မင်းမျိုးဝင်း (ရန်ကုန်တက္ကသိုလ်) မတ်လ ၁၁၊ ၂၀၁၃ လူသားတိုင်း လူသားတိုင်းမှာ မျှော်လင့်ခြင်းဆိုတာ ရှိတယ်။ အုပ်ချုပ်သူဖြစ်စေ၊ အုပ်ချုပ်ခံဖြစ်စေ၊ သူဌေးဖြစ်စေ၊ဆင်းရဲသားဖြစ်စေ၊အလုပ်ရှင်ဖြစ်စေ၊အလုပ်သမားဖြစ်စေ၊လူဖြူဖြစ်စေ၊လူမဲဖြစ်စေ၊ မြို့သားဖြစ်စေ၊တောသားဖြစ်စေ၊ မျှော်လင့်ခြင်းဆိုတာရှိတယ်။ဘယ်ဘာသာကိုးကွယ်ကိုးကွယ်၊ဘယ်ယုံကြည်ချက်ရှိရှိ၊ဘယ်နိုင်ငံ ဘယ်ဒေသမှာပဲနေနေ မျှော်လင့်ခြင်းဆိုတာရှိတယ်။ လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတာပါ။ ကျွန်တော်ပြောချင်တဲ့ မျှော်လင့်ချက်ဆိုတာကလည်း တိုင်းပြည်အုပ်ချုပ်ဖို့၊ ခေါင်း ဆောင်လုပ်ဖို့၊အာဏာရဖို့၊ ချမ်းသာဖို့၊ တိုက်ဆောက်ဖို့၊ ကားစီးဖို့ မဟုတ်ပါဘူး။ တိုင်းပြည်အေးချမ်းဖို့၊ မတူကွဲပြားမှုတွေအပေါ်မှာနားလည်ခွင့်လွှတ်နိုင်ဖို့၊ ပဋိပက္ခတွေ၊ပြည်တွင်းစစ်တွေချုပ်ငြိမ်းဖို့၊အခြေခံလူတန်းစားတို့၏ဘဝတွေ အခြေခိုင်ပြီး စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ မျှော်လင့်တာပါ။ စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ဆိုရင် အုပ်ချုပ်ရေးအဖွဲ့တစ်ခုလုံးပြောင်းလဲလိုက်ယုံနဲ့လည်း ဒီမိုကရေစီ နိုင်ငံဖြစ်လာမှာမဟုတ်ဘူး၊ စနစ်တစ်ခုလုံးပြောင်းလဲလိုက်ရုံနဲ့လည်း ဒီမိုကရေစီနိုင်ငံဖြစ်လာမှာမဟုတ်ပါဘူး။ မူတွေဘယ်လောက်ပြင်ပြင်၊စနစ်တွေဘယ်လိုပြောင်းပြောင်း လူတွေမပြင်မပြောင်းသေးသရွေ့နိုင်ငံပြောင်းလဲမှာ မဟုတ်ပါဘူး။ ဒါကြောင့် ပြောင်းလဲရမှာ ကျွန်တော်တို့ပြည်သူတစ်ရပ်လုံး ပြောင်းလဲရမှာ ပါ။ ဒေါ်အောင်ဆန်းစုကြည်လည်း ပြောဖူးပါတယ်။ ဒီမိုကရေစီလိုချင်ရင် ပြည်သူတွေပြောင်းရမယ်တဲ့။ အဲဒီတော့ ကျွန်တော်တို့ ဘယ်ကစပြီး [...]

Read more of this post