သန်းဝင်းလှိုင် မတ်လ ၂၊ ၂၀၁၃ ● ဖက်ဒရယ်မူဆွေးနွေးပွဲ ဒုတိယနေ့ ဖက်ဒရယ်မူဆွေးနွေးပွဲကို ဒုတိယနေ့အဖြစ် ၁၉၆၂ မတ်လ ၁ ရက်နေ့ ည ၆ နာရီတွင် ပြန်လည်ကျင်းပခဲ့သည်။ ဒုတိယနေ့ ဆွေးနွေးပွဲ၌ သဘာပတိ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက ပြောကြားရာတွင် ယခုနှီးနှောဖလှယ်ပွဲတွင် ပြောကြားမည့်စကားများသည် အလွန်အရေးကြီးသည့် စကားများဖြစ်၍ တစ်နေ့တည်းနှင့် အပြီးပြောလိုက်လျှင် အကျိုးရှိမည်မထင်ကြောင်း၊ ကိုယ်စားလှယ်တော်များပြောမည့် စကားများကို နားထောင်နေကြသည့် အခြားကိုယ်စားလှယ်တော်ကြီးများနှင့် တိုင်းပြည်ကပါ အချိန်ယူ၍ လေ့လာရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ယနေ့တွင် ပမညတနှင့် ဖဆပလမှ ကိုယ်စားလှယ်တစ်ဦးစီသာ ပြောကြားရန်နှင့် လာမည့် မတ်လ (၇) ရက်နေ့တွင် နှီးနှောဖလှယ်ပွဲကို ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသွားသည်။ ထို့နောက် အစီအစဉ်အရ ပထမဆုံးအလှည့်ကျသည့် ပမညတ ကိုယ်စားလှယ် [...]

Read more of this post