မင်္ဂလာတရားတော်၊ ရန်ငြိမ်းစေခြင်း၊ စိတ်နှလုံးနှိမ့်ချခြင်းနှင့်စိတ်နှလုံးဖြူစင်ခြင်း လှမင်းသူ၊ မတ် ၂၃၊ ၂၀၁၃ မင်္ဂလာတရားတော် ... သူတပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည်ဘုရား သခင်၏ သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတံ့။ ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှင်းဆဲခြင်းကို ခံရသောသူ တို့သည်မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။ မဿဲ ၅း၉-၁၀ မဟတ္တမ ဂန္ဒီ (Mahatma Gandhi) ဂန္ဒီသည် ငယ်စဉ်က ကျောင်းပညာရပ်များ၌ ထူးချွန်သူတစ်ဦး မဟုတ်ချေ။ သူသည် အခြေခံပညာရပ်များကို သင်ကြားတတ်မြောက်ပြီးနောက် လန်ဒန်မြို့ သို့ သွားရောက်ကာ၊ ရှေ့ နေတစ်ယောက်ဖြစ်ရန် ဥပဒေပညာရပ်ကို သင်ကြားသည်။ ထိုသို့ ပညာသင်ကြားနေစဉ်အတွင်း ဂန္ဒီသည် ဘာသာရေးကို စိတ်ဝင်စားလာခဲ့သည်။ အထူးသဖြင့် ခရစ်တော်နှင့် [...]

Read more of this post