သန်းဝင်းလှိုင် မတ်လ ၈၊ ၂၀၁၃ ဒေါက်တာဂျွန်အက်ဗင်နီဇာမတ်သည် မင်းတုန်းမင်းတရား၊ သီပေါမင်းတို့နှင့် ရင်းနှီးသော ခရစ်ယာန်ရေဖျန်းဂိုဏ်းမှ သာသနာပြုပုဂ္ဂိုလ်ဖြစ်လေသည်။ သို့ရာတွင် ဒေါက်တာမတ်သည် ပညာရေးဘက်၌ အထူးအာရုံစိုက်ဆောင်ရွက်ခဲ့သူဖြစ်သဖြင့် မြန်မာ့ပညာရေးသမိုင်းနှင့် ပို၍ ဆက်စပ်ထင်ရှားနေပေသည်။ စင်စစ်အားဖြင့်လည်း ဒေါက်တာမတ်သည် အစအဦးတွင် မြန်မာနိုင်ငံ၌ ပညာရေးလုပ်ငန်းကို ဆောင်ရွက်ရန် ရေဖျန်းဂိုဏ်းမှ စေလွှတ်ချက်အရ မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ထိုစဉ်က မင်းညီမင်းသားများနှင့် ပြည်သူအပေါင်းတို့ က ကြည်ညိုလေးစားခြင်းကို ခံခဲ့ရသော ကျောင်းဆရာကြီးဖြစ်သောကြောင့် ဒေါက်တာမတ်ကို မြန်မာတို့က "ဆရာမှတ်ကြီး" ဟူ၍ ခေါ်ဝေါ်ခဲ့ကြသည်။ ဆရာမှတ်သည် ခရစ် ၁၈၃၂ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် အင်္ဂလန်ပြည် လန်ဒန်မြို့၌ ဖွားမြင်ခဲ့သည်။ ၄င်းသည် ယဟူဒီ (ဂျူး) မျိုးရိုး အဆက်အနွယ်မှ ဆင်းသက်လာသူဖြစ်သည်။ [...]

Read more of this post