက် (၂၅) ၀န်းကျင်လူငယ်မှ ရိုင်းပြစွာ ပြောဆိုခုံနှင့်ရိုက်ကာရန်မူသဖြင့် ရွှေရောင်းဈေးသည်အမျိုးသမီးများနှင့်စကားများကြပြီး ခုံကျိုးကာ ရွှေရောင်းအသံချဲ့စက်ကြိုးများပြုတ်ထွက်သည်ကို နမ့်ပန်ရဲစခန်းမှ မခိုင် (၃၉) နှစ်၊ မဖြူလေး (၃၇) နှစ်၊ မမိငယ် အသက် (၃၅) [...]

Read more of this post