မြန်မာပြည်က ၀တ္ထုရေးတဲ့ စာရေးဆရာ ဆောင်းဝင်းလတ် အမေရိကန်ရောက်ပြီ မိုးမခအထောက်တော် ၀၀၂၊ မတ် ၁၅၊ ၂၀၁၃ မြန်မာပြည်တွင် ၀တ္ထုတိုစာရေးဆရာတဦးအဖြစ် ထင်ရှားသူ စာရေးဆရာ ဆောင်းဝင်းလတ်နှင့် ဇနီးသည်တို့သည် သားသမီးများနှင့်အတူ နေထိုင်ရန်အတွက် အမေရိကန်ပြည်သို့ ပြောင်းရွှေ့လာပြီ ဖြစ်သည်။ မိနီဆိုးတားပြည်နယ်တွင် နေထိုင်ရန် မတ်လပထမပတ်ခန့်ကို ရောက်ရှိလာသည်ဟု သိရသည်။ အမေရိကန်ပြည်၊ မီချီကန်ပြည်နယ်တွင် နေထိုင်သည့် ကဗျာဆရာ အောင်ဝေးက ဆောင်း ရောက်ပြီဟု သူ့ဖေစ်ဘွတ်ကနေ ထုတ်ပြန်ပြီး မိတ်ဆွစာရေးဆရာကို ကြိုဆိုလိုက်သည်။ ဆရာဆောင်းဝင်းလတ်က မိုးမခသို့ ပြောကြားရာတွင် မိမိ၏ စာရေးသားခြင်းကို ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။ မဂ္ဂဇင်းအချို့နှင့် အပတ်စဉ်ဂျာနယ်များတွင် အဆက်မပြတ်ရေးသားဆဲဖြစ်သည်ဟု သိရသည်။ ၁၉ ၇၃ ခုနှစ်ကတည်းက ယခုအထိ စာရေးသားခြင်းဖြင့် အသက်မွေးခဲ့သည့် [...]

Read more of this post