ဂီတပညာရှင်ကြီး ဒေါ်မာမာအေး အမေရိကန်သို့ ပြန်လည်ရောက်ချိန် စကားစမြီ မိုးမခအထောက်တော် ၀၀၂၊ မတ် ၁၁ လွန်ခဲ့သည့် မတ်လဆန်းက ဂီတပညာရှင်ကြီး အဆိုတော် ဒေါ်မာမာအေးသည် သူ၏ဒုတိယအိမ်ဖြစ်သည့် အမေရိကန်ပြည်ထောင်စု၊ ဖို့ဝိန်းမြို့တော်သို့ ပြန်လည်ရောက်ရှိပြီ ဖြစ်သည်။  ၁၀စုနှစ် တစုစာ ဝေးကွာနေခဲ့သော မွေးရပ်မြေ မြန်မာပြည်သို့ မိသားစုများ၊ ပရိသတ်များနှင့် တွေ့ဆုံရန် ဒီဇင်ဘာ လဆန်းပိုင်းက စတင်ပြီး ၃ လတာ ခရီးထွက်ခဲ့ရာမှ ပြန်လည် ရောက်ရှိလာခြင်းဖြစ်သည်။ ရောက်ရောက်ချင်းမှာပင် ၂ ညခန့် အိမ်မှာပဲ အချိန်ကုန်နေရကြောင်း၊ ပြင်းထန်သော ဆောင်းရာသီက ကြိုဆိုနေသဖြင့် အပြင်သို့မထွက်နိုင်ဘဲ အိမ်မှာပဲ ရန်ကုန်ပြန် မြန်မာစားစာရာများနှင့် အဟာရဖြည့်နေခဲ့ရကြောင်း ဒေါ်မာမာအေးက မိုးမခကို ပြောကြားသည်။ မြန်မာပြည်သို့ ပြန်ရောက်စဉ်အတွင်း ဘာသာရေးခရီးအဖြစ် ပုဂံသို့ [...]

Read more of this post