ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) မတ်လ ၅၊ ၂၀၁၃ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေး၊ ကျန်းမာရေး၊ သဘာဝဘေး၊ စစ်ဘေး အစရှိသည့် ကူညီဖေးမ စောင့်ရှောက်မှုလုပ်ငန်းများအပြင် အသိပညာဖွံ့ဖြိုးရေးအတွက် "သုခအလင်း" ပညာဒါန၏ ပထမဆုံးလုပ်ငန်းစဉ်အဖြစ် ၂ဝ၁ဝ ခုနှစ်၊ ဖေဖော်ဝါရီ (၁၃) ရက်နေ့ (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့)တွင် "သုခအလင်း" စာကြည့်တိုက်အား အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပါသည်။ ၂ဝ၁ဝ ခုနှစ်၊ မတ်လမှစ၍ နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်းအဖြစ် စတင်ဖွင့်လှစ်နိုင်ခဲ့သည်။ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလပိုင်း အချိန်ကာလသည် ကလေးငယ်များ အတန်းတင်စာမေးပွဲအား ဖြေဆိုနေချိန်ဖြစ်သည်။ အတန်းတင်စာမေးပွဲကြီး ဖြေဆိုပြီးသည်နှင့် တပြိုင်နက် နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်း တက်ရောက်ရန် (၅) တန်းမှ (၈) တန်းအထိ ကလေးငယ်များ [...]

Read more of this post