မောင်ရင်ငတေ မတ်လ ၁၅၊ ၂၀၁၃ ● ပြင်သစ်ပြည်သို့ ဒုတိယဝင်ပေါက် ပြင်သစ်ပြည်ရဲ့ အဓိကအကျဆုံးဝင်ပေါက်ဖြစ်သလို ပါရီမြို့တော်ရဲ့ အရေးအပါဆုံးဝင်ပေါက်ဖြစ်တဲ့ L'aéroport Paris Charles-de-Gaulle ရှားလ်တဂိုရ်လေဆိပ်အကြောင်း အချက်အလက် တော်တော်များများကို ဟိုအရင်တပတ်က ရေးသားခဲ့ပါတယ်၊ ပြီးပြည့်စုံတယ်လို့ မပြောနိုင်ပေမဲ့ အတော်အသင့်တော့ သိရှိသွားနိုင်မယ်ထင်ပါတယ်၊ ဒီရှားလ်ဒဂိုးရ် လေဆိပ်ပြီးရင် ပြင်သစ်ပြည်ရဲ့ ဒုတိယအရေးပါဆုံး ဝင်ပေါက်တပေါက်ကတော့ ပါရီမြို့တောင်ဘက် ၁၄ ကီလိုမီတာ ၈ မိုင်ခန့် အကွာမှာတည်ရှိတဲ့ L'aéroport de Paris-Orly အော်လီလေဆိပ်ဘဲ ဖြစ်ပါတယ်၊ L'aéroport de Paris-Orly ဒီလေဆိပ်ကတော့ ရှားလ်တဂိုးရ်လေဆိပ် မတည်ဆောက်မီ ၁၉၆၄ ခုနှစ် ပတ်ဝန်းကျင်လောက်ထိ ပြင်သစ်နိုင်ငံရဲ့ အဓိကအကျဆုံးဝင်ပေါက် ဖြစ်ခဲ့တာပါ၊ ယနေ့အချိန်ကာလမှာတော့ ဒီလေဆိပ်မှာ ပြည်တွင်းခရီးစဉ်တွေက အဓိကဖြစ်သလို [...]

Read more of this post