ထိုင်းနိုင်ငံ၊ မဟာချိုင်၊ ရွှေတွံတေးဆရာတော်က မိတ္ထိလာပဋိပက္ခအရေး မေတ္တာရပ်ခံ မိုးမခ၊ မတ် ၂၃၊ ၂၀၁၃            ရွှေတွံတေးဆရာတော်က ယခုဖြစ်ပွါးနေသော မိတ္ထီလာပဋိပက္ခသည် ၁ ဦးချင်း လူမှုရေး အဆင်မပြေမှုမှစခဲ့သည့်အတွက် ပုဂ္ဂလိကအပြစ်ရှိသူကို ထိထိရောက် အရေးယူပေးဖို့သာ ကောင်းတယ်။ ၁ ဘက်နှင့် ၁ဘက် အင်အားပြဖြေရှင်းရင် လူမျိုးရေးဘာသာရေး ပဋိပက္ခ ဖြစ်လာမယ်။  နိုင်ငံတော်ရဲ့ လက်ရှိအခြေအနေမှာ ဒီလိုပဋိပက္ခ မဖြစ်အောင် ၀ိုင်းဝန်းတားဆီးပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ဘာသာရေးခေါင်းဆောင်တွေရော ဘာသာဝင်တွေပါ  ငြိမ်းချမ်းရေးကိုရှေ့ရှု စဉ်စားဆောင်ရွက်ပေးပါ။ အာဏာပိုင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ တွေ တရားတဲ့စိတ်နဲ့ မျှမျှတတ ပြဿနာ ဖြေရှင်းဖို့၊ ပဋိပက္ခငြှိမ်းဖို့ မေတ္တာရပ်ခံပါတယ်။"         စသဖြင့်မိန့် ကြားခဲ့သည်။

Read more of this post