ကေသွယ် မတ်လ ၂၈၊ ၂၀၁၃ နွေအရင့်မှာ ကြည်နူးသင့်လှတဲ့ ပိတောက်ပွင့် တ၀င့် အစိမ်း အသစ် အဆင့်ဆင့်တွေ ကြားက  ပြည်သူ့ခေါင်းဆောင် အ၀ါရောင်။ မီးခိုးရောင် ကောင်းကင်အောက်မှာ သူဘာတွေ တွေးနေမလဲ… ငါတို့ ဘာကို ငေးနေမိသလဲ…. ကောင်းကင်ပေါ်ကို ထိုးတက်သွားတဲ့ စစ်တိုက်လေယဉ်ကြီးတွေ မျှော်လင့်ခြင်းတွေ ကို ယူဆောင် - အပြီးဆောင်ယူသွားလေမလား… စစ်ဖျက်တင့်ကားကြီးတွေ ခြေသံလုံလုံနဲ့ တရွေ့ရွေ့ စီးဆင်း အာရုံတွင်း ကို ချင်းနင်းတိုးဝင်လာပြန်တယ်… ကြီးမားထွားကျိုင်းတဲ့  ၀ိညဉ်မဲ့  စစ်သူကြီးသုံးယောက်ကနေ သေးကွေးကျူံလှီ  ခေါဘဏီ သုံးသိန်းစီထဲ ဘယ်လို ၀ိညဉ်တွေ သွန်းလောင်းပေးခဲ့လေသလဲ… မိုးကုပ်စက်ဝိုင်းထက်မှာ ရဲတံခွန်တွေ တဖျပ်ဖျပ် လွင့်နေပုံက ရင်တွေ တလှပ်လှပ် ခုန်လာတယ် အခုနေများ… ဟိုးအရင် [...]

Read more of this post