သန်းဝင်းလှိုင် မတ်လ ၇၊ ၂၀၁၃ ဆရာပါရဂူ မြန်မာပြန်သည့် "သီပေါ၏ မဟေသီ" စာအုပ်သည် လူကြိုက်များ၍ အကြိမ်ကြိမ်ပြန်လည်ထုတ်ဝေရသော စာအုပ်ဖြစ်သည်။ ယင်းစာအုပ်ကို ဆရာပါရဂူသည် အိပ်ခ်ျဖိလဒင်းဟော (H.Fielding Hall) ရေးသည့် Thibaw's Queen ကို မြန်မာပြန်ဆို ထားခြင်းဖြစ်သည်။ ဖိလဒင်းဟောသည် မြန်မာနိုင်ငံသို့ သီပေါမင်းတရားပါတော်မမူခင်ကပင် ရောက်ရှိနေသည်။ သူ၏စာများအရ သိရသည်မှာ သူသည် မြန်မာနိုင်ငံသို့ မလာမီ အိန္ဒိယ၌ (၆) နှစ်တာမျှ နေခဲ့ဖူးလေသည်။ သူ၏စာများထဲတွင် မကြာခဏ သူ၏အတွေ့အကြုံများကို အခြေခံပြီး မြန်မာပြည်နှင့် အိန္ဒိယကို နှိုင်းယှဉ်ရေးသားထားသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံသို့ မည်သို့မည်ပုံစတင်ရောက်လာသည်ကို မသိရသော်လည်း အထက်မြန်မာနိုင်ငံသို့ ရောက်ရှိသွားခြင်းမှာမူ ဘုံဘေဘားမား သစ်ကုမ္ပဏီအမှုဆောင်တစ်ဦးအဖြစ်ဖြင့် ရောက်ရှိသွားခြင်းဖြစ်သည်။ အင်္ဂလိပ်တို့သည် နယ်ချဲ့လိုသောကြောင့် မြန်မာနိုင်ငံကို [...]

Read more of this post