မြန်မာ့ရိုးရာတူရိယာ လင်းကွင်း ဘောလုံးကွင်းမှာ တရားမ၀င် ပန်းသီး၊ မတ် ၈၊ ၂၀၁၃ ကျနော့်သူငယ်ချင်းများနဲ့ မြန်မာနှင့်အိန္ဒိယာဘောလုံးပွဲ အားပေးမည်ဟု အားခဲပီး သုဝဏ္ဏဘောလုံးကွင်းဆီသို့  ဆိုင်းတွေဗုံတွေနဲ့ တပျော်တပါးကြီးသွားကြပါတယ်။   ကွင်းထဲလဲ ၀င်တော ရဲအရာရှိကြီးတဦး မျက်နှာထားခပ်မာမာနဲ့   "ဘောလုံးပွဲမှာ လင်းကွင်း ယူလို့ မရကြောင်း..လင်းကွင်းတီးခွင့်မရှိကြောင်း …" ပြောခဲ့ပါတယ်။ ကျနော်ကလဲ "ဘာကြောင့် တီးလို့  မရတာလဲ" လို့ မေးတော့၊ "သူမသိဘူး၊ အထက်လူကြီးဆီခေါ်သွားလိုက်… " ဆိုပြီး ရဲသားတဦးမှ ကျနော်ကို လူကြီးဆီခေါ်သွားတာပေါ့။ ဟိုရောက်တော့..ရဲလူကြီးကလည်း … "သူလဲမသိပါတဲ့။ ဘောလုံးအဖွဲ့ ချုပ်က လင်းကွင်းပေးမသယ်နဲ့ ၊ ဗုံပဲ သယ်ခွင့်ပြုပါ  လို့ ပြောထားလို့ " ပါတဲ့။ ရှုပ်ကုန်ပြီ။ [...]

Read more of this post