ငြိမ်းချမ်းအေး မတ်လ ၁၆၊ ၂၀၁၃ လက်ပံတောင်းတောင် အစီရင်ခံစာ အပေါ် ဆရာကျော်ဝင်း အမြင် ဆောင်းပါးကို မိုးမခမှာတင်လို့ ဖတ်လိုက်ရတယ်။ ပြန်ပြောစရာတွေ ရှိလာတယ်။ ရိုးရိုးလေး.. တွေးကြည့်ပါ..။ ခု ကော်မရှင် က အကြံပြုထားတဲ့ ဒေသခံတွေအတွက် လုပ်ပေးရမယ့် ကိစ္စဆိုတာ မူလ အခွင့်အရေး နဲ့ ရပိုင်ခွင့်ပါ။ သူတို့မြေတွေ ကို သွားသိမ်းရင်၊ သူတို့ ဒေသမှာ စီးပွားသွားလုပ်ရင်၊ သူတို့ဒေသရဲ့ လူမှု၊စီးပွား၊ သဘာဝ နဲ့ ရိုးရာ ဓလေ့ ကို ထိခိုက်ရင် ဒီလို နစ်နာကြေးမျိုး၊ လျော်ကြေးမျိုး၊ လူမှုဘဝတိုးတက်ရေး အစီအစဉ်မျိုးဆိုတာ ရင်းနှီးမြှုပ်နှံသူ စီးပွားရှင်က မဖြစ်မနေ ပြန်လုပ်ပေးရမယ့် ကုလသမဂ္ဂကချမှတ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကျင့်ဝတ် တွေပါ။ ထပ်ဆောင်း [...]

Read more of this post