မောင်ရင်ငတေ မတ်လ ၂၊ ၂၀၁၃ ● ပါရီမြေကို စနင်းသူများ       Bienvenue à Paris နိုင်ငံတကာက ဘယ်တိုင်းပြည်ကဖြစ်ဖြစ် ဘာလူမျိုးဘဲဖြစ်ဖြစ် ပြင်သစ်ဆိုတာရယ် ပါရီဆိုတာရယ် ပြောလိုက်ကြားလိုက်ရရုံနဲ့  လူတိုင်းအား လုံးနီးပါး စိတ်ဝင်တစားရှိကြတာပါ၊ အခုခေတ်ကာလမှာ လမ်းပန်းဆက်သွယ်ရေး သတင်းဆက်သွယ်ရေးတွေ လွယ်ကူလျှင်မြန်လာတာရယ်ကြောင့် လူတွေ အားလုံးက ခရီးသွားလာခြင်းကို ပိုမိုစိတ်ဝင်စားလာကြပါတယ်၊ အရင့်အရင်ခေတ်တုန်းက ဆိုရင်ဖြင့် အထူးသဖြင့် မောင်ရင်ငတေတို့ရွာမှာဆိုရင် မြို့တက်ဘုရားဖူးတာလောက် ရှိခဲ့တာပါ၊ အခုခေတ်က ခရီးသွားတယ်ဆိုတာ Marco Polo မာကိုပိုလို (၁၂၅၄ - ၁၃၂၄) တို့လို Christopher Columbus ကိုလံဘတ်စ် (၁၄၅၁ - ၁၅၀၆) တို့လို ကုန်းကြောင်းခရီး ရေကြောင်းခရီးတွေနဲ့ စွန့်စွန့်စားစား အချိန်ကုန် [...]

Read more of this post