မောင်ဝံသ မတ်လ ၆၊ ၂၀၁၃ (ပြည်သူ့ခေတ်ဂျာနယ် မတ်လ ၇၊ ၂၀၁၃ ပါ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး) ပြီးခဲ့တဲ့အပတ်က ဘယ်လိုမှမထင်ထားတဲ့ ဆရာကန်တော့ပွဲတစ်ခုကို တက်ရောက် အကန်တော့ခံခဲ့ရတယ်။ ကန်တော့တဲ့ ကျောင်းသား ကျောင်းသူဟောင်းတွေက အခုနေပြောရင် အနက်ပါဖွင့်ပြရမယ့် ၁၉၇၈-၁၉၈၀ လူထုဆက်သွယ်ရေးလုပ်ငန်းပညာ Mass Communication) သင်တန်းရဲ့ ကျောင်းသားဟောင်းတွေ ဖြစ်တယ်ဗျ။ ဆရာကန်တော့ပွဲ အစီအစဉ်အကြောင်းကို ကျွန်တော့်ဆီ ဖုန်းဆက်သတင်းပေးသူက ဆရာကြီးဦးအောင်သင်းရဲ့သမီး မမော်မော်သင်းဖြစ်ပါ တယ်။ သူက ]]လူထုဆက်}} သင်တန်းရဲ့ တတိယအသုတ် ၁၀၀ ဦးထဲမှာ ပါတယ်။ မြန်မာနိုင်ငံပညာရေးလောကမှာ စမ်းသပ်ချက်တစ်ခု ဖြစ်ခဲ့တဲ့ ဒေသကောလိပ်စနစ်ပေါ်ထွန်းခဲ့တဲ့ ၁၉၇၈၊ ၁၉၇၉၊ ၁၉၈၀ သုံးနှစ်တာကာလမှာ တစ်နှစ်ကို သင်တန်းသား ၁၀၀စီ လက်ခံခဲ့တာ ဖြစ်လို့ စုစုပေါင်း [...]

Read more of this post