၈၈ မျိုးဆက် ကိုဌေးကြွယ်နှင့် နယူးယောက်မြို့တော် မြန်မာကွန်မြူနီတီတို့ တွေ့ဆုံ မိုးမခဓာတ်ပုံသတင်း၊ မတ် ၂၃၊ ယမန်နေ့ မတ်လ ၂၂၊ သောကြာနေ့ ညနေခင်းက နယူးယောက်မြို့တော်ရှိ မြန်မာမိသားစုများနှင့် အမေရိကန်သို့ အလည်အပတ်ရောက်ရှိနေသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်တို့ ချစ်ခင်ရင်းနှီးစွာ တွေ့ဆုံကြသည့် မိတ်ဆုံ ဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ဧည့်ပရိသတ် ၁၀၀ နီးပါး တက်ရောက်ကြပြီး၊ နယူးယောက်မြို့တော်နှင့် အိမ်နီးချင်းမြို့နယ်များက မြန်မာ့အရေး နိုးကြားလှုပ်ရှားသူများ၊ အနုပညာရှင်များ၊ မြန်မာအသင်းအဖွဲ့များ၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များ စုံလင်စွာ တက်ရောက်ကြသည်။ လက်ရှိ မြန်မာနိုင်ငံရေးဖြစ်စဉ်နှင့် အပြောင်းအလဲများအပေါ် မြန်မာဧည့်ပရိသတ်၏ ပွင့်လင်းလွတ်လပ်စွာ မေးမြန်းခြင်း၊ ကိုဌေးကြွယ်က တိုက်ရိုက် ဖြေကြားခြင်းတို့ဖြင့် စိတ်ဝင်စားဖွယ်ရာ ပွဲတပွဲဖြစ်သည်ဟု ဆိုသည်။ ဧည့်ပရိသတ်တို့က [...]

Read more of this post